လေကြောင်း တိုက်ခိုက်မှုကြောင့် CNF/A ပြင်ပလူနာဆောင်ထိခိုက်ပျက်ဆီး

ယနေ့ ညနေပိုင်း ၄း၅၀ အချိန်ခန့်တွင် စစ်ကောင်စီတပ်မှ CNF Headquarters, Camp Victoria ကို ဒုတိယအကြိမ် တိုက်လေယဉ်များဖြင့် ထပ်မှံ ဗုံးကြဲခဲ့ရာ ပြင်ပလူနာဆောင်ထိခိုက်ပျက်ဆီးသွားကြောင်း သိရပါတယ်။

အဆိုပါပြင်ပလူနာဆောင်သည် နီးစပ်ရာကျေးရွာများမှ အများပြည်သူ လူနာများအား လက်ခံကုသပေးသည့် နေရာဖြစ်ကြောင်း Chinland Information Center က ထုတ်ပြန်သည်။

ယနေ့ညနေပိုင်း လေကြောင်းတိုက်ခိုက်မှုတွင် Camp Victoria ရှိ နေအိမ်အချို့ ထိခိုက်ပျက်စီးသွားကြောင်းလည်း ဖော်ပြထားသည်။ လူထိခိုက်သေဆုံးမှု ရှိမရှိ မသိရှိရသေးပေ။