CNA စခန်းငယ်တစ်ခုနဲ့ ထန်တလန်မြို့ကို စကစက လေယာဉ်နဲ့ ဗုံးကြဲ
ယနေ့ ဖေဖော်ဝါရီ ၂၂ ရက်နေ့ နံနက်အစောပိုင်းတွင် စစ်ကောင်စီက ထန်တလန်မြို့နယ်ထဲက CNA စခန်းငယ်တစ်ခုကို တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီး ထန်တလန်မြို့ထဲက CNA နဲ့ CDF တပ်ဖွဲ့၀င်များ ရှိနိုင်မယ့်နေရာများကိုလည်း မွန်းလွဲပိုင်းတွင် ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ပါတယ်။ ယနေ့နံနက်ပိုင်း ၁၂ နာရီခွဲခန့်တွင် ထန်တလန်မြို့နယ်ထဲက CNA စခန်းငယ်တစ်ခုဖြစ်သည့် Buarpi Camp ကို စစ်ကောင်စီက တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်သွားခဲ့ပါတယ်။ ယုခုလအတွင်းမှာ Buarpi Camp ကို စစ်ကောင်စီက ဒုတိယအကြီမ် ဗုံးကြဲတိုက်ခြင်းဖြစ်သည်။ Baurpi Camp အပေါ် ပထမအကြီမ် ဗုံးကြဲတိုက်မှုကို ဖေဖော်ဝါရီ ၉ရက်နေ့မှာ စစ်ကောင်စီက ပြုလုပ်ခဲ့ပြီး လူထိခိုက်မှုမရှိပေမယ့် စခန်းအတွင်း အဆောက်အအုံတစ်ချို့ ပျက်ဆီးခဲ့ပါတယ်။ ယနေ့မွန်းလွဲပိုင်း ၁း၄၀ […]
ချင်းတို့ဌာနေမှာ ၇၅နှစ်မြောက် ချင်းအမျိုးသားနေ့ မကျင်းပနိုင်
ချင်းတစ်မျိုးသားလုံးရဲ့ နေ့ထူးနေ့မြတ်ဖြစ်သည့် ချင်းအမျိုးသားနေ့ကို စစ်ကောင်စီက အာဏာမသိမ်းခင် အရင်နှစ်များတွင် ချင်းပြည်နယ် မြို့ကြီးများတွင် ကြီးကျယ်ခမ်းနားစွာကျင်းပခဲ့ကြသော်လည်း ယခုအခါမှာ ချင်းအမျိုးသားနေ့ကို ကျင်းပနိုင်ခြင်းမရှိတော့ဘဲ လုံးလုံးလျားလျားပြောက်ကွယ်သွားပြီ ဖြစ်ပါတယ်။ စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ခုနှစ်နဲ့ ၂၀၂၂ခုနှစ် ချင်းအမျိုးသားနေ့ကို ချင်းပြည်နယ်မြို့များတွင် ဘုရားကျောင်း၌ ဆုတောင်းခြင်းအစီစဉ်ဖြင့် အကျဉ်းချုံးနဲ့သာပြုလုပ်ခဲ့ကြပါတယ်။ ယခုနှစ်တွင်မှု မာရှယ်လေကြေညာထားသည့် ချင်းပြည်နယ်တွင် ၇၅နှစ်မြောက် ချင်းအမျိုးသားနေ့ကို ဆုတောင်းခြင်းအစီစဉ်နဲ့လည်း အကျဉ်းချုံးကျင်းပနိုင်ခြင်း မရှိတော့ပေ။ “ဟားခါးမြို့မှာတော့ ဘာမှမလုပ်ကြတော့ဘူး။ ဘုရားကျောင်းမှာလည်း အရင်လို ဆုတောင်းခြင်းအစီစဉ်တွေမရှိတော့ဘူး။ သူတို့ စစ်ကောင်စီနဲ့ Non-CDM တွေတော့ လုပ်ဖို့အစီစဉ်ရှိတယ်လို့ကြားတယ်” လို့ မြို့ခံတစ်ဦးက ပြောပါတယ်။ ၇၅ နှစ်မြောက်ခြင်း အမျိုးသားနေ့ကို ပြည်ပရောက်ချင်းလူမျိုးက ၎င်းတိုနေရပ်အသီးသီးတွင် စည်ကားစွာကျင်းပခဲ့ကြသလို မီဇိုရမ်ရောက် ချင်းစစ်ဘေးဒုက္ခသည်တွေကလည်း ဒုက္ခသည်စခန်းများတွင် ဟောပြောခြင်းနဲ့ ရိုးရာအကများဖြင့် […]
ဟားခါးမြို့ တနင်္ဂနွေနေ့ ၀က်ပြုအစည်းအဝေးကို ခွင့်ပြုချက်ယူစရာမလိုဘဲ ပြန်လည်ခွင့်ပြု
By Van Bawi Lian | ချင်းပြည်နယ်၊ ဟားခါးမြို့တွင် တနင်္ဂနွေနေ့ ၀က်ပြုအစည်းအဝေးနဲ့ စနေနေ့ Church Choir သီချင်းတိုက်ခြင်းကို အပတ်တိုင်း ခွင့်ပြုချက်ယူစရာလိုဘဲ ပြန်လည်ခွင့်ပြုလိုက်ကြောင်း ဟားခါးမြို့နေ အမှုတော်ဆောင်တစ်ပါးက ချင်းဂျာနယ်ကို ပြောပါတယ်။ ဟားခါးခရစ်ယာန်ဂိုဏ်းပေါင်းစုံအမှုတော်ဆောင်များအဖွဲ့ (HCMF) က စစ်ကောင်စီကိုတွေ့ဆုံပြီးနောက် ကန့်သက်ချက်တစ်ချို့ ဖြေလျော့ပေးခြင်းဖြစ်ကြောင်း သိရပါတယ်။ တနင်္ဂနွေနေ့ ၀က်ပြုအစည်းအဝေးကို နံနက်ပိုင်း ၇နာရီမှ ညနေ ၄နာရီအထိ ခွင့်ပြုထားပြီး စနေနေ့ သီချင်းတိုက်ခြင်းကို မနက်ပိုင်း ၁၁နာရီမှ ညနေပိုင်း ၄နာရီအထိ ခွင့်ပြုထားပါတယ်။ ဘာသာရေးနဲ့ သက်ဆိုင်သည့် အစည်းအဝေးများ၊ သင်တန်းများနဲ့ မင်္ဂလာဆောင်ပွဲများအတွက် သတ်မှတ်ပုံစံအတိုင်း စစ်ကောင်စီမြို့နယ်အုပ်ချုပ်ရေးရုံးမှ ၅ရက်ကြိုတင် ခွင့်ပြုချက်ရယူရန် လိုအပ်ကြောင်း သိရပါတယ်။ နာရေးကိစ္စရပ်များအတွက်လည်း အလျှင်အမြန် ဆောင်ရွက်နိုင်ဖို့ […]
စကစတပ်ဖွဲ့က ဟားခါးမြို့တွင် လူနေအိမ် ၃လုံးကို စက်ကြီးနဲ့ ဖျက်ဆီး
ချင်းပြည်နယ်၊ ဟားခါးမြို့မှာ စစ်ကောင်စီတပ်သား ၂ဦး ပစ်သတ်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့က အပြစ်မဲ့ပြည်သူနေအိမ် ၃လုံးကို စက်ကြီးနဲ့ ဖျက်ဆီးသွားသည့်အပြင် မိသားစု ၃စုနှင့် ခရီးသွားပြည်သူများ ဖမ်းဆီးခံရကြောင်း သတင်းရရှိသည်။ ယနေ့ ဇန်နဝါရီ ၂၅ရက် နံနက်ပိုင်းတွင် ဟားခါးမြို့၊ ကျော်ဘုတ်ရပ်ကွက်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်သို့ ထမင်းပို့သွားသော စစ်ကောင်စီတပ်သား ၂ဦးကို CDF-Hakha က ကြားဖြတ်တိုက်ခိုက်ပြီး ၂ဦးစလုံးသေဆုံးကာ သေနက်တစ်လက်သိမ်းဆည်းခဲ့သည်။ စစ်ကောင်စီတပ်သား ၂ဦး ပစ်သတ်ခံရသည့် ကျော်ဘုတ်ရပ်ကွက်ရှိအပြစ်မဲ့ပြည်သူ နေအိမ် ၃လုံးကို ယနေ့ညနေပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့က ရန်ငြိုးကြီးစွာ ဒဏ်ခတ်သည့်အနေဖြင့် ဖျတ်ဆီးခဲ့ကြောင်း ဟားခါးမြို့ခံတစ်ဦးက ပြောပါတယ်။ “စစ်ကောင်စီတပ်သား ၂ဦး ပစ်သတ်ခံရတဲ့ ကျော်ဘုတ်ရပ်ကွက် အစွန်ဖက်က နေအိမ် ၃လုံးကို စက်ကြီး (JCB) နဲ့ ဖျတ်ဆီးကြတယ်။ […]
မင်းတပ်မြို့နယ် ဘုန်ကြီးကျောင်းနဲ့ အိမ်များ စကစက လေယာဉ်နဲ့ ဗုံးကြဲ
By Van Bawi Lian | ယနေ့ ဇန်နဝါရီ ၂၃ ရက် နေ့လယ်ပိုင်း ၁၁နာရီခန့်တွင် မင်းတပ်မြို့နယ်၊ ပလိပ်ထွီကျေးရွာထဲကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲချခဲ့ပြီး ဘုန်ကြီးကျောင်းအပါအ၀င် ပြည်သူနေအိမ်များပျက်ဆီးသွားကြောင်း မျက်မြင်ဒေသခံတစ်ဦးက ပြောသည်။ “မနက် ၁၁နာရီခွဲလောက်က ဖြစ်မယ်၊ တိုက်လေယာဉ် ၂ စီးနဲ့ဆက်တိုက်လာပစ်တာ၊ ဒါဏ်ရာရတာ ၃ ယောက်၊ ဒဏ်ရာပြင်းတယ်၊ ခုတရွာလုံးတောထဲ ပြေးနေပါတယ်” လို့ The Mindat Post ကို ပြောပါတယ်။ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ ပြည်သူသုံးဦး ပြင်းထန်ဒဏ်ရာရရှိပြီး ပလိပ်ထွီကျေးရွာက ဘုန်းကြီးကျောင်းပါ ပျက်စီးသွားကြောင်း The Mindat Post ကဖော်ပြသည်။ ယခုနှစ် ဇန်နဝါရီလအတွင်း စစ်ကောင်စီက မင်းတပ်မြို့နယ်မှာ လေကြောင်းတိုက်ခိုက်မှု […]
မတူပီမြို့နယ်၊ ငလိုင်ရွာမှာ စစ်ကောင်စီတပ်ဖွဲ့က အပြစ်မဲ့ ပြည်သူ ၂ ဦးကို ဖမ်းဆီးသတ်ဖြတ်
ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ ငလိုင်ကျေးရွာမှာ စစ်ကောင်စီတပ်သားများက အပြစ်မဲ့ပြည်သူ ၂ဦးအား ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း မတူမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဇန်န၀ါရီ ၂၂ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ ဇန်န၀ါရီ ၁၅ရက်နေ့တွင် စစ်ကောင်စီတပ်သားများက ငလိုင်ကျေးရွာအား ၀င်ရောက်စီးနင်းကာ အပြစ်မဲ့ပြည်သူ ၂ဦးကို ဖမ်းဆီးသတ်ဖြတ်ပြီး တစ်ဦးကို နေအိမ် ၂လုံးနှင့်အတူ မီးရှို့ခဲ့ပြီး ကျန်တစ်ဦး၏အလောင်းကို ငလိုင်သင်္ချိုင်းကုန်းတွင် စွန့်ပစ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ စစ်ကောင်စီတပ်ဖွဲ့၏ ဖမ်းဆီးသတ်ဖြတ်ခြင်းခံရသော ပြည်သူ ၂ဦးသည် ဦးဗန်ဘိခ့် (Van Bik) နှင့် ဦးလာပ်လျန် (Lap Lian) ဖြစ်ကြောင်းသိရသည်။ စစ်ကောင်စီတပ်သားများသည် ငလိုင်ကျေးရွာ နှစ်ခြင်းဘုရားကျောင်းအတွင်းရှိ အသုံးအဆောင်ပစ္စည်းများကို တစ်ခုမကျန်ခိုးယူသွားသည့်အပြင် လူနေအိမ်များကိုလည်း စက်ကြီးနဲ့ ထိုးကာ အိမ်တိုင်များပါမကျန်ခိုးယူသွားခဲ့ကြောင်း မတူမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ဇန်န၀ါရီ ၁၅ရက်နေ့တွင် CDF-Matupi […]
စကစ လေယာဉ်တိုက်ခိုက်မှုကြောင့် မင်းတပ်မြို့နယ်တွင် ပြည်သူ ၂ဦး ဒဏ်ရာရ
မင်းတပ်မြို့နယ်၊ စွန်တောင်ကျေးရွာအနီးရှိ လူနေအိမ် အဆောက်အဦများကို ယမန်နေ့ည ၁၁:၅၀ ဝန်းကျင်တွင် စစ်ကောင်စီက တိုက်ပွဲမရှိဘဲ တိုက်လေယာဉ်ဖြင့် ဗုံး ၂ လုံးကြဲခဲ့ရာ နေအိမ် ပျက်စီးဆုံးရှုံးမှုများရှိခဲ့ပြီး အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ဗုံးဆံထိမှန်ပြီး (မစိုးရိမ်ရ) ဒဏ်ရာများရခဲ့ကြောင်း မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။ ယနေ့မနက် ၁၁ နာရီ ဝန်းကျင်တွင်လည်း မင်းတပ်မြို့ပေါ်တွင် တပ်ဆင်ထားသော ဟောင်ဝစ်ဇာ (Howitzer) လက်နက်ကြီးများဖြင့် (၅) ချက်ဆက်တိုက် ဝမ္မသူးကျေးရွာကို ပစ်ခတ်ခဲ့သည်။ ယင်းပစ်ခတ်မှုတွင် ထိခိုက်ဒဏ်ရာရသူ အနည်းငယ်ရှိပြီး နေအိမ်ပျက်စီးမှုများကို မသိရသေးပေ။ ယခုကဲ့သို့ တိုက်ပွဲမရှိဘဲ စကစတပ်မှ ကျေးရွာများကို အကြောင်းမဲ့ ဗုံးကြဲခြင်း၊ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ခြင်းများကြောင့် ကျေးရွာနေပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်သည်။
ဖလမ်းမြို့မှာ ပစ်ခတ်မှုဖြစ်ပွားပြီး စကစရဲတပ်ဖွဲ့ ထိခိုက်သေဆုံးမှုရှိ
By Van Bawi Lian | မနေ့ ဇန်န၀ါရီ ၁၈ရက် ညနေပိုင်း ၃နာရီခွဲခန့်တွင် ဖလမ်းမြို့၊ Farthawk ရပ်ကွက်တွင် ပစ်ခတ်မှုဖြစ်ပွားပြီး စစ်ကောင်စီရဲတပ်ဖွဲ့ဖက်၌ ထိခိုက်သေဆုံးမှုရှိကြောင်း သတင်းရရှိသည်။ Canmary စာသင်းကျောင်းဖက်သို့ ဆင်းသွားသော စစ်ကောင်စီရဲတပ်ဖွဲ့အား ချင်းအမျိုးသားတပ်မတော် (CNA) တပ်ဖွဲ့၀င်များက အသင့်စောင့်ဆိုင်းအနေအထားဖြင့် ပစ်ခတ်လိုက်ခြင်းဖြစ်ကြောင်း ဒေသခံတွေရဲ့ ပြောကြားချက်အရ သိရသည်။ အဆိုပါပစ်ခတ်မှုအတွင်း စစ်ကောင်စီရဲတပ်သား တစ်ဦး သေဆုံးခဲ့ပြီး ၄ဦး ဒဏ်ရာရရှိကြောင်း ဒေသခံတွေကပြောဆိုကြသော်လည်း ချင်ဂျာနယ်အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိပေ။ ချင်းအမျိုးသားတပ်ဦး (CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီကတော့ ယင်းပစ်ခတ်မှုသည် CNA တပ်ဖွဲ့၀င်များက ပြုလုပ်ခြင်းဖြစ်ကြောင်း ပြောဆိုထားပြီး စစ်ကောင်စီရဲတပ်သား ၃ဦး သေဆုံးခဲ့ကြောင်း People’s Spring သတင်းဌာနသို့ အတည်ပြုပါတယ်။ […]
လေကြောင်းတိုက်ခိုက်မှုကြောင့် မီဇိုရမ်သို့ ချင်းဒုက္ခသည် ၂၀၀ ခန့်ထပ်မံရောက်ရှိ
By Van Bawi Lian | စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အိန္ဒိနိုင်ငံ၊ မီဇိုရမ်ပြည်နယ်သို့ ချင်းစစ်ဘေးဒုက္ခသည် ၂၀၀ ခန့်ထပ်မံရောက်ရှိလာကြကြောင်း Young Mizo Association (YMA) တာ၀န်ရှိသူတစ်ဦးက The Indian Express ကို ပြောပါတယ်။ စစ်ကောင်စီတပ်က CNF ဌာနချုပ်ကို ဇန်နဝါရီ ၁၀ရက်နှင့် ၁၁ရက်နေ့တွင် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး CNF ဌာနချုပ်အနီးနာရှိ ကျေးရွာများမှ အိမ်ထောင်စု ၅၉စု၊ လူဦးရေ ၂၀၀ခန့်သည် မီဇိုပြည်နယ်၊ ဖာရ်ကောန်ကျေးရွာသို့ ထွက်ပြေးကြခြင်းဖြစ်ပါတယ်။ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ထွက်ပြေးသူများထဲတွင် အမျိုးသမီးနှင့် ကလေးငယ်များပါ၀င်ပြီး YMA က တက်နိုင်သည့်ဖက်မှ အကူအညီတွေပေးပါတယ်။ “ကျနော်တို့ တက်နိုင်တဲ့ဖက်ကနေ ကူညီပေးကြတယ်။ အများစုက သူတို့ဆွေမျိုးတွေအိမ်မှာ ယာယီခိုလှုံနေထိုင်ကြတယ်” လို့ […]
ဟားခါးမြို့တွင် ရဲသားတစ်ဦး ပစ်သတ်ခံရလို့ အစစ်ဆေးတင်းကျပ်
ယနေ့ ဇန်န၀ါရီ ၁၃ရက်၊ မနက်ပိုင်း ၁၀နာရီခန့်က ဟားခါးမြို့၊ ဈေးဟောင်းရပ်ကွက်တွင် မဲစာရင်းလိုက်ကောက်ရာမှာ လုံခြုံရေးယူပေးတဲ့ ရဲတပ်သားတစ်ဦး ပစ်သတ်ခံရလို့ ဟားခါးမြို့တွင်းနှင့် မြို့အ၀င်ထွက်တွေမှာ တင်းကျပ်စွာစစ်ဆေးနေကြောင်း ဒေသခံတွေက ပြောကြပါတယ်။ မဲစာရင်းလိုက်ကောက်တဲ့ Non-CDM ၀န်ထမ်းတွေကို စစ်ကောင်စီ ရဲတပ်သားတွေက လိုက်လံလုံခြုံရေးယူပေးနေစဉ် ပစ်ခတ်ခံရတာဖြစ်ပြီး ရဲသားတစ်ဦး ဆေးရုံတွင် သေဆုံးကာ အခြား ရဲ ၄ဦး ဒဏ်ရာရရှိကြောင်း သိရှိရသည်။ ဟားခါးဒေသခံတစ်ဦးက “မြို့တွင်းနှင့် မြို့အ၀င်ထွက်တွေမှာ စစ်ဆေးရေးတင်းကျပ်ထားတယ်။ ပစ်ခတ်မှုဖြစ်ပွားတဲ့ ဈေးဟောင်းရပ်ကွက်ဆိုရင် အိမ်တွေထဲအထိ ၀င်ရောက်ပြီးလိုက်စစ်ကြတယ်” လို့ ပြောပါတယ်။ ဈေးဟောင်းရပ်ကွက်တွင် စစ်ကောင်စီတပ်သားတွေ ယနေ့ညပိုင်းအထိ သွားလာလှုပ်ရှားနေလို့ ရပ်ကွက်နေပြည်သူတွေ စိုးရိမ်ထိတ်လန့်ကြပြီး အိမ်ပြင်မထွက်ရဲဘဲ အိမ်ထဲမှာဘဲ နေကြပါတယ်။