ဘင်္ဂလားဒေ့ရှ်မှ ချင်းဒုက္ခသည်များအား နေရပ်ပြန်မပို့ရန် မီဇိုရမ်တွင် ဆန္ဒပြ

ဇန်နဝါရီ ၉၊ ချင်းဂျာနယ် ဘင်္ဂဘားဒေ့ရှ်အစိုးရတပ်နှင့် ကူကီးချင်းအမျိုးသားတပ်မတော် (KCNA) အကြား တိုက်ပွဲကြောင့် နေရပ်စွန့်ခွာထွက်ပြေးလာကြသော ဘောမ်ချင်းနှင့် ကူကီးချင်း စစ်ဘေးဒုက္ခသည်များအား နေရပ်ပြန်မပို့ရန် Central Young Mizo Association (CYMA) ဦးဆောင်မှုဖြင့် ယနေ့တွင် မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့၌ ဆန္ဒထုတ်ဖော်ကြပါတယ်။

ဘင်္ဂဘားဒေ့ရှ်အစိုးရတပ်ရဲ့ စစ်ရေးစစ်ဆင်မှုကြောင့် ၂၀၂၂ခုနှစ် နှစ်ကုန်ပိုင်းကစလို့ ချင်းဒုက္ခသည်ရာချီ မီဇိုပြည်နယ်သို့ထွက်ပြေးလာကြပြီး ယခုနှစ် ဇန်နဝါရီလအထိ ဒုက္ခသည်တွေ ဆက်လက်၀င်ရောက်လာကြတယ်လို့ မီဇိုရမ်သတင်းများက ဖော်ပြထားပါတယ်။

မီဇိုရမ်သို့ ၀င်ရောက်လာသော ဘင်္ဂလားဒေ့ရှ် ချင်းဒုက္ခသည်များကို နယ်စပ်၌ အန္ဒိယတပ်ဖွဲ့က အစာရေစာ‌တွေပေးပြီး ကူညီပေးတာတွေရှိသလို မီဇိုအမျိုးသားတပ်ဦး (MNF) နှင့် CYMA က နေရာထိုင်ခင်းနှင့် စာနပ်ရိက္ခအတွက် ဆက်လက်ကူညီဆောင်ရွက်ပေးကြပါတယ်။

မီဇိုလူမျိုးတွေဖြစ်ကြသည့် ဘင်္ဂလာဒေ့ရှ်ဖက်က စစ်ဘေးဒုက္ခသည်တွေကို မီဇိုရမ်အစိုးက ထိရောက်စွာကူညီရန်နှင့် လုံခြုံမှုမရှိသည့် ၎င်းတို့နေရပ်သို့ ပြန်မပို့ရန် CYMA ဦးဆောင်မှုဖြင့် ဆန္ဒထုတ်ဖော်တောင်းဆိုခြင်းဖြစ်သည်။