ဟာခါးမြို့ တွင်း ဆိုင်ခန်းအများအပြား ချိတ်ပိတ်ခံရ၊ ဆိုင်ရှင်များကို ရဲစခန်းသို့ခေါ်ဆောင်

CNF ဌာနချုပ်တိုက်ခိုက်ခံရမှု ၀မ်းနည်းကြောင်းပြသသည့်အနေဖြင့် ဇန်န၀ါရီ ၁၁ရက်နေ့က ဟားခါးမြို့တွင်း ဆိုင်ပိတ်ခဲ့သော ဆိုင်ခန်းအများအပြားကို စစ်ကောင်စီတပ်က ယနေ့ ဇန်န၀ါရီ ၁၂ရက်နေ့တွင် ဆိုင်ရှေ့မှာစာတွေကပ်ပြီး ချိတ်ပိတ်ကြပါတယ်။ ဇန်န၀ါရီ ၁၁ရက်နေ့တွင် ဆိုင်ပိတ်သူများကို ဆိုင်သိမ်းမည်ဟု စစ်ကောင်စီတပ်က ခြိမ်းခြောက်ခဲ့ပြီး မွန်းလွဲ ၁နာရီနောက်ပိုင်း ဆိုင်ပြန်ဖွင့်သူတစ်ချို့ရှိကြသလို မဖွင့်ဘဲ တစ်နေ့လုံး ပိတ်ထားသူတွေလည်းရှိကြပါတယ်။ ၁နာရီနောက်ပိုင်း ပိတ်ထားသောဆိုင်ခန်းများကို စစ်ကောင်စီတပ်သားများက ဓါတ်ပုံတွေလိုက်ရိုက်ခဲ့ပြီး ယနေ့တွင် စာတွေကပ်ကာ ချိတ်ပိတ်လိုက်ခြင်းဖြစ်သည်။ ချိတ်ပိတ်ခံရတဲ့ ဆိုင်ခန်းပိုင်ရှင်တွေကိုလည်း စစ်ကောင်စီတပ်ဖွဲ့၀င်တွေက ရဲစခန်းသို့ ခေါ်ဆောင်ကြပြီး ယခုအချိန်အထိ ပြန်လည်လွတ်မြှောက်လာခြင်းရှိမရှိမသိရှိရသေးပေ။ CNF ဌာနချုပ်တိုက်ခိုက်ခံရမှု ၀မ်းနည်းကြောင်းပြသမှုကြောင့် ဆိုင်ခန်းတွေချိတ်ပိတ်ခြင်းဖြင်သော်လည်း စစ်ကောင်စီတပ်သားတွေကပ်ထားသော စာထဲမှာမူ “အကြမ်းဖက်မှုကျူးလွန်းသူ တစ်ဦးကို ပုန်းအောင်းခွင့်ပေးခြင်းကြောင့်…” ဟု ရေးထားသည်ကို တွေ့ရပါတယ်။

ဟားခါး ဆိုင်မဖွင့်သူများကို ဆိုင်သိမ်းမည်ဟု စကစတပ်ဖွဲ့ ခြိမ်းခြောက်

ချင်းပြည်နယ်၊ ဟားခါးမြို့တွင်း ဈေးဆိုင်မဖွင့်သူများကို ဆိုင်သိမ်းမယ်လို့ စစ်ကောင်စီတပ်သားများက ဟားခါးမြို့တွင်း၌ ကားဖြင့်လှည့်လည် လိုက်အော်နေကြတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။ “အခု စစ်ကောင်စီတပ်သားတွေ ကားနဲ့ လိုက်အော်နေကြတယ်။ အကြမ်းဖက်အားပေးပြီး ဆိုင်မဖွင့်သူများကို ဆိုင်သိမ်းမယ် လို့ လိုက်အော်နေကြတာ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ CNF/A ဌာနချုပ် Camp Victoria လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ကျဆုံးသွားသော ရဲဘော်များအတွက် ၀မ်းနည်းကြောင်းပြသသည့်အနေနဲ့ ယနေ့ ဇန်နဝါရီ ၁၁ရက်နေ့ တွင် ဟားခါးမြို့တွင်း ဈေးဆိုင်အကုန်လုံး ပိတ်ထားကြပါတယ်။

လေကြောင်း တိုက်ခိုက်မှုကြောင့် CNF/A ပြင်ပလူနာဆောင်ထိခိုက်ပျက်ဆီး

ယနေ့ ညနေပိုင်း ၄း၅၀ အချိန်ခန့်တွင် စစ်ကောင်စီတပ်မှ CNF Headquarters, Camp Victoria ကို ဒုတိယအကြိမ် တိုက်လေယဉ်များဖြင့် ထပ်မှံ ဗုံးကြဲခဲ့ရာ ပြင်ပလူနာဆောင်ထိခိုက်ပျက်ဆီးသွားကြောင်း သိရပါတယ်။ အဆိုပါပြင်ပလူနာဆောင်သည် နီးစပ်ရာကျေးရွာများမှ အများပြည်သူ လူနာများအား လက်ခံကုသပေးသည့် နေရာဖြစ်ကြောင်း Chinland Information Center က ထုတ်ပြန်သည်။ ယနေ့ညနေပိုင်း လေကြောင်းတိုက်ခိုက်မှုတွင် Camp Victoria ရှိ နေအိမ်အချို့ ထိခိုက်ပျက်စီးသွားကြောင်းလည်း ဖော်ပြထားသည်။ လူထိခိုက်သေဆုံးမှု ရှိမရှိ မသိရှိရသေးပေ။

ဟားခါးမြို့နယ်အတွင်း စကစရွေးကောက်ပွဲကျင်းပခွင့်ပေးမှာ မဟုတ်ကြောင်း CDF-Hakha ထုတ်ပြန်

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်တွင် အာဏာသိမ်းစစ်ကောင်စီက ကျင်းပရန်ပြင်ဆင်ထားသော ရွေးကောက်ပွဲအား CDF-Hakha ကောင်စီက ပြင်းထန်စွာကန့်ကွက်ပြီး ရွေးကောက်ပွဲကျင်းပခွင့်ပေးမှာမဟုတ်ကြောင်း ထုတ်ပြန်လိုက်ပါတယ်။ ဇန်နဝါရီ ၈ရက်နေ့တွင် အာဏာသိမ်းစစ်ကောင်စီက ဟားခါးမြို့တွင်း၌ လှည့်ပက်ကာ အိမ်ထောင်စာရင်းများ ကောက်ယူမည်ဟု လိုက်လံကြေငြာခဲ့သည်။ အာဏာသိမ်းစစ်ကောင်စီ၏ ရွေးကောက်ပွဲဖြစ်‌မြှောက်ရေးအတွက် ပါ၀င်သူများကို CDF-Hakha ကောင်စီက သတိပေးထားပါတယ်။ “၎င်းရွေးကောက်ပွဲ ဖြစ်မြှောက်ရေး အတွက် ပါဝင်ဆောင်ရွက်သောရုံးနှင့်လူပုဂ္ဂိုလ်၊ ပါဝင်ယှဉ်ပြိုင်သော ပါတီနှင့်လူပုဂ္ဂိုလ်၊ မဲပေးသူ မည်သူမဆို၊ အပြစ်မဲ့ပြည်သူများကိုသတ်ဖြတ်နေသော အကြမ်းဖက်စစ်ခွေးများနှင့်အတူ ပြည်သူလူထု၏ ရန်သူများအဖြစ် သတ်မှတ်ကာ ပြင်းပြင်းထန်ထန် အရေးယူသွားမည် ဖြစ်ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီ၏ ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး လူပုဂ္ဂိုလ်တစ်ဦးဦးအား ထိခိုက်မှုတစ်စုံတစ်ရာရှိပါက တာဝန်ယူမည်မဟုတ်ကြောင်းနှင့် ၎င်းရွေးကောက်ပွဲ ဆန့်ကျင်ကန့်ကွက်သူ အဖွဲ့အစည်း/လူပုဂ္ဂိုလ်တို့နှင့် ပူးပေါင်း ဆောင်ရွက်သွားမည်” ဟု CDF-Hakha ကောင်စီ ထုတ်ပြန်ထားပါတယ်။ ယနေ့ […]

မင်းတပ်မြို့နယ်အတွင်း တိုက်ပွဲဆက်လက်ပြင်းထန်နိုင်ကြောင်း အသိပေးထုတ်ပြန်

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်အတွင်း တိုက်ပွဲများ ဆက်လက်ပြင်းထန်နိုင်တာကြောင့် မိဘပြည်သူများအနေဖြင့် ၎င်းပတ်ဝန်းကျင်များတွင် သွားလာခြင်း၊ တောင်ယာလုပ်ငန်းနှင်ြစိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်ခြင်းများ ခေတ္တ ရပ်ဆိုင်းထားရန် CDF-Mindat က အသိပေးထုတ်ပြန်ပါတယ်။ စစ်ကောင်စီတပ်အင်အား (၁၀၀)ခန့်သည် မင်းတပ်မြို့နယ်၊ အနောက်ဘက် လီလောင်းကျေးရွာမှတဆင့် တောင်ကျောများအတိုင်း စစ်​ကြောင်းနှစ်ပိုင်းခွဲ၍ ဆက်လက်ထွက်ခွာသွားကြပြီး တိုက်ပွဲများ အချိန်မရွေးဖြစ်ပွားနိုင်ကြောင်း ထုတ်ပြန်သည်။ နောက်ထပ် စစ်ကောင်စီစစ်ကြောင်းတစ်ခုသည်လည်း မင်းတပ်မြို့နယ်၊ တိုက်နယ် အမှတ် (၁) ရှိ ဝီလူးရွာသစ်နှင့် ပိန်ရိန်းရွာကြားတွင် စစ်ရေးလှုပ်ရှားမှု့များ ပြုလုပ်လျက်ရှိကြောင်း ဖော်ပြထားသည်။ လက်ရှိမှာ မင်းတပ်မြို့နယ်အတွင်း ဖုန်းလိုင်းများဖြတ်တောက်ခံထားရပါတယ်။ စစ်ကောင်စီတပ်က လေကြောင်းကင်းထောက်မှုများ စဉ်ဆက်မပြက်ပြုလုပ်လျက်ရှိပြီး ကျေးရွာများဖက်သို့ လက်နက်ကြီးများ ရမ်းသန်းပစ်ခတ်နေကြောင်း ထုတ်ပြန်ထားသည်။ ယနေ့တွင် CDF-Mindat နှင့် စစ်ကောင်စီတပ်ဖွဲ့အကြား ထိ‌တွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ယခုအချိန်ထိ နှစ်ဖက် […]

စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ထန်တလန် လူနေအိမ် ၃လုံး မီးလောင်

ယနေ့ ဇန်နဝါရီ ၅ရက်၊ ညနေ့ပိုင်းတွင် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ထန်တလန်မြို့တွင်း လူနေအိမ် ၃လုံး မီးလောင်သွားခဲ့ပါတယ်။ ညနေပိုင်း ၃နာရီခန့်တွင် စစ်ကောင်စီတပ်က တိုက်လေယာဉ်တစ်စင်းဖြင့် ထန်တလန်မြို့၊ ကျောင်းရပ်ကွက် (Sianginn Sang) လူနေအိမ်များအပေါ်သို့ ၂ကြိမ် ဗုံးကြဲတိုက်မှုပြုလုပ်ခဲ့ပြီး ထန်တလန်မြို့အနီးက Vuichip တောင်ကိုလည်း တစ်ကြီမ် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ယနေ့စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုအတွင်း CNA နှင့် CDF ပူးပေါင်းတပ်ဖက်က ထိခိုက်ကျဆုံးမှုမရှိဘူးလို့သိရပါတယ်။ နှစ်သစ်ကူး ပထမပတ်အတွင်း စစ်ကောင်စီတပ်က ထန်တလန်မြို့ရှိ ချင်းတော်လှန်ရေးတပ်ဖွဲ့၀င်များကို လေကြောင်းနဲ့ နှစ်ကြီမ် ဗုံးကြဲတိုက်ခဲ့ပြီဖြစ်သည်။ ဇန်နဝါရီ ၁ရက်နေ့ ညပိုင်း ၁၀နာရီခန့်ကလည်း စစ်ကောင်စီတပ်က ထန်တလန်အနီးရှိ Vuichip တောင်ကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ခဲ့သည်။

ထန်တလန်မြို့ကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်

ယနေ့ ဇန်နဝါရီ ၅ရက်၊ ညနေပိုင်း ၃နာရီခန့်တွင် စစ်ကောင်စီတိုက်လေယာဉ်တစ်စင်းက ထန်တလန်မြို့ကို ၃ကြီမ် ဗုံးကြဲတိုက်ခိုက်သွားကြောင်း သတင်းရရှိသည်။ “ထန်တလန်မြို့ထဲကို ၂ကြီမ် ဗုံးကြဲပြီးတော့ ထန်တလန်မြို့အနီးက Vuichip တောင်ကို နောက်တစ်တစ်ကြီမ် ကြဲသွားတယ်” လို့ အနီးနားရွာဒေသခံတစ်ဦးက ပြောသည်။ စစ်ကောင်စီတိုက်လေယာဉ် တိုက်ခိုက်မှုအတွင်း CDF နှင့် CNA ပူးပေါင်းတပ်ဖွဲ့ဖက်က ထိခိုက်ကျဆုံးမှု ရှိမရှိ မသိရှိရသေးပေ။ ထန်တလန်မြို့တွင် ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၃၀ရက်နေ့ကစပြီး ယခုနှစ် ဇန်နဝါရီလအထိ တိုက်ပွဲများဖြစ်ပွားလျက်ရှိသည်။ ဇန်နဝါရီ ၁ရက်‌နေ့က ထန်တလန်မြို့တွင်း စစ်ကောင်စီတပ် အခြေဆိုက်သည့် နေရာတစ်ခုကို CDF နှင့် CNA ပူးပေါင်းတပ်ဖွဲ့က ၀င်ရောက်တိုက်ခိုက်ခဲ့ပြီး ည ၁၀နာရီခွဲခန့်တွင် ထန်တလန်မြို့အနီးရှိ Vuichip တောင်ကို စစ်ကောင်စီတပ်က […]

ထန်တလန်မြို့၌ ၃ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွား၊ စကစဖက်ထိခိုက်သေဆုံးမှုရှိဟုဆို

၂၀၂၂ ဒီဇင်ဘာ ၃၀ရက်န့မှ ယနေ့ ဇန်နဝါရီ ၁ရက်နေ့အထိ ထန်တလန်မြို့၌ စစ်ကောင်စီတပ်ဖွဲ့နှင့် CNA/CDF-Thantlang ပူးပေါင်းတပ်ဖွဲ့တပ်ဖွဲ့အကြား တိုက်ပွဲ့ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ နံနက်ပိုင်း တိုက်ပွဲတွင် CNA နှင့် CDF-Thantlang ပူးပေါင်းတပ်ဖွဲ့က စစ်ကောင်စီတပ်သားများ တပ်ဆွဲထားသည့် မြို့တွင်းတစ်နေရာကို ၀င်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရှိရပါတယ်။ အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖက်၌ ၄ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိကြတယ်လို့ ချင်းဂျာနယ်သတင်းအရင်းအမြစ်တစ်ဦးကဆိုသည်။ ၃ ရက်တာဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း CNA နှင့် CDF-Thantlang ပူးပေါင်းတပ်ဖွဲ့၌ ထိခိုက်ကျဆုံးမှုမရှိဘူးလို့ သိရပါတယ်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုကိစ္စနှင့် ပတ်သက်ပြီး ချင်းဂျာနယ်အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်းမရှိပေ။

၂၀၂၂ခုနှစ်အတွင်း ဟားခါးမြို့နယ်မှာ အပြစ်မဲ့ပြည်သူ ၉ဦး သေဆုံးခဲ့

၂၀၂၂ခုနှစ်အတွင်း ဟားခါးမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့ရဲ့ လက်နက်ကြီးနဲ့ သေနက်ပစ်ခတ်မှုကြောင့် အပြစ်မဲ့ပြည်သူ ၉ ဦး သေဆုံးခဲ့ကြပါတယ်။ မတ်လ ၄ရက်နေ့မှာ ဟားခါးမြို့နယ်၊ ချွန်ကျုံးရွာသား ဦးရွန်ဟူး (၄၉)နှစ်အား စစ်ကောင်စီတပ်သားများက ရွာအတွင်း ၎င်းရဲ့နေအိမ်အနီး၌ ပစ်သတ်ခဲ့ကြပြီး လူနေအိမ် ၁၀၀ ကျော်ကို ဖောက်ထွင်းကာ ပစ္စည်းအများအပြားခိုးယူသွားခဲ့ကြပါတယ်။ ဇူလိုင်လ ၂၅ရက်နေ့တွင် ဟားခါးမြို့နယ်၊ နှီယာလောန်ကျေးရွာတွင် မူကြိုကျောင်းကလေးတွေ ကယ်ထုတ်ဖို့သွားရောက်တဲ့ ဆလိုင်းမန်လျန်ဆန် (၂၂)နှစ်အား စစ်ကောင်စီတပ်သားတွေက ပစ်သတ်ခဲ့ကြပါတယ်။ ဩဂုတ် ၁၀ရက်နေ့တွင် ဟားခါးစစ်ကောင်စီတပ်ပစ်ခတ်သော လက်နက်ကြီး နှီယာလောန်‌ကျေးရွာ နေအိမ်တစ်လုံးပေါ်သို့ ကျရောက်ပေါက်ကွဲပြီး ဒေါ်ချာနှဲမ် (၅၅)နှစ် သေဆုံးသွားခဲ့သည်။ ဩဂုတ် ၁၂ ရက်နေ့တွင် ဟားခါးမှ ဂန့်ဂေါ်ဖက်သို့ထွက်ခွာသော ပါဂျေရိုအိမ်စီးကားတစ်စီး ဟားခါးမြို့နှင့် ၄မိုင်ခန့်အကွာတွင် ပစ်ခက်ခံရလို့ ကလေးတစ်ယောက်မိခင် ဒေါ် […]

၂၀၂၂ ခုနှစ် ချင်းပြည်နယ်အတွင်း ကြုံတွေ့ခဲ့ရသော ဖြစ်ရပ်ဆိုးများ

၂၀၂၂ ခုနှစ်အတွင်း ချင်းဂျာနယ်သတင်းမှာ ဖော်ပြခဲ့တဲ့ ချင်းပြည်နယ်အတွင်း ဖြစ်ပျက်ခဲ့သော အပြစ်မဲ့ပြည်သူသေဆုံးမှု၊ နေအိမ်နဲ့ ဘုရားကျောင်းမီးရှိုဖျက်ဆီးခံရမှု၊ စစ်ဘေးရှောင်နှင့် စစ်ဘေးဒုက္ခသည်တွေနယ်စပ်ဖြက်ကျော်ထွက်ပြေးခဲ့ရသည့်သတင်းနှင့် အခြားမှတ်သားဖွယ်ရာသတင်းများကို စုစည်းတင်ပြထားတာဖြစ်ပါတယ်။ ချင်းဂျာနယ်မှာ တင်ဆက်ထာတဲ့သတင်းတွေသာ တင်ပြထားတာဖြစ်သည့်အတွက် ချင်းပြည်နယ်အတွင်းအခြားမြို့နယ်များက အဖြစ်ပျက်တွေကို လက်လှမ်းမမှီတာတွေလည်း ရှိနိုင်ပါတယ်။ အထူးသဖြင့် လစဉ်တိုက်ပွဲဖြစ်ပွားသည့်မြို့နယ်အပိုင်းမှာ မဖော်ပြမိတာတွေလည်း ရှိနိုင်ပါတယ်။ စစ်အာဏာရှင်လက်အောက်မှာ ၂၀၂၂ ခုနှစ်အတွင်း ချင်းပြည်သူတွေ ကြုံတွေ့ခဲ့ရတဲ့ ဖြစ်စဉ်များကို လစဉ်အလိုက် တင်ပြပေးပါတယ်။ ဇန်န၀ါရီ ဇန်န၀ါရီ ၃ရက်နေ့မှာ ထန်တလန်မြို့တွင်း လူနေအိမ်တွေ ထပ်မံမီးရှို့ခံခဲ့ရပါတယ်။ ဇန်န၀ါရီ ၇ရက်နေ့တွင် မတူပီမြို့နယ်မှာ စစ်ကောင်စီတပ်သားတွေက သတင်းထောက် ဉီးသွီးဒီမ် (၅၅)နှစ်နှင့် ၁၃နှစ်အရွယ် ကလေးတစ်ယောက် အပါအ၀င် စစ်ဘေးရှောင် ၁၀ဉီးကို လမ်းပြအဖြစ်ခေါ်ဆောင်ပြီး ရက်ရက်စက်စက်သတ်ဖြတ်ခဲ့ကြပါတယ်။ ဇန်န၀ါရီ ၂၉ရက်နေ့တွင် အိန္ဒိယ-မြန်မာနယ်စပ် […]