မတူပီတွင် နေအိမ်တစ်လုံးပေါ် သစ်ပင်လဲကျလို့ အမျိုးသားတစ်ဦးသေဆုံ

ချင်ပြည်နယ်၊ မတူပီမြို့နယ်၊ ဟာလ်တူးကျေးရွာတွင် မိုးကြီးလေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်တစ်လုံးပေါ်သို့ သစ်ပြင်လဲကျပြီး အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

ယနေ့ ဩဂုတ်လ ၇ရက်၊ နံနက်ပိုင်း ၂နာရီခန့်တွင် မိုးသက်လေပြင်းတိုက်ခတ်မှု‌ကြောင့် ဟာလ်တူးကျေးရွာရှိ လူနေအိမ်တစ်လုံးပေါ်သို့ သစ်ပြင်လဲကျကာ အသက် ၅၂အရွယ် ဦးလောင်ဟွန် သေဆုံးခဲ့ပါတယ်။

ဦးလောင်ဟွန်ရဲ့ ဇနီးသည်လည်း ဦးခေါင်းတွင် ပြင်းထန်ဒဏ်ရာရရှိပြီး မတူပီဆေးရုံတွင် ဆေးကုသမှုခံယူနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဦးလောင်ဟွန်တို့ မိသားစုဟာ အရင်က မတူပီမြို့ပေါ်တွင် နေထိုင်ခဲ့ကြပြီး နိုင်ငံရေးမတည်ငြိမ်မှုကြောင့် ကျေးရွာဖက်ကို လာရောက်နေထိုင်သူတွေဖြစ်ကြောင်း သိရပါတယ်။

မိုးရာသီအချိန်အတွင် တောင်ပေါ်ဒေသဖြစ်သည့် ချင်းပြည်နယ်တွင် မိုးသက်လေပြင်းကြောင့် မြေပြိုမှုနှစ်စဉ် ဖြစ်ပွားလေ့ရှိ ပါတယ်။