စကစတပ်ဖွဲ့၀င် ၄ဦး CDF-Zophei ထံသို့ လက်နက်များနှင့် အလင်း၀င်
ချင်းပြည်နယ်၊ ဟားခါးမြို့အခြေဆိုက် စကစ ၂၆၆ တပ်ရင်းမှ တပ်သား ၃ဦးနှင့် ဟားခါးမြို့မရဲစခန်းမှ ရဲတပ်သားတစ်ဦးတို့သည် လက်နက်နဲ့ စစ်အသုံးဆောင်ပစ္စည်းများနှင့် CDF-Zophei ထံသို့ အလင်း၀င်ခဲ့ကြကြောင်း သတင်းရရှိသည်။ စကစ ၂၆၆ တပ်ရင်းမှ တပ်သား ဇင်ကိုထက်၊ အောင်ဖြိုးမင်းနှင့် သက်နိုင်ထွန်းတို့သည် ယခုနှစ် စက်တင်ဘာလတွင် သေနက် ၂လက်၊ လက်ပစ်ဗုံး ၃ခုနှင့် ကျည်ဆံ ၇၀၀ကျော်ယူဆောင်ကာ CDF-Zophei ထံသို့ ခိုလှုံခဲ့ကြသည်။ ဟားခါးမြို့မရဲစခန်းမှ ရဲတပ်သား အောင်ထန်း လည်း G3 သေနက်တစ်လက်၊ ကျည်ဆံ ၁၃၀ ကျော်၊ ကြည်ကာတစ်စုံနှင့် အခြားရဲအသုံးအဆောင်ပစ္စည်းများနှင့် ယခုနှစ် နို၀င်ဘာလ ၁၅ရက်နေ့တွင် CDF-Zophei ထံသို့ ရောက်ရှိခဲ့ကြောင်း သိရသည်။ CDM ပြုလုပ်ပြီး ပြည်သူနှင့်ပူးပေါင်းလာကြသည့် စကစ […]
သိက္ခာတော်ရ ဆရာတော်ကို စကစက အလုပ်ကြမ်းနှင့် ထောင်ဒဏ်နှစ် ၂၀ ချ
မန္တလေးမြို့၊ ဖလမ်းနှစ်ခြင်းခရစ်ယာန်အသင်းတော်မှ သင်းအုပ်ဆရာတော်ကြီး သိက္ခာတော်ရဆရာ သျှန်းလျှန်ဆန်း (Rev- Thian Lian Sang) ကို စစ်ကောင်စီက ယမန်နေ့ဒီဇင်ဘာလ ၇ ရက်နေ့က အလုပ်ကြမ်းနှင့် ထောင်ဒဏ် နှစ် ၂၀ ကျော် အမိန့်ချမှတ်လိုက်သည်ဟု သိရသည်။ သိက္ခာတော်ရဆရာ သျှန်းလျှန်ဆန်းကို စစ်ကောင်စီတပ်ဖွဲ့က ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့က မန္တ လေးမြို့နေအိမ်တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ယခုနှစ်ဇွန်လ ၁၅ ရက်နေ့က ပုဒ်မ ၅၀၅(က) ဖြင့်အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ နှစ်ချမှတ်ခဲ့ပြီးနောက် ဒီဇင်ဘာလ ၇ ရက်နေ့တွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ၄၉ (က) ဖြင့်အလုပ်ကြမ်းနှင့် ထောင်ဒဏ် နှစ် ၂၀ ထပ်မံချမှတ်ကာ စုစု ပေါင်းထောင်ဒဏ် […]
CDF-Thantlang ထိန်းချုပ်နယ်မြေတွင် အုပ်ချုပ်ရေးမှူးများ တွေ့ဆုံပွဲကျင်းပ
ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်၊ CDF-Thantlang ထိန်းချုပ်နယ်မြေအတွင်းရှိ ကျေးရွာအုပ်ချုပ်ရေမှူးများနှင့် ထန်တလန်မြို့နယ်အုပ်ချုပ်ရေးအဖွဲ့မှ တာ၀န်ရှိသူများတွေ့ဆုံပွဲကို နို၀င်ဘာလာ ၂၉ရက်နေ့မှ ၃၀ ရက်နေ့အထိကျင်းပခဲ့ကြောင်း သိရှိရသည်။ လမ်းပန်းဆက်သွယ်ရေး၊ တရားစီရင်ရေး၊ ရဲတပ်ဖွဲ့၊ ကျန်းမာရေးနှင့် ကျေးရွာအတွင်းအုပ်ချုပ်ရေးလုပ်ငန်းများ မှန်မှန်ကန်ကန်လည်ပက်နိုင်အောင် အဓိကထားပြီး ဆောင်ရွက်ခဲ့ကြောင်း ထန်တလန်မြို့နယ်အုပ်ချုပ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ကျေးရွာအုပ်ရေးမှူးများကို လူထုမှဒီမိုကရေစီနည်းလမ်းအတိုင်းရွေးချယ်ရပြီး တာ၀န်ထမ်းဆောင်ချိန် သက်တမ်းတစ်နှစ်ချမှတ်ထားပါတယ်။ ထန်တလန်မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ကို နို၀င်ဘာလ ၂၀၂၁ ခုနှစ်တွင် CDF-Thantlang ထိန်းချုပ်နယ်မြေအတွင်းရှိ ကျေးရွာ ၅၁ မှာ စတင်ဖွဲ့စည်းခဲ့ပြီး ယခုနှစ် နို၀င်ဘာလတွင် သက်တမ်းတစ်နှစ်ပြည့်ခဲ့ပြီဖြစ်သည်။
စစ်ကောင်စီတပ်သားများ ရမ်းသမ်းပစ်ခတ်လို့ အမျိုးသမီးတစ်ဦး ကျည်ထိဒဏ်ရာရ
မနေ့ နို၀င်ဘာ ၇ရက် ညပိုင်း ၈နာရီခွဲခန့်တွင် ဟားခါးမြို့၊ ဟားခါးထာရ်ရပ်ကွက်ရှိ ၆-လမ်းဆုံ စစ်ဆေးရေးဂိတ်တွင် တာ၀န်ကျသော စစ်ကောင်စီတပ်သားများက သေနက်ရမ်းသမ်းပစ်ခတ်လို့ အသက် ၆၀နှစ် ဒေါ်ဖာရ်ကြန် ကျည်ထိဒဏ်ရာရရှိပြီး ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သတင်းရရှိသည်။ “ဂိတ်စောင့် စစ်သားတွေ အရက်မှုးပြီး ရမ်းသမ်းပစ်ခတ်တာထင်တယ်။ ရပ်ကွက်အတွင်း လူနေအိမ်တွေ ထိသွားတယ်။ အိမ်ထဲမှာနေတဲ့ အမျိုးသမီးတစ်ဦး ကျည်ထိပြီး ဆေးရုံပို့ထားတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ စစ်ကောင်စီတပ်သားများက သေနက်ရမ်းသမ်းပစ်ခတ်နေချိန်တွင် ဟားခါးမြို့၌ တိုက်ပွဲဖြစ်ပွားခြင်း မရှိဘူးလို့ သိရပါတယ်။ နို၀င်ဘာ ၆ရက်နေ့တွင်လည်း ဟားခါးမြို့၊ ဈေးသစ်ရပ်ကွက်၊ ကညနရုံးအနီးတွင် စစ်ကောင်စီတပ်သားများက ဆိုင်ကယ်စီးလာသော သာမန်အမျိုးသားတစ်ယောက်အား တားဆီးပြီး CNA တပ်ဖွဲ့၀င်ဟုစွပ်စွဲကာ ရိုက်နှပ်ခဲ့သည်။ စစ်ကောင်စီတပ်သားများက အဆိုပါအမျိုးသားအား သွားတစ်ချောင်းကျိုးသွားသည့်အထိ ရိုက်နှပ်ပြီးနောက် […]
ဟားခါး-ထန်တလန်အကြားမှာ စကစတပ်က တိုက်လေယာဉ် ၂စင်းနဲ့ ဗုံးကြဲတိုက်ခိုက်
ယနေ့ နို၀င်ဘာ ၇ရက်၊ မွန်းလွဲပိုင်း ၂နာရီခန့်က ဟားခါး-ထန်တလန်အကြားတွင် စစ်ကောင်စီတပ်က တိုက်လေယာဉ် ၂စင်းနဲ့ CNA နှင့် CDF ပူးပေါင်းတပ်ဖွဲ့၀င်များကို ဗုံးကြဲတိုက်ခိုက်သွားကြောင်း သိရပါတယ်။ “ဟားခါးမြို့ကနေတောင် ဗုံးသံတွေ ကျနော်တို့ကြားရတယ်။ အနည်းဆုံး ၃ကြိမ် ဗုံးကြဲသွားတယ်။ တတိယအကြိမ်က ပိုပြင်းထန်တယ်” လို့ ဟားခါးမြို့သစ်ဒေသခံတစ်ဦး ကပြောပါတယ်။ စစ်ကောင်စီတပ် ဗုံးကြဲသွားသောနေရာသည် ဟားခါး-ထန်တလန်အကြား Tenuar တောင်အနီးတစ်ဝိုက်ဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့၀င်များ ထိခိုက်မှုရှိမရှိ မသိရှိရသေးပေ။ မနေ့ နို၀င်ဘာ ၆ရက်က စစ်ကောင်စီတိုက်လေယာဉ်ယာဉ်တစ်စင်း ဟားခါး-ထန်တလန်အကြား ကောင်းကင်ယံတွင် တစ်ခေါက်ပျံသန်းခဲ့ပြီး ယနေ့တွင် လေယာဉ် ၂စင်းနဲ့ လာရောက်ဗုံးကြဲတိုခိုက်ခြင်း ဖြစ်သည်။ အောက်တိုဘာလ လကုန်ပိုင်းတွင်လည်း စစ်ကောင်စီတပ်က ဟားခါး-ထန်တလန်အကြားတွင် တိုက်လေယာဉ်တစ်စင်းဖြင့် တစ်နေ့တည်း ၃ကြီမ် ဗုံးကြဲတိုက်ခဲ့မှုပြုလုပ်ခဲ့သည်။ အဆိုပါ […]
နှစ်ပတ်ခန့် လျှပ်စစ်မီးမလာသည့် ဟားခါးမြို့မှာ အခက်ခဲပိုများလာ
နှစ်ပတ်ခန့် လျှပ်စစ်မီး ပျက်တောက်သွားသော ချင်းပြည်နယ်၊ ဟားခါးမြို့မှာ အင်တာနက်၀ိုင်ဖိုင်များ ပုံမှန်၀န်ဆောင်မှု မပေးနိုင်တော့သည့်အပြင် မိုဘိုင်းဖုန်းအသုံးပြုနိုင်ရေးနှင့် နေ့စဉ်ချက်ပြုတ်ရေးအပိုင်းမှာ ပိုမိုခတ်ခဲလာတယ်လို့ မြို့ခံတွေက ပြောကြပါတယ်။ “လျှပ်စစ်မီးပျက်သွားတော့ သုံးနေကျ ဝိုင်ဖိုင်တွေလည်းပျက်ကုန်တယ်။ ဖုန်းအားသွင်းဖို့အတွက် တောတောခတ်ခဲလာတယ်။ မီးစက်ရှိတဲ့တွေအိမ်တွေမှာ သွားသွင်းရတယ်။ ဒါပေမယ့် အခု ဆီဈေးလည်းကြီးတော့ သူများအိမ်မှာ ပုံမှန်ဖုန်းအားသွားသွင်းဖို့လည်း မဖြစ်နိုင်ဘူး။ ဝိုင်ဖိုင်မရတော့ ဈေးအဆမတန်ကြီးလာတဲ့ ဖုန်းဒေတာတွေကို ချွေတာသုံးရတယ်” လို့ မြို့ခံတစ်ဦးက ပြောပါတယ်။ နေ့စဉ် ချက်ပြုတ်ရေးအတွက် မီးသွေးကို ဈေးတစ်ဆပေး ၀ယ်ရပြီး ညမီးထွန်ဖို့ ဖယောင်းတိုင်တွေလည်း ဈေးမြင့်တက်လာတယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။ “မီးပုံမှန်ရတုန်းက မီးသွေးတစ်အိတ်ကို တစ်သောင်းလောက်နဲ့၀ယ်ရတယ်။ အခုတော့ တစ်အိတ်ကို နှစ်သောင်းနဲ့တောင်ပုံမှန် ၀ယ်စရာသိပ်မရှိတော့ဘူး။ အရင်ဖယောင်းတိုင် တစ်ထုတ်ကို တစ်ထောင်လောက်နဲ့၀ယ်ရတာ အခုတော့ ၁၅၀၀ အထိဈေးတက်သွားပြီ” […]
“မသောက်မိသော မိုးခါးရေ” ရုပ်ရှင်ဇာတ်လမ်း မီဇိုရမ်တွင်ပြသ
မြန်မာ့ရုပ်ရှင်ဒါရိုက်တာ ကိုပေါက်မှ ပုံဖော်ဖန်တီးထားသော “မသောက်မိသော မိုးခါးရေ” ရုပ်ရှင်ဇာတ်လမ်းကို အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့တွင် ယနေ့အောက်တိုဘာလ ၂၉ ရက်နေ့တွင် ပြသခဲ့ကြသည်။ ယင်းအစီစဉ်ကို မီဇိုရမ်ပြည်နယ်အခြေစိုက် မြန်မာအရေးတက်ကြွလှုပ်ရှားသူများ၊ စစ်ဘေးရှောင်ကူညီရေးအဖွဲ့ အစည်းများမှ ပူးပေါင်စီစဉ်ဆောင်ရွက်ခြင်းဖြစ်ပြီး အိုင်ဇောလ်မြို့ Dawrpui Multipurpose ခန်းမတွင် ယနေ့ မွန်းလွဲပိုင်း တစ်နာရီတွင် ပြသခဲ့ကြပြီး လာရောက်ကြည့်ရှုသူ ပရိတ်သတ် ၅၀၀ ဝန်းကျင်ခန့်ရှိခဲ့သည်။ ယနေ့ရုပ်ရှင်ပြပွဲတွင် အမျိုးသားညီညွတ်ရေးအစိုးရ NUG လူကယ်ပြန် ဒုဝန်ကြီး ဒေါက်တာငိုင်းတမ်မောင်း၊ NUG ၏ အိန္ဒိယနိုင်ငံဆိုင်သံကိုယ်စားလှယ် ဆလိုင်းအိုက်ဇက်ခင်တို့ က တော်လှန်ရေးအမှာစကားများပြောကြားခဲ့သည်။ ယင်းရုပ်ရှင်ဇာတ်လမ်းတိုကို စစ်အာဏာရှင်စနစ်ကိုဆန့်ကျင်တော်လှန်သူ အနုပညာရှင်တစ်ဦးဖြစ်သည့် ဒါရိုက်တာ ကိုပေါက်က တောတွင်းတနေရာမှာ အိုင်ဖုန်းတလုံးဖြင့် ရိုက်ကူးထားခြင်းဖြစ်ပြီး CDM စစ်ဗိုလ်တစ်ဦး၏ ဖြစ်ရပ်မှန်ကို အခြေခံရိုက်ကူးထားသော […]
ဟားခါးမြို့ စစ်ကောင်စီလက်အောက်ခံ ပြည်နယ်စာရင်းစစ်ချုပ်ရုံး မီးလောင်
အောက်တိုဘာ ၂၂ရက်၊ ည ၁၀ နာရီခွဲခန့်က ဟားခါးမြို့၊ ဈေးဟောင်းရပ်ကွက်ရှိ မြို့မရဲစခန်းအနီးက စစ်ကောင်စီလက်အောက်ခံ ပြည်နယ်စာရင်းစစ်ချုပ်ရုံး မီးလောင်သွားကြောင်း သတင်းရရှိသည်။ “မြို့မရဲစခန်းအနီးမှာရှိတဲ့ ပြည်နယ်စာရင်းစစ်ရုံးလောင်သွားတယ်။ ဘယ်သူမှလည်း ထွက်မကြည့်ရဲကြဘူး။ ဘာကြောင့် လောင်သွားလဲဆိုတာလည်း ကျနော်တို့မသိဘူး။ သေနက်ပစ်ခတ်သံ ၅ချက်လောက်ကြားရတယ်” လို့ ဈေးဟောင်းရပ်ကွက်နေလူတစ်ဦးက ပြောပါတယ်။ နံနက်ပိုင်း ၂နာရီခန့်တွင် မီးသတ်တပ်ဖွဲ့က မီးငြိမ်းသတ်နိုင်ခဲ့သော်လည်း အဆောက်အအုံအတွင်းရှိ ရုံးနဲ့သက်ဆိုင်တဲ့ အသုံးအဆောင်နဲ့ စာရွက်စာတမ်းအားလုံး ပျက်ဆီးသွားကြောင်း သိရှိရသည်။ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ဟားခါးမြို့ရှိ ခရိုင်မီးသတ်ရုံးတိုက်ခိုက်ခံရပြီး မီးသတ်ကား ၂စီး မီးလောင်ကျွမ်းခဲ့ရသလို ချင်းဦးစီးရပ်ကွက်ရှိ ဌာနဆိုင်ရာ စုပေါင်းရုံးလည်း မီးလောင်ခဲ့ပါတယ်။
ဖားကန့်လေကြောင်းတိုက်ခိုက်မှု သေဆုံးသူ တွေ့ရှိမှု ၈၀ ဝန်းကျင်ထိရှိလာ
ဖားကန့်မြို့နယ် KIA တပ်မဟာ ၉ နယ်မြေတွင် လေကြောင်းလိုင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခံရမှုကြောင့် ထိခိုက်ဒဏ်ရာရရှိထားသည့် ပြည်သူ ၁၀၀ ကျော်ကို ဆေးကုသခံယူခွင့်မရအောင် စစ်ကောင်စီတပ်မှ ယနေ့ ည ၇နာရီခွဲအထိ ပိတ်ဆို့ထားဆဲဖြစ်သည်ဟု ဒေသတွင်းသတင်းဌာန Kachin News Group (KNG) ကရေးထားပါတယ်။ ပြင်းထန် ဒဏ်ရာရရှိသူများကို ပြည်သူများကို မြစ်ကြီးနားနှင့် ဖားကန့်ဆေးရုံကြီးများတွင် ဆေးကုသပေးရန်အရေးပေါ်လိုအပ်နေသော်လည်း ဖားကန့်မြို့နယ် ကံဆီးကျေးရွာအထွက်ဂိတ်တွင် စစ်ကောင်စီတပ်မှ လူနားများကို ထွက်ခွင့်မပေးဘဲ တားမြစ်ခံထားရဆဲဖြစ်သည်ဟု လူနာများဆေးကုသခွင့်ရရှိအောင် ကြိုးပမ်းပေးနေသည့် အမျိုးသားတစ်ဦး KNG ကိုပြောသည်။ “မနက်ပိုင်းတော့ လူမှုကူညီရေးအသင်းတွေသွားညှိကြတယ် မရခဲ့ဘူး။ အဲ့ကြောင့် ဖားကန့် KBC အဖွဲ့က ဆရာကြီးအဖွဲ့တွေကိုယ်တိုင် အဲ့ဂိတ်မှာ သွားညှိကြတယ်။ မရခဲ့လို့ ပြန်ခေါက်လာကြတယ်။ ယနေ့ည မိုးချုပ်တဲ့အထိ ဘယ်လိိုမှ […]
ဟားခါး-ထန်တလန်ကြား စကစစစ်သား ၂၅ဦး ထက်မနည်း သေဆုံးဟု CNF ထုတ်ပြန်
အောက်တိုဘာ ၁၃ရက်မှ ၁၈ရက်နေ့အထိ ဟားခါး-ထန်တလန်အကြားတိုက်ပွဲတွင် စကစစစ်သား ၂၅ဦးထက်မနည်း သေဆုံးပြီး CNAနှင့် CDF ဖက်တွင် ၄ဦး သေဆုံးခဲ့ကြောင်း ချင်းအမျိုးသားတပ်ဦး CNF ကထုတ်ပြန်သည်။ ဟားခါးမြို့မှ သီမစ်ချောင်းဖက်သို စစ်ကြောင်းထိုးလာသော စကစတပ်အား CNA, CDF-Hakha, CDF-Thantlang, CDF-Lautu, CDF-Mara နှင့် CDF-Zophei တို့က ပူးပေါင်းတိုက်ခိုက်ခြင်းဖြစ်ပြီး ထန်တလန်ဖက်ကနေ လာတဲ့ စကစစစ်ကူအင်အား ၄၀ခန့်ကိုလည်း ချင်းပူးပေါင်းတပ်က ကြားညှပ်တိုက်ခိုက်ရာ စကစမှ လေကြောင်းအကူအညီနဲ့ တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။ အောက်တိုဘာ ၁၃ရက် မှ ၁၈ရက်အတွင်းတိုက်ပွဲတွင် CNA ရဲဘော် ၃ဦးနှင့် CDF-Hakha ရဲဘော် ၁ဦး ကျဆုံးသွားကြပါတယ်။