ဟားခါး-ထန်တလန်အကြား အော်တိုတောင်ကို စစ်ကောင်စီ သိမ်းပိုက်

ဟားခါး-ထန်တလန်အကြားရှိ အော်တိုတောင်ကို ဇူလိုင်လ ၂၀ရက် မနေ့ နံနက်ပိုင်းက အကြမ်းဖက်စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း သတင်းရရှိပါတယ်။ အော်တိုတောင်ဟာ ထန်တလန်နဲ့ ၅မိုင်ခန့်အကွာတွင်တည်ရှိပြီး ထန်တလန်အတွက် စစ်ရေးဗျူဟာအရ အရေးပါသော နေရာတစ်ခုဖြစ်ပါတယ်။ မနေ့ နံနက်ပိုင်း ၄နာရီတွင် စစ်ကောင်စီတပ်ဖွဲ့က အော်တိုတောင်ကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ ချင်းပူးပေါင်းတပ်ဖွဲ့၏ သေနတ် ၁၀လက်၊ RPG တစ်လက်နဲ့ အခြားစစ်အသုံးဆောင်ပစ္စည်းတစ်ချို့ကို သိမ်းပိုက်ခဲ့တယ်လို့ စစ်ကောင်စီအာဘော် သတင်းစာမျက်နှာများတွင် ဖော်ပြထားပါတယ်။ အော်တိုတောင် လက်လွှတ်ခဲ့ရသည့် ကိစ္စနဲ့ပတ်သက်လို့ ထန်တလန်ရှေ့တန်းရောက် ချင်းတော်လှန်ရေးတပ်ဖွဲ့၀င်တစ်ဦးက ချင်းဂျာနယ်သို့ အတည်ပြု‌ထားပြီး ချင်းပူးပေါင်းတပ်ဖက်၌ ကျဆုံးဒဏ်ရာရရှိမှုတော့ မရှိဘူးလို့ ပြောပါတယ်။

အိမ်နီးချင်းနိုင်ငံရဲ့ နိုင်ငံရေး မစွပ်ဖက်ရန် CNF တိုက်တွန်း

မြန်မာနိုင်ငံရဲ့ လက်ရှိအခြေနေကြောင့် အိမ်နီးချင်းနိုင်ငံများတွင် ခိုလှုံနေထိုင်ကြသော ချင်းလူမျိုးတွေအနေနဲ့ မိမိခိုလှုံနေထိုင်ရာ နိုင်ငံရဲ့ နိုင်ငံရေးကိစ္စမှာ ၀င်ရောက်စွပ်ဖက်ခြင်းမပြုလုပ်ရန်နဲ့ အဆိုပါနိုင်ငံရဲ့ နိုင်ငံသားစီစစ်ရေးကဒ်များကို တရားမ၀င်သော နည်းလမ်းဖြင့် ရယူပိုင်ဆိုင်မှုမျိုး မပြုလုပ်ကြရန် ချင်းအမျိုးသားတပ်ဦး (CNF) က ချင်းပြည်သူတွေကို တိုက်တွန်းပါတယ်။ ထို့အပြင် သူများနိုင်ငံရဲ့ ဉပဒေစိုးမိုးရေးကို ထိခိုက်စေမည့် တရားမ၀င်သော လုပ်ငန်းများတွင် ပူးပေါင်းပါ၀င်ပတ်သက်ခြင်း မပြုလုပ်ကြရန်လည်း CNF က တိုက်တွန်းလိုက်ပါတယ်။ အထူးသဖြင့် ချင်းလူမျိုးများခိုလှုံရာ အိမ်နီးချင်းနိုင်ငံသို့ မှုးယစ်ဆေးဝါး တင်သွင်းခြင်းကို CNF နဲ့ မိတ်ဖက်အဖွဲ့အစည်းတွေက လုံး၀သည်းခံမှာ မဟုတ်ဘူးလို့ ‌CNF က အသိပေးပါတယ်။ အိမ်နီးချင်းနိုင်ငံများတွင် ချင်းလူမျိုးများ လုံခြုံစိတ်ချစွာခိုလှုံနေထိုင်နိုင်ရေးအတွက် အိမ်နီးချင်းနိုင်ငံတွေနဲ့ ကောင်းမွန်သော ဆက်ဆံရေးတည်‌ဆောက်နိုင်ရန် CNF မှ ကြိုးစားအားထုတ်လျှက်ရှိရာမှာ ချင်းလူမျိုးများကို တန်ပြန်ထိခိုက်စေမည့် […]

ဟားခါး-ထန်တလန်အကြားတိုက်ပွဲ စကစတပ်သား ၆ဦး သေဆုံး

ဟားခါး-ထန်တလန်အကြား သီတာနားနေစခန်းအနီးတွင် ဇူလိုင် ၇ရက်နေ့နဲ့ ၈ ရက်နေ့က ချင်းအမျိုးသားတပ်မတော် (CNA)နဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်သား ၆ဦး သေဆုံးပြီး သေနတ် ၄လက်နဲ့ လက်နက်ခဲယမ်းများကို CNA က သိမ်းဆည်းခဲ့ပါတယ်။ ဇူလိုင်လ ၈ရက်နေ့တိုက်ပွဲတွင် စစ်ကောင်စီတပ်က လေကြောင်းဖြင့် ၂ ကြိမ်ပစ်ကူပေးသည့်အပြင် ဟားခါးမြို့ကနေ လက်နက်ကြီးနဲ့လည်း ပစ်ကူပေးခဲ့ပါတယ်။ ယန်မနေ့တိုက်ပွဲတွင် အထိနာသော စစ်ကောင်စီတပ်သားများ ထွက်ပြေးခဲ့ရပြီး ထန်တလန်ဖက်ကို ထိုးဖောက်နိုင်ခြင်းမရှိဘူးလို့ သိရပါတယ်။ ယနေ့ ဇူလိုင် ၉ ရက်တွင် CNA တပ်ဖွဲ့က နယ်မြေရှင်းလင်းရေးဆောင်ရွက်ရာ စစ်ကောင်စီတပ်သား အလောင်း ၆ လောင်း၊ သေနတ် ၄ လက်နဲ့ လက်နက်ခဲယမ်းတစ်ချို့ကို သိမ်းဆည်းခဲ့ပါတယ်။

စကစသံချပ်ကာ ၂စီး ဖျက်စီးနိုင်ခဲ့သော ချင်းပူးပေါင်းတပ်ကို NUGက ဆုငွေချီးမြှင့်

ဟားခါး-ဖလမ်းအကြား ဇိန်မှုစစ်ဆင်ရေးတွင် အကြမ်းဖက်စစ်ကောင်စီ သံချက်ကာယာဉ် ၂စီးကို ဖျက်စီးနိုင်ခဲ့သော ချင်းအမျိုးသားတပ်မတော် (CNA) နဲ့ CDF ပူးပေါင်းတပ်ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ကျပ်သိန်း ၄,၀၀၀ ဂုဏ်ပြုချီးမြှင့်လိုက်ကြောင်း သိရပါတယ်။ ယနေ့ ဇူလိုင် ၄ ရက်တွင် NUG ၏ ၂၂ ကြိမ်မြောက်၊ အစိုးရအဖွဲ့အစည်းအဝေးမှာ စိစစ်ချီးမြှင့်ရေးအဖွဲ့ က လေ့လာသုံးသပ်စိစစ်ကာ CNA နှင့် CDF တို့၏ တာဝန်ရှိသူများကို ချီးမြှင့်ခဲ့တယ်လို့ အမျိုးသားညီညတ်ရေးအစိုးရက ထုတ်ပြန်ပါတယ်။ “ဒီသတင်းကို ကြားရချိန်တုန်းက ကျွန်တော်တို့ အားလုံး အံ့ဩ ဝမ်းသာဖြစ်ခဲ့ပြီး တော်လှန်ရေးအတွက်လည်း တကယ်ကို အားတက်ခဲ့ကြရပါတယ်။ ဒီလို ကြီးမားတဲ့ အောင်မြင်မှုမျိုးကို စွမ်းဆောင်နိုင်တဲ့ ချင်းကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ တွေ အပါအဝင် […]

သီတာဖက်ကို စကစက လေကြောင်း၊ ကုန်းကြောင်းဖြင့် ထိုးစစ်ဆင်

ဟားခါး-ထန်တလန်အကြား သီတာဖက်ကို အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့က ယနေ့ နံနက်အ‌စောပိုင်းကစပြီး လေကြောင်းနဲ့ ကုန်းကြောင်းဖြင့် ထိုးစစ်ဆင်လို့ တိုက်ပွဲပြင်းထန်နေကြောင်း သတင်းရရှိပါတယ်။ “ယနေ့ နံနက်ပိုင်း ၃နာရီခန့်မှာ စကစက သီတာဖက်ကို တိုက်လေယာဉ်နဲ့ ၂ကြီမ် ပစ်ခတ်တိုက်ခိုက်တယ်။ သူတို့ လေယာဉ်နဲ့ ပစ်ပြီး မြေပြင်မှာစကစတပ်သားတွေက ထိုးစစ်ဆင်တိုက်ခိုက်ကြတယ်။ နှစ်ဖက်ထိခိုက်မှု အခြေအနေကိုတော့ မသိရသေးဘူး” လို့ ထန်တလန်ရှေ့တန်းမှာ တာ၀န်ကျတဲ့ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။ အကြမ်းဖက် စစ်ကောင်စီတပ်က လေကြောင်း၊ ကုန်းကြောင်းဖြင့် ထိုးစစ်ဆင်သည့်အပြင် ဟားခါးဖက်ကနေ လက်နက်ကြီးတွေနဲ့ ပစ်ကူပေးနေပါတယ်။ ယခုနှစ် မေလ ကုန်ပိုင်းတွင်လည်း ဟားခါး-ထန်တလန်အကြား လုံခါရ်ဖက်ကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်း၊ ကုန်းကြောင်းဖြင့် အပြင်းအထန်ထိုးစစ်ဆင်ခဲ့ရာ နှစ်ဖက်ထိခိုက်ကျဆုံးတွေ များခဲ့ပါတယ်။ မေလ ကုန်ပိုင်းတိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်က ဟားခါး-ထန်တလန်အကြားသီတာနားနေစခန်းရှိ လူနေအိမ်များကိုလည်း […]

ကျဆုံးသွားတဲ့ ရဲဘော်တွေကို သတိရရင်း အဆုံးထိ ချီတက်မယ်

လက်နက်ကိုင်တော်လှန်ရေး ကာလ ၂နှစ်ကျော်ကြာလာတဲ့ အချိန်မှာ ချင်းတော်လှန်ရေးတပ်ဖွဲ့၀င်တွေဖက်က ရဲဘော်တွေ ကျဆုံးမှုများ ရှိခဲ့သလို အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဖက်၌လည်း နယ်မြေဆုံးရှူံးမှု၊ စစ်လက်နက်ပစ္စည်းနဲ့ လူအင်အားဆုံးရှူံးမှုတွေများခဲ့ပါတယ်။ တော်လှန်ရေးခရီးကြမ်းကို အတူတကွဖြတ်‌ကျော်ရင်း ကိုယ့်သူငယ်ချင်းနဲ့ ရဲဘော်ရဲဘက်တွေ ကျဆုံးတဲ့အခါမှာ အလွန်၀မ်းနည်းရသလို အဲဒီဆုံးရှုံးမှုကို တော်လှန်ရေး ခွန်အားအဖြစ် အားယူခဲ့ရတယ်လို့ ချင်းအမျိုးသားတပ်မတော် (CNA) မှာ တာ၀န်ထမ်းဆောင်နေသော ရဲမေ မိုင်မတ်ဒါလင် က ပြောပါတယ်။ “အရင်က အတူတူပျော်ပါးခဲ့တဲ့ ကိုယ့်ရဲ့ သူငယ်ချင်းတစ်ချို့ အခုဆိုရင် သူတို့ရဲ့ အုပ်ဂူကိုပဲ မြင်တွေ့ခွင့်ရတာတွေရှိလာတဲ့အခါမှာ အရမ်းကို ၀မ်းနည်းကြေကွဲရတယ်။ ဒါပေမယ့် အဲ့ဒီဆုံးရှုံးမှုကို တော်လှန်ရေးအတွက် ခွင်အားအနေနဲ့ မှတ်ယူပြီးတော့ ကိုယ့်ကိုကိုယ် ပိုပြီးကြံ့ခိုင်လာအောင် အမြဲကြိုးစားဖြစ်တယ်” လို့ မိုင်မတ်ဒါလင်က ပြောပါတယ်။ အသက် ၂၂ ၀န်းကျင်သာရှိသေးတဲ့ ရဲမေ […]

ထန်တလန်မြို့ကို စကစက ‌တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်

မနေ့ ဇွန်လ ၂၈ရက်၊ နေ့လယ်ပိုင်း ၁၂နာရီခန့်က အကြမ်းဖက်စစ်ကောင်စီတပ်က ချင်းပြည်နယ်၊ ထန်တလန်မြို့ကို တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။ “နေ့လယ်ပိုင်း ၁၂နာရီ ၀န်းကျင်မှာ စကတိုက်လေယာဉ်တစ်စင်းက နှစ်ကြီမ်လာပစ်သွားတယ်။ ပထမတစ်ကြီမ်မှာ ဗုံးတစ်လုံးချသွားတယ်။ ဒုတိယအကြိမ်မှာတော့ ဗုံး ၂လုံးချပြီး စကသေနက်နဲ့ပါ ပစ်သွားတယ်” လို့ ထန်တလန်ရှေ့တန်းတွင် တာ၀န်ထမ်းဆောင်နေသော ချင်းအမျိုးသားတပ်မတော် (CNA) ရဲဘော်တစ်ဦးက ပြောပါတယ်။ အဆိုပါ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွင် ထန်တလန်ဆေးရုံကြီးနားက ‌လူနေအိမ် ၂လုံး မီးလောင်သွားခဲ့ပြီး မြေပြင်ရှိတော်လှန်ရေးတပ်ဖွဲ့၀င်တွေတော့ ထိခိုက်မှု တစ်စုံတစ်ရာမရှိဘူးလို့ ၎င်းက ဆက်ပြောပါတယ်။ မနေ့ မနက်ပိုင်း ၁၁နာရီ၀န်းကျင်တွင်လည်း မင်းတပ်မြို့နယ်၊ လုပ်ခေးကျေးရွာအနီးတွင် အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်လေယာဉ်နဲ့ ဗုံး ၂လုံး ကြဲချခဲ့ကြောင်း သိရပါတယ်။ 

တော်လှန်ရေး ကြာလာပေမယ့် ပြည်သူတွေ အားပေးပံ့ပိုးမှု လျော့မကျ

လက်နက်ကိုင်တော်လှန်ရေး ကာလ ၂နှစ်ကျော်ကြာလာပြီ ဖြစ်သော်လည်း ပြည်တွင်းပြည်ပ ချင်းပြည်သူတွေရဲ့ အားပေးပံ့ပိုးမှုဟာ လျော့ကျမသွားဘဲ ပိုမိုအားကောင်းလာတယ်လို့ ချင်းအမျိုးသားတပ်မတော် (CNA) ဗိုလ်မှူးကြီး ဆော်လမွန်ထန်ဒိန်းက ချင်းဂျာနယ်နဲ့ အင်တာဗျူးမှာ ပြောကြားပါတယ်။ “နွေဦးတော်လှန်ရေးပေါ်ပေါက်လာတော့ ကျနော်တို့ ချင်းတစ်မျိုးသားလုံး၊ လူကြီးလူငယ်အပါ၀င် အဖွဲ့အစည်းအားလုံးက CNA နဲ့ CDF ကို အမျိုးသားရေးစိတ်ဓါတ်နဲ့ အားပေးပံ့ပိုးလာကြတယ်။ ဉပမာပြောရရင် အစပိုင်းမှာ ဒေါ်လာ တစ်ရာ၊ နှစ်ရာထည့်၀င်တဲ့သူတွေက အခုနောက်ပိုင်းဆိုရင် ဒေါ်လာ ငါးထောင်တောင် ထည့်၀င်လာကြတယ်။ အဲဒီအဆင့် ဖြစ်လာတယ်ဆိုတော့ ကျနော့်အမြင်ပြောရင် လက်ရှိတော်လှန်ရေးမှာ ပြည်သူတွေရဲ့ CNA နဲ့ CDF အပေါ်အားပေးပံ့မှုက လျော့ကျသွား‌တာ မတွေ့ရဘူး” လို့ ပြောပါတယ်။ အခုလို ပြည်သူတွေရဲ့ တစ်ခဲနက် အားပေးထောက်ခံမှုနဲ့ ပံပိုးမှုတွေ ရရှိခြင်းဟာ […]

ချင်းပြည်နယ်သို့ ပြင်ပမှ ခရီးသည်များဝင်ရောက်ခွင့် CNF တားမြစ်

ချင်းပြည်နယ်(ချင်းလဲန်) သို့ ဒေသခံချင်းပြည်သူများမှအပ ပြင်ပမှခရီးသည်များ ဝင်ရောက်ခြင်းကို ချင်းအမျိုးသားတပ်ဦး CNF က တားမြစ်လိုက်ကြောင်း ယနေ့တွင် ထုတ်ပြန်ပါတယ်။ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အများပြည်သူခရီးသည်ယာဉ်များကို အသုံးပြုကာ အရပ်ဝတ်ဖြင့် ချင်းပြည်နယ်သို့ဝင်ရောက်ပြီး စစ်ရေးဆိုင်ရာ အင်အားဖြည့်တင်း လျက်ရှိတယ်လို့ CNF ကဆိုပါတယ်။ ချင်းလဲန်သို့ လာရောက်ရန် အရေးကြီးကိစ္စရှိပါက သက်ဆိုင်ရာ CDF နှင့် PDF များ၏ ထောက်ခံစာဖြင့်သာ ဝင်ခွင့်ပြုမည်ဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီ၏ အဖွဲ့ဝင် (သို့မဟုတ်) လက်နက်ခဲယမ်း၊ စစ်ဘက်ဆိုင်ရာပစ္စည်းများ သယ်ယူပို့ဆောင်ခြင်းကို တားမြစ်ကြောင်း CNF ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားပါတယ်။ အမိန့်တစ်စုံတစ်ရာ ထပ်မံမထုတ်ပြန်မချင်း ဤထုတ်ပြန်ချက်ဟာအတည်ဖြစ်ပြီး ထုတ်ပြန်ချက်ပါအချက်များကို ချိုးဖောက်ပါက ပြင်းထန်စွာ အရေးယူမည်ဟု CNF က အသိပေးထားပါတယ်။ ၂၀၂၃ ခုနှစ်မှစ၍ ချင်းပြည်နယ်၊ ဟားခါးမြို့တွင် […]

သီမစ်တိုက်ပွဲတွင် စကစလက်နက်ခဲယမ်းတစ်ချို့ကို CNAနဲ့ CDF ရရှိ

ဟားခါးနဲ့ ထန်တလန်အကြား သီမစ်အနီးတိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ရဲ့ လက်နက်ခဲယမ်းတစ်ချို့ကို ချင်းအမျိုးသားတပ်မတော် (CNA)နဲ့ CDF ပူးပေါင်းတပ်ဖွဲ့၀င်များက သိမ်းဆည်းခဲ့ရကြောင်း သတင်းရရှိပါတယ်။ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဟာ ဟားခါးမြို့နယ်၊ သီမစ်လွင်ပြင်မှ ထန်တလန်မြို့နယ်ဖက်ကို မေလကုန်ပိုင်းမှစ၍ ကုန်ကြောင်း၊ လေကြောင်းနဲ့ လက်နက်ကြီးများဖြင့် အပြင်းအထန်ထိုးစစ်ဆင်လျှက်ရှိပါတယ်။ မေလ ၂၉ရက်နေ့မှ ဇွန်လ ၄ရက်နေ့အကြားတိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်သား ၃၀ ဦးထက်မနည်းသေဆုံးမယ်လို့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဖက်က ခန့်မှန်းထားပြီး ဒဏ်ရာရစကစတပ်သား ၁၅ဦး၀န်းကျင်လည်း ဟားခါးဆေးရုံသို့ ရောက်ရှိကြကြောင်း စုံစမ်းသိရှိရပါတယ်။ တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ရဲ့ သေနတ်၊ ကျည်ဆံ၊ ဒရုန်း၊ လက်ပစ်‌ဗုံးနဲ့ အခြားစစ်အသုံးအဆောင်ပစ္စည်းတစ်ချို့ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က သိမ်းဆည်းနိုင်ခဲ့ပါတယ်။ ယနေ့ ဇွန်လ ၅ရက်နေ့တွင်လည်း သီမစ်အနီးတွင် တိုက်ပွဲဆက်လက်ဖြစ်ပွားပြီး ထိခိုက်ကျဆုံးမှု အခြေအနေနဲ့ ပတ်သက်လို့ ချင်းဂျာနယ်အနေနဲ့ သိရှိနိုင်ခြင်း မရှိသေးပါ။