ဟာခါးမြို့ တွင်း ဆိုင်ခန်းအများအပြား ချိတ်ပိတ်ခံရ၊ ဆိုင်ရှင်များကို ရဲစခန်းသို့ခေါ်ဆောင်

CNF ဌာနချုပ်တိုက်ခိုက်ခံရမှု ၀မ်းနည်းကြောင်းပြသသည့်အနေဖြင့် ဇန်န၀ါရီ ၁၁ရက်နေ့က ဟားခါးမြို့တွင်း ဆိုင်ပိတ်ခဲ့သော ဆိုင်ခန်းအများအပြားကို စစ်ကောင်စီတပ်က ယနေ့ ဇန်န၀ါရီ ၁၂ရက်နေ့တွင် ဆိုင်ရှေ့မှာစာတွေကပ်ပြီး ချိတ်ပိတ်ကြပါတယ်။

ဇန်န၀ါရီ ၁၁ရက်နေ့တွင် ဆိုင်ပိတ်သူများကို ဆိုင်သိမ်းမည်ဟု စစ်ကောင်စီတပ်က ခြိမ်းခြောက်ခဲ့ပြီး မွန်းလွဲ ၁နာရီနောက်ပိုင်း ဆိုင်ပြန်ဖွင့်သူတစ်ချို့ရှိကြသလို မဖွင့်ဘဲ တစ်နေ့လုံး ပိတ်ထားသူတွေလည်းရှိကြပါတယ်။

၁နာရီနောက်ပိုင်း ပိတ်ထားသောဆိုင်ခန်းများကို စစ်ကောင်စီတပ်သားများက ဓါတ်ပုံတွေလိုက်ရိုက်ခဲ့ပြီး ယနေ့တွင် စာတွေကပ်ကာ ချိတ်ပိတ်လိုက်ခြင်းဖြစ်သည်။

ချိတ်ပိတ်ခံရတဲ့ ဆိုင်ခန်းပိုင်ရှင်တွေကိုလည်း စစ်ကောင်စီတပ်ဖွဲ့၀င်တွေက ရဲစခန်းသို့ ခေါ်ဆောင်ကြပြီး ယခုအချိန်အထိ ပြန်လည်လွတ်မြှောက်လာခြင်းရှိမရှိမသိရှိရသေးပေ။

CNF ဌာနချုပ်တိုက်ခိုက်ခံရမှု ၀မ်းနည်းကြောင်းပြသမှုကြောင့် ဆိုင်ခန်းတွေချိတ်ပိတ်ခြင်းဖြင်သော်လည်း စစ်ကောင်စီတပ်သားတွေကပ်ထားသော စာထဲမှာမူ “အကြမ်းဖက်မှုကျူးလွန်းသူ တစ်ဦးကို ပုန်းအောင်းခွင့်ပေးခြင်းကြောင့်…” ဟု ရေးထားသည်ကို တွေ့ရပါတယ်။