ဟားခါးမှာ ရဲတစ်ဦးပစ်သတ်ခံရပြီး‌ စကစတပ်ဖွဲ့က အရပ်သားတစ်ဦးကို ပစ်သတ်

မနေ့ ဇွန်လ ၉ရက်နေ့ ညနေပိုင်းတွင် ဟားခါးမြို့၌ အကြမ်းဖက်စစ်ကောင်စီရဲတပ်သားတစ်ဦး ပစ်သတ်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့၀င်များက အပစ်မဲ့အရပ်သားပြည်သူတစ်ဦးကို ပစ်သတ်သွားခဲ့ကြောင်း သတင်းရရှိပါတယ်။ ညနေပိုင်း ၅နာရီခွဲခန့်တွင် ပြည်တော်သာရပ်ကွက်၊ ၀မ္မတူးမောင်အားကစားကွင်းအနီးတွင် တော်လှန်ရေးတပ်ဖွဲ့၀င်များနဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့အကြား ပစ်ခတ်မှုဖြစ်ပွားပြီး စစ်ကောင်စီရဲတပ်သား ဦးနှီယာန်ဘိခ့် သေဆုံးခဲ့ပါတယ်။ ပစ်ခတ်မှုဖြစ်ပွားပြီးနောက်ပိုင်း ည ၇နာရီအချိန်ခန့်တွင် ပြည်တော်သာရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမဘေးတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့၀င်တွေက သာမန်အရပ်သားပြည်သူတစ်ဦးကို ပစ်သတ်သွားခဲ့ကြောင်း ဒေသခံတစ်ဦးကပြောပါတယ်။ “ညနေပိုင်း ၅နာရီခွဲလောက်မှာ ၀မ္မတူးမောင်အားကစားကွင်း၀င်ပေါက်နားမှာ ပစ်ခတ်မှုဖြစ်ပွားပြီး စကစရဲတစ်ဦး သေသွားတယ်။ သေနတ်သံတွေကြားတာနဲ့ အနီးနားက ဈေးဆိုင်တွေလည်း အကုန်ပိတ်ကြတယ်။ ဘယ်သူမှ အပြင်မထွက်ရဲကြဘူး။ ၇နာရီလောက်မှာ ဗိုလ်ချုပ်လမ်းမဖက်မှာ ပြည်သူတစ်ဦး ပစ်သတ်ခံရတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ စစ်ကောင်စီတပ်သားတွေက ပစ်သတ်သွားသော အဆိုပါအရပ်သားဟာ အသက် ၄၆နှစ်အရွယ် ဦးသောခ့်ဟဲလျန် […]

ဟားခါးမြို့မှာ ဓားပြတိုက်မှုဖြစ်ပွား၊ အမျိုးသားတစ်ဦး ဓားထိုးခံရ

ချင်းပြည်နယ်၊ ဟားခါးမြို့မှာ မေလ ၂၁ရက်နေ့ နံနက်ပိုင်း ၁နာရီခန့်က အမျိုးသား ၂ဦးက မိသားစုတစ်စုကို ခြိမ်းခြောက်ဓားပြတိုက်ပြီး ဓားပြတိုက်ခံရတဲ့ မိသားစုကို ကူညီရန်လာရောက်သော အိမ်နီးချင်းအမျိုးသားတစ်ဦး ဓားထိုးခံရလို့ ဆေးရုံတင်ခဲ့ရကြောင်း သတင်းရရှိပါတယ်။ ဟားခါးမြို့၊ ခိုင်ကမ်းအားကစားခန်းမအောက်ဖက်ရှိ Ketheibo ရပ်ကွက်တွင် နေထိုင်သော ဦးဒုအွယ်တို့ မိသားစုကို နံနက်ပိုင်း ၁နာရီခန့်က လက်ပစ်ဗုံးတစ်လုံးနဲ့ ဓားတစ်လက်ပါရှိသော အမျိုးသား နှစ်ဦးက ဓားပြတိုက်ခြင်းဖြစ်ပြီး ဦးဒုအွယ်တို့ မိသားစုက အော်ဟစ်အကူအညီတောင်းလို့ ကူညီရန်လာရောက်သော အိမ်နီးချင်း ဦးကပ်ခေါမ်ကို ဓားပြတိုက်သူ နှစ်ဦးထဲမှ တစ်ဦးက လည်ပင်း၌ ဓားဖြင့်ထိုးခဲ့ပါတယ်။ ဓားပြ နှစ်ဦးက ဦးဒုအွယ်တို့မိသားစုရဲ့ ငွေသား၊ ဖုန်းနဲ့ အဖိုးတန်ရွှေများ လုယူသွားကြောင်း ဒေသခံတစ်ဦးက ပြောပါတယ်။ “နံနက်ပိုင်း ၁နာရီလောက်မှာ ဖြစ်သွားတာပါ။ ကျပ် […]

မာလ်ဆောမ်ရွာ လူနေအိမ်ပစ္စည်းများကို စကစ တပ်မ (၇၇) က ခိုးယူဖျက်ဆီး

ဟားခါးမြို့နယ်၊ မာလ်ဆောမ်ကျေးရွာအတွင်းရှိ လူနေအိမ်များကို အကြမ်းဖက်စစ်တပ်၏ တပ်မ (၇၇) တပ်သားတွေက ဖောက်ထွင်းပြီး အိမ်ထဲရှိ အဖိုးတန်ပစ္စည်းများကို ခိုးယူခဲ့ကြောင်း သိရပါတယ်။ ဂန့်ဂေါ်ဖက်မှ တက်လာသော တပ်မ (၇၇)ဟာ မေလ ၅ရက်နေ့တွင် မာလ်ဆောမ်ကျေးရွာကို ရောက်ရှိကြပြီး ၅ရက်ကြာ ရွာထဲ၌ တပ်ဆွဲခဲ့ပါတယ်။ မာလ်ဆောမ်နှစ်ခြင်းဘုရားကျောင်းနဲ့ ယုံကြည်သူအသင်းတော် ဘုရားကျောင်းများတွင် အကြမ်းဖက်စစ်သားများ ညအိပ်ကာ ဘုရားကျောင်းထဲမှာပင် ချက်ပြုတ်စားသောက်ခဲ့ကြပါတယ်။ မာလ်ဆောမ်ကျေးရွာသည် ဟားခါးမြို့နဲ့ ၃၅မိုင်ခန့်အကွာတွင် တည်ရှိပြီး အိမ်ခြေ ၅၀ခန့်၊ လူဦးရေ ၂၅၀ ၀န်းကျင်နေထိုင်ကြပါတယ်။ ဧပြီ ၃၀ရက်နေ့မှာ ရွာသားအားလုံး ဘေးလွက်ရာကို ထွက်ပြေးခဲ့ကြပါတယ်။ အကြမ်းဖက်စစ်သား‌တွေ မာလ်ဆောမ်ရွာကိုမ၀င်ရောက်ခင်မှာ အကြမ်းဖက်စစ်တပ်က တိုက်လေယာဉ်နဲ့ ရွာထဲကို ၂ကြီမ် ဗုံးကြဲခဲ့ပါတယ်။ အဆိုပါ ဗုံးကြဲမှုတွင် ရွာထဲရှိ နှစ်ခြင်းဘုရားကျောင်းအဆောက်အအုံနဲ့ […]

မီဇိုရမ် ဒုက္ခသည်စခန်းတစ်ခုတွင် အတန်းတင်စာမေးပွဲ ကျင်းပ

By Van Bawi Lian | မီဇိုရမ်ပြည်နယ်၊ စီတလန်ပွီး ဒုက္ခသည်စခန်းမှာ ကျင်းပပြုလုပ်သော ချင်းစစ်ဘေးဒုက္ခသည် ကျောင်းသား၊ ကျောင်းသူများရဲ့ အတန်းတင်စာမေးပွဲကို ယနေ့ ဖေဖော်ဝါရီ ၂၅ရက်နေ့တွင် အောင်မြင်စွာပြီးစီးကြောင်း စီတလန်ပွီးဒုက္ခသည်စခန်းက ကျောင်းဆရာတစ်ဦးက ပြောပါတယ်။ စီတလန်ပွီး ဒုက္ခသည်ကျောင်းတွင် ပညာသင်ကြားသူ ကျောင်းသား၊ ကျောင်းသူ ‌အယောက် ၃၀ ရှိကြပြီး ဆရာ၊ ဆရာမ ၃ဦးက ပညာသင်ကြားပေးကြပါတယ်။ “ကျနော်တို့ Sihtlangpui ဒုက္ခသည်ကျောင်းဟာဆိုရင် စင်တင်ဘာလကနေ စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ဆရာ/မ ၃ယောက်ဖြင့် ပညာသင်ကြားခဲတာဖြစ်ပါတယ်။ အခု ဖေဖော်ဝါရီလဆိုရင် တစ်နှစ်တာ သင်ကြားရေးကာလပြီးမြောက်ခဲ့ပြီဖြစ်ပြီး ဖေဖော်ဝါရီ ၂၅ရက်နေ့တွင် စာမေးပွဲဖြေဆိုပြီး ကျောင်းပိတ်ခဲ့ပြီဖြစ်ပါတယ်” လို့ ကျောင်းဆရာတစ်ဦးက ပြောပါတယ်။ စီတလန်ပွီးဒုက္ခသည်စခန်းတွင် ပလက်၀မြို့နယ်ဖက်က ချင်းစစ်ဘေးဒုက္ခသည်တွေ ခိုလှုံနေထိုင်ကြပါတယ်။ […]

စကစတပ်ဖွဲ့က ဟားခါးမြို့တွင် လူနေအိမ် ၃လုံးကို စက်ကြီးနဲ့ ဖျက်ဆီး

ချင်းပြည်နယ်၊ ဟားခါးမြို့မှာ စစ်ကောင်စီတပ်သား ၂ဦး ပစ်သတ်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့က အပြစ်မဲ့ပြည်သူနေအိမ် ၃လုံးကို စက်ကြီးနဲ့ ဖျက်ဆီးသွားသည့်အပြင် မိသားစု ၃စုနှင့် ခရီးသွားပြည်သူများ ဖမ်းဆီးခံရကြောင်း သတင်းရရှိသည်။ ယနေ့ ဇန်နဝါရီ ၂၅ရက် နံနက်ပိုင်းတွင် ဟားခါးမြို့၊ ကျော်ဘုတ်ရပ်ကွက်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်သို့ ထမင်းပို့သွားသော စစ်ကောင်စီတပ်သား ၂ဦးကို CDF-Hakha က ကြားဖြတ်တိုက်ခိုက်ပြီး ၂ဦးစလုံးသေဆုံးကာ သေနက်တစ်လက်သိမ်းဆည်းခဲ့သည်။ စစ်ကောင်စီတပ်သား ၂ဦး ပစ်သတ်ခံရသည့် ကျော်ဘုတ်ရပ်ကွက်ရှိအပြစ်မဲ့ပြည်သူ နေအိမ် ၃လုံးကို ယနေ့ညနေပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့က ရန်ငြိုးကြီးစွာ ဒဏ်ခတ်သည့်အနေဖြင့် ဖျတ်ဆီးခဲ့ကြောင်း ဟားခါးမြို့ခံတစ်ဦးက ပြောပါတယ်။ “စစ်ကောင်စီတပ်သား ၂ဦး ပစ်သတ်ခံရတဲ့ ကျော်ဘုတ်ရပ်ကွက် အစွန်ဖက်က နေအိမ် ၃လုံးကို စက်ကြီး (JCB) နဲ့ ဖျတ်ဆီးကြတယ်။ […]

မင်းတပ်မြို့နယ် ဘုန်ကြီးကျောင်းနဲ့ အိမ်များ စကစက လေယာဉ်နဲ့ ဗုံးကြဲ

By Van Bawi Lian | ယနေ့ ဇန်နဝါရီ ၂၃ ရက် နေ့လယ်ပိုင်း ၁၁နာရီခန့်တွင် မင်းတပ်မြို့နယ်၊ ပလိပ်ထွီကျေးရွာထဲကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲချခဲ့ပြီး ဘုန်ကြီးကျောင်းအပါအ၀င် ပြည်သူနေအိမ်များပျက်ဆီးသွားကြောင်း မျက်မြင်ဒေသခံတစ်ဦးက ပြောသည်။ “မနက် ၁၁နာရီခွဲလောက်က ဖြစ်မယ်၊ တိုက်လေယာဉ် ၂ စီးနဲ့ဆက်တိုက်လာပစ်တာ၊ ဒါဏ်ရာရတာ ၃ ယောက်၊ ဒဏ်ရာပြင်းတယ်၊ ခုတရွာလုံးတောထဲ ပြေးနေပါတယ်” လို့ The Mindat Post ကို ပြောပါတယ်။ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ ပြည်သူသုံးဦး ပြင်းထန်ဒဏ်ရာရရှိပြီး ပလိပ်ထွီကျေးရွာက ဘုန်းကြီးကျောင်းပါ ပျက်စီးသွားကြောင်း The Mindat Post ကဖော်ပြသည်။ ယခုနှစ် ဇန်နဝါရီလအတွင်း စစ်ကောင်စီက မင်းတပ်မြို့နယ်မှာ လေကြောင်းတိုက်ခိုက်မှု […]

မတူပီမြို့နယ်၊ ငလိုင်ရွာမှာ စစ်ကောင်စီတပ်ဖွဲ့က အပြစ်မဲ့ ပြည်သူ ၂ ဦးကို ဖမ်းဆီးသတ်ဖြတ်

ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ ငလိုင်ကျေးရွာမှာ စစ်ကောင်စီတပ်သားများက အပြစ်မဲ့ပြည်သူ ၂ဦးအား ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း မတူမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဇန်န၀ါရီ ၂၂ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ ဇန်န၀ါရီ ၁၅ရက်နေ့တွင် စစ်ကောင်စီတပ်သားများက ငလိုင်ကျေးရွာအား ၀င်ရောက်စီးနင်းကာ အပြစ်မဲ့ပြည်သူ ၂ဦးကို ဖမ်းဆီးသတ်ဖြတ်ပြီး တစ်ဦးကို နေအိမ် ၂လုံးနှင့်အတူ မီးရှို့ခဲ့ပြီး ကျန်တစ်ဦး၏အလောင်းကို ငလိုင်သင်္ချိုင်းကုန်းတွင် စွန့်ပစ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ စစ်ကောင်စီတပ်ဖွဲ့၏ ဖမ်းဆီးသတ်ဖြတ်ခြင်းခံရသော ပြည်သူ ၂ဦးသည် ဦးဗန်ဘိခ့် (Van Bik) နှင့် ဦးလာပ်လျန် (Lap Lian) ဖြစ်ကြောင်းသိရသည်။ စစ်ကောင်စီတပ်သားများသည် ငလိုင်ကျေးရွာ နှစ်ခြင်းဘုရားကျောင်းအတွင်းရှိ အသုံးအဆောင်ပစ္စည်းများကို တစ်ခုမကျန်ခိုးယူသွားသည့်အပြင် လူနေအိမ်များကိုလည်း စက်ကြီးနဲ့ ထိုးကာ အိမ်တိုင်များပါမကျန်ခိုးယူသွားခဲ့ကြောင်း မတူမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ဇန်န၀ါရီ ၁၅ရက်နေ့တွင် CDF-Matupi […]

စကစ လေယာဉ်တိုက်ခိုက်မှုကြောင့် မင်းတပ်မြို့နယ်တွင် ပြည်သူ ၂ဦး ဒဏ်ရာရ

မင်းတပ်မြို့နယ်၊ စွန်တောင်ကျေးရွာအနီးရှိ လူနေအိမ် အဆောက်အဦများကို ယမန်နေ့ည ၁၁:၅၀ ဝန်းကျင်တွင် စစ်ကောင်စီက တိုက်ပွဲမရှိဘဲ တိုက်လေယာဉ်ဖြင့် ဗုံး ၂ လုံးကြဲခဲ့ရာ နေအိမ် ပျက်စီးဆုံးရှုံးမှုများရှိခဲ့ပြီး အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ဗုံးဆံထိမှန်ပြီး (မစိုးရိမ်ရ) ဒဏ်ရာများရခဲ့ကြောင်း မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။ ယနေ့မနက် ၁၁ နာရီ ဝန်းကျင်တွင်လည်း မင်းတပ်မြို့ပေါ်တွင် တပ်ဆင်ထားသော ဟောင်ဝစ်ဇာ ‌(Howitzer) လက်နက်ကြီးများဖြင့် (၅) ချက်ဆက်တိုက် ဝမ္မသူးကျေးရွာကို ပစ်ခတ်ခဲ့သည်။ ယင်းပစ်ခတ်မှုတွင် ထိခိုက်ဒဏ်ရာရသူ အနည်းငယ်ရှိပြီး နေအိမ်ပျက်စီးမှုများကို မသိရသေးပေ။ ယခုကဲ့သို့ တိုက်ပွဲမရှိဘဲ စကစတပ်မှ ကျေးရွာများကို အကြောင်းမဲ့ ဗုံးကြဲခြင်း၊ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ခြင်းများကြောင့် ကျေးရွာနေပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်သည်။

ဖလမ်းမြို့မှာ ပစ်ခတ်မှုဖြစ်ပွားပြီး စကစရဲတပ်ဖွဲ့ ထိခိုက်သေဆုံးမှုရှိ

By Van Bawi Lian | မနေ့ ဇန်န၀ါရီ ၁၈ရက် ညနေပိုင်း ၃နာရီခွဲခန့်တွင် ဖလမ်းမြို့၊ Farthawk ရပ်ကွက်တွင် ပစ်ခတ်မှုဖြစ်ပွားပြီး စစ်ကောင်စီရဲတပ်ဖွဲ့ဖက်၌ ထိခိုက်သေဆုံးမှုရှိကြောင်း သတင်းရရှိသည်။ Canmary စာသင်းကျောင်းဖက်သို့ ဆင်းသွားသော စစ်ကောင်စီရဲတပ်ဖွဲ့အား ချင်းအမျိုးသားတပ်မတော် (CNA) တပ်ဖွဲ့၀င်များက အသင့်စောင့်ဆိုင်းအ‌နေအထားဖြင့် ပစ်ခတ်လိုက်ခြင်း‌ဖြစ်ကြောင်း ဒေသခံတွေရဲ့ ပြောကြားချက်အရ သိရသည်။ အဆိုပါပစ်ခတ်မှုအတွင်း စစ်ကောင်စီရဲတပ်သား တစ်ဦး သေဆုံးခဲ့ပြီး ၄ဦး ဒဏ်ရာရရှိကြောင်း ဒေသခံတွေကပြောဆိုကြသော်လည်း ချင်ဂျာနယ်အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိပေ။ ချင်းအမျိုးသားတပ်ဦး (CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီကတော့ ယင်းပစ်ခတ်မှုသည် CNA တပ်ဖွဲ့၀င်များက ပြုလုပ်ခြင်းဖြစ်ကြောင်း ပြောဆိုထားပြီး စစ်ကောင်စီရဲတပ်သား ၃ဦး သေဆုံးခဲ့ကြောင်း People’s Spring သတင်းဌာနသို့ အတည်ပြုပါတယ်။ […]

လေကြောင်းတိုက်ခိုက်မှုကြောင့် မီဇိုရမ်သို့ ချင်းဒုက္ခသည် ၂၀၀ ခန့်ထပ်မံရောက်ရှိ

By Van Bawi Lian | စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အိန္ဒိနိုင်ငံ၊ မီဇိုရမ်ပြည်နယ်သို့ ချင်းစစ်ဘေးဒုက္ခသည် ၂၀၀ ခန့်ထပ်မံရောက်ရှိလာကြကြောင်း Young Mizo Association (YMA) တာ၀န်ရှိသူတစ်ဦးက The Indian Express ကို ပြောပါတယ်။ စစ်ကောင်စီတပ်က CNF ဌာနချုပ်ကို ဇန်နဝါရီ ၁၀ရက်နှင့် ၁၁ရက်နေ့တွင် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး CNF ဌာနချုပ်အနီးနာရှိ ကျေးရွာများမှ အိမ်ထောင်စု ၅၉စု၊ လူဦးရေ ၂၀၀ခန့်သည် မီဇိုပြည်နယ်၊ ဖာရ်ကောန်ကျေးရွာသို့ ထွက်ပြေးကြခြင်းဖြစ်ပါတယ်။ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ထွက်ပြေးသူများထဲတွင် အမျိုးသမီးနှင့် ကလေးငယ်များပါ၀င်ပြီး YMA က တက်နိုင်သည့်ဖက်မှ အကူအညီတွေပေးပါတယ်။ “ကျနော်တို့ တက်နိုင်တဲ့ဖက်ကနေ ကူညီပေးကြတယ်။ အများစုက သူတို့ဆွေမျိုး‌တွေအိမ်မှာ ယာယီခိုလှုံနေထိုင်ကြတယ်” လို့ […]