လေကြောင်းတိုက်ခိုက်မှုကြောင့် မီဇိုရမ်သို့ ချင်းဒုက္ခသည် ၂၀၀ ခန့်ထပ်မံရောက်ရှိ

By Van Bawi Lian | စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အိန္ဒိနိုင်ငံ၊ မီဇိုရမ်ပြည်နယ်သို့ ချင်းစစ်ဘေးဒုက္ခသည် ၂၀၀ ခန့်ထပ်မံရောက်ရှိလာကြကြောင်း Young Mizo Association (YMA) တာ၀န်ရှိသူတစ်ဦးက The Indian Express ကို ပြောပါတယ်။

စစ်ကောင်စီတပ်က CNF ဌာနချုပ်ကို ဇန်နဝါရီ ၁၀ရက်နှင့် ၁၁ရက်နေ့တွင် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး CNF ဌာနချုပ်အနီးနာရှိ ကျေးရွာများမှ အိမ်ထောင်စု ၅၉စု၊ လူဦးရေ ၂၀၀ခန့်သည် မီဇိုပြည်နယ်၊ ဖာရ်ကောန်ကျေးရွာသို့ ထွက်ပြေးကြခြင်းဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ထွက်ပြေးသူများထဲတွင် အမျိုးသမီးနှင့် ကလေးငယ်များပါ၀င်ပြီး YMA က တက်နိုင်သည့်ဖက်မှ အကူအညီတွေပေးပါတယ်။

“ကျနော်တို့ တက်နိုင်တဲ့ဖက်ကနေ ကူညီပေးကြတယ်။ အများစုက သူတို့ဆွေမျိုး‌တွေအိမ်မှာ ယာယီခိုလှုံနေထိုင်ကြတယ်” လို့ YMA တာ၀န်ရှိသူတစ်ဦးက ပြောပါတယ်။

CNF ဌာနချုပ်တိုက်ခိုက်ခံရပြီး နောက်တစ်နေ့တွင် ထန်တလန်မြို့နယ်အတွင်းသို့ စစ်ကောင်စီကင်း‌ထောက်လေယာဉ် တစ်စင်းပျံသန်းခဲ့မှုကြောင့် လေကြောင်းအန္တရာယ်စိုးရိမ်မှုတွေရှိနေပါတယ်။

ထန်တလန်မြို့နယ်အတွင်းရှိ စာသင်ကျောင်းတွေလည်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းအန္တရာယ်ကြောင့် ရက်အကန့်မရှိပိတ်ထားပြီး လူစုလူ‌ဝေးဖြစ်စေသည့် ပွဲလမ်းသဘင်များ မကျင်းပရန် CDF-Thantlang ကလည်း ပသိပေးထားပါတယ်။