ဟားခါး-ထန်တလန်အကြားတိုက်ပွဲ စကစတပ်သား ၆ဦး သေဆုံး

ဟားခါး-ထန်တလန်အကြား သီတာနားနေစခန်းအနီးတွင် ဇူလိုင် ၇ရက်နေ့နဲ့ ၈ ရက်နေ့က ချင်းအမျိုးသားတပ်မတော် (CNA)နဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်သား ၆ဦး သေဆုံးပြီး သေနတ် ၄လက်နဲ့ လက်နက်ခဲယမ်းများကို CNA က သိမ်းဆည်းခဲ့ပါတယ်။

ဇူလိုင်လ ၈ရက်နေ့တိုက်ပွဲတွင် စစ်ကောင်စီတပ်က လေကြောင်းဖြင့် ၂ ကြိမ်ပစ်ကူပေးသည့်အပြင် ဟားခါးမြို့ကနေ လက်နက်ကြီးနဲ့လည်း ပစ်ကူပေးခဲ့ပါတယ်။

ယန်မနေ့တိုက်ပွဲတွင် အထိနာသော စစ်ကောင်စီတပ်သားများ ထွက်ပြေးခဲ့ရပြီး ထန်တလန်ဖက်ကို ထိုးဖောက်နိုင်ခြင်းမရှိဘူးလို့ သိရပါတယ်။

ယနေ့ ဇူလိုင် ၉ ရက်တွင် CNA တပ်ဖွဲ့က နယ်မြေရှင်းလင်းရေးဆောင်ရွက်ရာ စစ်ကောင်စီတပ်သား အလောင်း ၆ လောင်း၊ သေနတ် ၄ လက်နဲ့ လက်နက်ခဲယမ်းတစ်ချို့ကို သိမ်းဆည်းခဲ့ပါတယ်။