မြန်မာပြည်ဖွား ယောရှုဗန်က Fury FC Flyweight ချန်ပီယံရရှိ

Joshua “The Fearless” Van ဟု တင်စားခေါ်ဝေါ်ခြင်းခံရသည့် မြန်မာပြည်ဖွား ချင်းလူငယ် MMA ကစားသမား ယောရှုဗန် (ယောရှုဗန်ဘွေထောင်း) က ဒီဇင်ဘာ ၁၈ရက်နေ့က ကျင်းပတဲ့ Fury FC 72 ထိုးသတ်ပွဲတွင် လက်ရှိ Flyweight ချန်ပီယံ Cleveland Mclean (၃၃) နှစ် ကို ချုပ်ကွက်နဲ့ အနိုင်ရရှိပြီး ချန်ပီယံခါးပတ်သိမ်းပိုက်နိုင်ခဲ့ပါတယ်။

အသက် ၂၁နှစ်သာ ရှိသေးသည့် ယောရှုဗန်သည် Texas ပြည်နယ်တွင်အခြေချကာ ‌ပရောဖက်ရှင်နယ် MMA ပွဲ ၇ပွဲကစားခဲ့ပြီး ၆ပွဲနိုင်၊ တစ်ပွဲရှုံး မှတ်တမ်းရရှိထားသူဖြစ်ပါတယ်။

Houston မြို့ရှိ 4oz. Fight Club ၌ လေ့ကျင့်‌နေ သူဖြစ်ပြီး UFC ပြိုင်ပွဲတွင် ၀င်ရောက်ထိုးသတ်နိုင်ဖို့ ကြိုးစားနေသူဖြစ်ပါတယ်။

ယောရှုဗန်သည် ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ ရွန်ကျေးရွာတွင်ကြီးပြင်းခဲ့သူဖြစ်ပြီး အသက် ၁၂နှစ်အရွယ်တွင် အမေရီကန်ပြည်ထောင်စုကို ရောက်ရှိသူဖြစ်ပါတယ်။