မီဇိုရမ်တွင် မြန်မာနိုင်ငံသားများစီးလာတဲ့ ကားတိမ်းမှောက်လို့ လူ ၅ဦး သေဆုံး

ယနေ့နံနက်ပိုင်းတွင် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ မြန်မာ-အိန္ဒိယနယ်စပ် ဇိုခေါ်သာရ်ရွာမှ အိုင်ဇောလ်မြို့သို့ သွားရောက်သော ခရီးသည်တင်ကားတစ်စီးသည် ကြွန်ဖိုင်မြို့အနီးတွင် ကားလမ်းချော်လို့ တိမ်းမှောက်မှုဖြစ်ပွားပြီး ကလေးတစ်ယောက်မိခင်အပါအ၀င် လူ ၅ဦး သေဆုံးခဲ့ကြပါတယ်။

အဆိုပါကားတွင် ၂နှစ်အရွယ်ကလေးငယ်တစ်‌ယောက်နှင့် ၎င်းရဲ့မိခင် အပါအ၀င် လူ ၈ဦး စီးလာကြတာပါ။

လူ ၃ဦးမှာ နေရာတွင် ပွဲချင်းပြီသေဆုံးခဲ့ကြပြီး အခြား ၂ဦး ဆေးရုံတွင်သေဆုံးခဲ့ကြပါတယ်။ သေဆုံးသူများထဲတွင် ကလေးအမေဒေါ်ပါရ်ထားလည်း ပါ၀င်ပါတယ်။ ၎င်းရဲ့ ၂နှစ်အရွယ်ကလေးကိုတော့ ဆေးရုံမှာဆေးကုသပေးလျှက်ရှိပါတယ်။

သေဆုံးသူ ၅ဦးထဲတွင် တီာလ်လျန်ကျဲအိုနှင့် ဒေါ်ပါရ်ထားတို့နှစ်ဦးသည် မြန်မာနိုင်ငံသားများဖြစ်ကြကြောင်း မီဇိုရမ်သတင်းတွေကဖော်ပြထားပါတယ်။

ယာဉ်မောင်း၊ ၂နှစ်အရွယ်ကလေးငယ်နှင့် ခရီးသည်အမျိုးသားတစ်ဦးတို့ကို ကြွန်ဖိုင်ခရိုင်ဆေးရုံမှာ ဆေးကုသလျှက်ရှိကြောင်း သိရပါတယ်။