ထန်တလန် စကစတပ်သား ၂ဦး လက်နက်များနဲ့ CNA/CDF ထံသို့ ထွက်ပြေး
ချင်းပြည်နယ်၊ ထန်တလန်မြို့ရှိ စစ်ကောင်စီတပ်ဖွဲ့မှ တပ်သား နှစ်ဦးသည် ဒီဇင်ဘာ ၂၄ရက် ညပိုင်းတွင် လက်နက်များနဲ့အတူ CDF နှင့် CNA တပ်ဖွဲ့၀င်များထံသို့ ထွက်ပြေးခိုလှုံလာကြကြောင်း သတင်းရရှိသည်။ “သူတို့ ညပိုင်းမှာ ထွက်ပြေးလာကြတယ်။ ထန်တလန်မြို့တွင်း CDF နှင့် CNA တပ်ဖွဲ့၀င်များအခြေချသည့်နေရာကို ထွက်ပြေးလာကြတာပါ။ သေနက် ၂လက်နှင့် ကျည်ဆံတွေပါလာကြတယ်” လို့ မြေပြင်သတင်းအရင်းအမြစ်တစ်ဦးက ပြောသည်။ ထွက်ပြေးလာကြသော စစ်ကောင်စီတပ်သား ၂ဦးကို CDF နှင့် CNA တပ်ဖွဲ့၀င်များက နွေးထွေးစွာကြိုဆိုကြပြီး လုံခြုံသည့်နေရာဖက်သို့ ညတွင်းချင်းပို့ဆောင်ပေးကြပါတယ်။ ဟားခါး-ထန်တလန်အကြားမှာ ပြီးခဲ့တဲ့ နို၀င်ဘာလအတွင်း တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က လေကြောင်းအကူအညီတွေလည်း အသုံးပြုခဲ့သည်။ စစ်ကောင်စီတပ်ဖွဲ့သည် ဟားခါးနှင့် ၅မိုင်ခန့်ရှိသည့် သီမစ်လွင်ပြင်အထိသာ ရောက်ရှိနိုင်ကြပြီး ထန်တလန်မြို့ဖက်ကို ကုန်းလမ်းဖြင့် စစ်ကူပို့နိုင်ခြင်း […]
တာဟန်းတွင် စကစတပ်သားတွေ ပစ်ခတ်လို့ ချင်းအမျိုးသားတစ်ဦး သေဆုံး
ယနေ့ ဒီဇင်ဘာ ၂၄ရက် နေ့လယ်ပိုင်း ၁၁နာရီခွဲခန့်က ကလေးမြို့၊ တာဟန်းရပ်ကွက် ၀ယ်စလီဆေးရုံလမ်းခွဲတွင် ဆိုင်ကယ်စီးလာကြတဲ့ ချင်းအမျိုးသား ၂ဦးအား စကစတပ်သားများက သေနက်နဲ့ ပစ်ခတ်လို့ ဦးသရန်ဇေထန်း (၃၅)နှစ် သေဆုံးသွားကြောင်း သတင်းရရှိသည်။ ဦးသရန်ဇေထန်းနှင့် အတူလိုက်ပါတဲ့ အမျိုးသားတစ်ဦးလည်း ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောပါတယ်။ “သူတို့က ကလေးမြို့နယ် ပျဉ်းခုံကြီးရွာက သာမန်ပြည်သူတွေပါ။ ဦးသရန်ဇေထန်းက ရင်အုံမှာထိပြီး နေရာမှာပဲ သေသွားတယ်။ သူနဲ့လိုက်ပါတဲ့ တစ်ယောက်လည်း ဒဏ်ရာရရှိတယ်။ ဦးသရန်ဇေထန်း အလောင်းကိုတော့ ရွာဖက်ကို သယ်သွားကြပြီလို့ သိရတယ်” လို့ ပြောပါတယ်။ မနက်ပိုင်း ၁၀နာရီခွဲခန့်တွင် တာဟန်းမီးပ္ပိုင့်ရှိ စစ်ကောင်စီတပ်ဖွဲ့အား CDF-KKG တပ်ဖွဲ့ ၀င်များက သွားရောက်တိုက်ခိုက်ပြီး စစ်ကောင်စီတပ်သားတွေရဲ့ သေနက်တစ်လက်သိမ်းဆည်းခဲ့သည်။ CDF-KKG တပ်ဖွဲ့ ၀င်များရဲ့ […]
ကလေးမြို့ တာဟန်းရပ်ကွက်မှာ အမျိုးသားတစ်ဦး ပစ်ခတ်ခံရ
ယနေ့ နေ့လယ်ပိုင်း ၁၁နာရီခွဲခန့်က ကလေးမြို့၊ တာဟန်းရပ်ကွက်မှာ ဆိုင်ကယ်နဲ့ အမျိုးသားတစ်ဦး ပစ်ခတ်ရလို့ ၎င်းဆိုင်ကယ်နှင့်အတူ လဲကျသွားပြီး သေဆုံးခြင်းရှိမရှိ မသိရှိရသေးကြောင်း ဒေသခံတွေက ပြေပါတယ်။ ဝီစလီဆေးရုံလမ်းခွဲမှာ ကင်းထိုင်တဲ့ စစ်ကောင်စီတပ်သားများက ပစ်ခတ်ခြင်းဖြစ်ကြောင်း၊ အခင်းဖြစ်ပွားချိန်တွင် တာဟန်း၌ စစ်ကောင်စီနှင့် တော်လှန်ရေးတပ်ဖွဲ့အကြားပစ်ခတ်မှုမရှိကြောင်း ဒေသံတစ်ဦးကပြောပါတယ်။ ယနေ့ မနက်ပိုင်း ၁၀ နာရီခွဲခန့်တွင် ကလေးမြို့၊ တာဟန်းမီးပ္ပိုင့်ရှိ စစ်ကောင်စီတပ်သားများအား CDF-KKG တော်လှန်ရေးတပ်ဖွဲ့မှ ၀င်ရောက်စီနင်းခဲ့ကြောင်း CDF-KKG မှ ထုတ်ပြန်ချက်အရ သိရသည်။ မီးပ္ပိုင့်ရှိ စစ်ကောင်စီတပ်သားများက CDF-KKG တပ်ဖွဲ့၀င်များချဉ်းကပ်လာသည်ကို မြင်တွေ့ခဲ့ပြီး သေနက်ထားခဲ့ကာ ထွက်ပြေးကြကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ တာဟန်းမီးပ္ပိုင့်စီးနင်းမှုတွင် CDF-KKG တပ်ဖွဲ့က စစ်ကောင်စီတပ်သေနက် ၁လက်၊ ကျည်ဘောက် ၁ခုနှင့် ကျည်ဆံ ၆၀ […]
စစ်ကောင်စီရဲတပ်သားတစ်ဦး CDF-Daai ထံသို့ အလင်း၀င်
CDF-Daai တော်လှန်ရေးတပ်ဖွဲ့ထံသို့ စစ်ကောင်စီရဲတပ်သားတစ်ဦးသည် ဒီဇင်ဘာ ၁၉ရက်နေ့က အလင်း၀င်ခဲ့ကြောင်း CDF-Daai ကထုတ်ပြန်သည်။ မန္တလေးတိုင်း၊ အမရပူရခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲတပ်သား လေဆန်း (ကိုင်ပိုင်အမှတ် လ/၂၇၈၅၁၃) သည် အာဏာသိမ်းစစ်ကောင်စီ လက်အောက်မှာ ဆက်လက်တာဝန်ထမ်းဆောင်လိုခြင်း မရှိတာကြောင့် အလင်း၀င်လာခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။ ပြည်သူနဲ့ပူးပေါင်းလာသည့် ရဲတပ်သား လေဆန်းကို CDF-Daai တပ်ဖွဲ့က နွေးထွေးစွာ ကြိုဆိုခဲ့ပြီး လွတ်မြောက်နယ်မြေ တစ်နေရာသို့ ပို့ဆဆောင်ပေးခဲ့ကြောင်း အသိပေးထားသည်။ စစ်ကောင်စီလက်အောက်မှာ တာ၀န်ထမ်းဆောင်လိုခြင်းမရှိသဖြင့် အလင်း၀င်ကာ ပြည်သူ့ရင်ခွင်သို့ခိုလှုံလိုသူ ပြည်သူ့ရဲများအား နွေးထွေးစွာကြိုဆိုလက်ခံသွားမည်ဖြစ်ကြောင်း CDF-Dai က ဖော်ပြထားပါတယ်။
ဂန့်ဂေါ်တွင် သာမန်ချင်းအမျိုးသားတစ်ဦးပစ်သတ်ခံရ၊ PDF ဟုသတင်းတုလွှင့်
မနေ့ ဒီဇင်ဘာ ၁၅ရက်၊ ညနေပိုင်း ၃နာရီခန့်တွင် ချင်းပြည်နယ်၊ မတူပီမြို့နယ်မှ ဂန့်ဂေါ်မြို့သို့ အလည်သွားရောက်သော ဆလိုင်းရွှေဘိလျန်အား အမှတ် (၁) ဂန့်ဂေါ်စစ်ဆေးရေးဂိတ်တွင် စကစတပ်သားတွေက ပစ်သတ်ပြီး စကစအာဘော် သတင်းချာနယ်များတွင် PDF ဟုသတင်းတုလွှင့်ခဲ့ကြသည်။ ဆလိုင်းရွှေဘီလျန်သည် မတူပီမြို့နယ်၊ ဇိုတုန်နယ်အတွင်းရှိ တိန်ဆီးကျေးရွာတွင် နေထိုင်သောသာမန်ပြည်သူတစ်ဦးဖြစ်ပြီး ဂန့်ဂေါမြို့ပေါ်တွင်နေထိုင်သည့် အဒေါ်ဖြစ်သူထံသို့ အလည်လာရောက်သူဖြစ်သည်။ “KPK ဆီဆိုင်သို့ ဆိုင်ကယ်ဆီထည့်ရန်သွားနေစဉ် ဆိုင်ကယ်မရပ်ဘဲမောင်းမိရာက စခများက ပစ်ခတ်ခဲ့သဖြင့် ချင်းအမျိုးသားတစ်ဦးဖြစ်သူ ရွှေဘိလျန်သည် ယင်းအမှတ် (၁) ဂိတ်အနီးတွင်ပင် ဆုံးသွားကြောင်းသိရသည်” ဟု ဒေသတွင်း သတင်းချာနယ်တစ်ခုဖြစ်သည့် ယောအလင်းတန်းက ဖော်ပြထားပါတယ်။ ဆလိုင်းရွှေဘိလျန် ပစ်သတ်ခံရသည့်ကိစ္စနဲ့ပတ်သက်ပြီး CDF-Zotung က ၀မ်းနည်းကြောင်းထုတ်ပြန်ထားပါတယ်။ “အပြစ်မဲပြည်သူတစ်ဦးဖြစ်သည့် ဆလိုင်းရွှေဘိလျန်သည် ၁၅၊ ၂၁၊ ၂၀၂၂ တွင် […]
ဟားခါးမြို့မှာ ပစ်ခတ်မှု ဖြစ်ပွားပြီး နေအိမ်တစ်လုံး မီးရှို့ဖျတ်ဆီးခံရ
ချင်ပြည်နယ်၊ ဟားခါးမြို့၊ မြို့ဟောင်းရပ်ကွက်တွင် ဒီဇင်ဘာ ၁၁ရက်နေ့ ည ၈နာရီခန့်က ပစ်ခတ်မှုဖြစ်ပွားပြီး မြို့ဟောင်းအောက်ပိုင်း ဟိုင်ထလန်းအနီးက လူနေအိမ်တစ်လုံး မီးရှို့ဖျတ်ဆီးခံရကြောင်း သိရသည်။ “ပစ်ခတ်မှုက မိနစ်ပိုင်းပဲကြာတယ်။ နေအိမ်တစ်လုံး မီးလောင်သွားတယ်။ ဘာကြောင့်လောင်သွားလဲတော့မသိဘူး။ ကျနော်တို့လည်း အပြင်မထွက်ရဲဘူး။ ၂၆၆ တပ်စခန်းကနေ လက်နက်ကြီးပစ်ခတ်သံတွေ ကျနော်တို့ကြားရတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ အဆိုပါ ပစ်ခတ်မှုတွင် စကစဖက်၌ ထိခိုက်သေဆုံးမှုရှိကြောင်း ပြောဆိုကြသော်လည်း ချင်းဂျာနယ်နေနဲ့ သီးခြားအတည်ပြုနိုင်ခြင်းမရှိပေ။ နေအိမ်တစ်လုံး မီးလောင်မှုနဲ့ ပတ်သက်ပြီး စကစတပ်သားများက ရည်ရွယ်ချက်ရှိရှိ မီးရှို့ခြင်းဖြစ်ကြောင်း၊ အိမ်ပိုင်ရှင် မိသားစု ၆ဦးဟာ နေထိုင်စရာနေရာမရှိတော့ကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
စကစတပ်ဖွဲ့၀င် ၄ဦး CDF-Zophei ထံသို့ လက်နက်များနှင့် အလင်း၀င်
ချင်းပြည်နယ်၊ ဟားခါးမြို့အခြေဆိုက် စကစ ၂၆၆ တပ်ရင်းမှ တပ်သား ၃ဦးနှင့် ဟားခါးမြို့မရဲစခန်းမှ ရဲတပ်သားတစ်ဦးတို့သည် လက်နက်နဲ့ စစ်အသုံးဆောင်ပစ္စည်းများနှင့် CDF-Zophei ထံသို့ အလင်း၀င်ခဲ့ကြကြောင်း သတင်းရရှိသည်။ စကစ ၂၆၆ တပ်ရင်းမှ တပ်သား ဇင်ကိုထက်၊ အောင်ဖြိုးမင်းနှင့် သက်နိုင်ထွန်းတို့သည် ယခုနှစ် စက်တင်ဘာလတွင် သေနက် ၂လက်၊ လက်ပစ်ဗုံး ၃ခုနှင့် ကျည်ဆံ ၇၀၀ကျော်ယူဆောင်ကာ CDF-Zophei ထံသို့ ခိုလှုံခဲ့ကြသည်။ ဟားခါးမြို့မရဲစခန်းမှ ရဲတပ်သား အောင်ထန်း လည်း G3 သေနက်တစ်လက်၊ ကျည်ဆံ ၁၃၀ ကျော်၊ ကြည်ကာတစ်စုံနှင့် အခြားရဲအသုံးအဆောင်ပစ္စည်းများနှင့် ယခုနှစ် နို၀င်ဘာလ ၁၅ရက်နေ့တွင် CDF-Zophei ထံသို့ ရောက်ရှိခဲ့ကြောင်း သိရသည်။ CDM ပြုလုပ်ပြီး ပြည်သူနှင့်ပူးပေါင်းလာကြသည့် စကစ […]
သိက္ခာတော်ရ ဆရာတော်ကို စကစက အလုပ်ကြမ်းနှင့် ထောင်ဒဏ်နှစ် ၂၀ ချ
မန္တလေးမြို့၊ ဖလမ်းနှစ်ခြင်းခရစ်ယာန်အသင်းတော်မှ သင်းအုပ်ဆရာတော်ကြီး သိက္ခာတော်ရဆရာ သျှန်းလျှန်ဆန်း (Rev- Thian Lian Sang) ကို စစ်ကောင်စီက ယမန်နေ့ဒီဇင်ဘာလ ၇ ရက်နေ့က အလုပ်ကြမ်းနှင့် ထောင်ဒဏ် နှစ် ၂၀ ကျော် အမိန့်ချမှတ်လိုက်သည်ဟု သိရသည်။ သိက္ခာတော်ရဆရာ သျှန်းလျှန်ဆန်းကို စစ်ကောင်စီတပ်ဖွဲ့က ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့က မန္တ လေးမြို့နေအိမ်တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ယခုနှစ်ဇွန်လ ၁၅ ရက်နေ့က ပုဒ်မ ၅၀၅(က) ဖြင့်အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ နှစ်ချမှတ်ခဲ့ပြီးနောက် ဒီဇင်ဘာလ ၇ ရက်နေ့တွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ၄၉ (က) ဖြင့်အလုပ်ကြမ်းနှင့် ထောင်ဒဏ် နှစ် ၂၀ ထပ်မံချမှတ်ကာ စုစု ပေါင်းထောင်ဒဏ် […]
CDF-Thantlang ထိန်းချုပ်နယ်မြေတွင် အုပ်ချုပ်ရေးမှူးများ တွေ့ဆုံပွဲကျင်းပ
ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်၊ CDF-Thantlang ထိန်းချုပ်နယ်မြေအတွင်းရှိ ကျေးရွာအုပ်ချုပ်ရေမှူးများနှင့် ထန်တလန်မြို့နယ်အုပ်ချုပ်ရေးအဖွဲ့မှ တာ၀န်ရှိသူများတွေ့ဆုံပွဲကို နို၀င်ဘာလာ ၂၉ရက်နေ့မှ ၃၀ ရက်နေ့အထိကျင်းပခဲ့ကြောင်း သိရှိရသည်။ လမ်းပန်းဆက်သွယ်ရေး၊ တရားစီရင်ရေး၊ ရဲတပ်ဖွဲ့၊ ကျန်းမာရေးနှင့် ကျေးရွာအတွင်းအုပ်ချုပ်ရေးလုပ်ငန်းများ မှန်မှန်ကန်ကန်လည်ပက်နိုင်အောင် အဓိကထားပြီး ဆောင်ရွက်ခဲ့ကြောင်း ထန်တလန်မြို့နယ်အုပ်ချုပ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ကျေးရွာအုပ်ရေးမှူးများကို လူထုမှဒီမိုကရေစီနည်းလမ်းအတိုင်းရွေးချယ်ရပြီး တာ၀န်ထမ်းဆောင်ချိန် သက်တမ်းတစ်နှစ်ချမှတ်ထားပါတယ်။ ထန်တလန်မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ကို နို၀င်ဘာလ ၂၀၂၁ ခုနှစ်တွင် CDF-Thantlang ထိန်းချုပ်နယ်မြေအတွင်းရှိ ကျေးရွာ ၅၁ မှာ စတင်ဖွဲ့စည်းခဲ့ပြီး ယခုနှစ် နို၀င်ဘာလတွင် သက်တမ်းတစ်နှစ်ပြည့်ခဲ့ပြီဖြစ်သည်။
စစ်ကောင်စီတပ်သားများ ရမ်းသမ်းပစ်ခတ်လို့ အမျိုးသမီးတစ်ဦး ကျည်ထိဒဏ်ရာရ
မနေ့ နို၀င်ဘာ ၇ရက် ညပိုင်း ၈နာရီခွဲခန့်တွင် ဟားခါးမြို့၊ ဟားခါးထာရ်ရပ်ကွက်ရှိ ၆-လမ်းဆုံ စစ်ဆေးရေးဂိတ်တွင် တာ၀န်ကျသော စစ်ကောင်စီတပ်သားများက သေနက်ရမ်းသမ်းပစ်ခတ်လို့ အသက် ၆၀နှစ် ဒေါ်ဖာရ်ကြန် ကျည်ထိဒဏ်ရာရရှိပြီး ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သတင်းရရှိသည်။ “ဂိတ်စောင့် စစ်သားတွေ အရက်မှုးပြီး ရမ်းသမ်းပစ်ခတ်တာထင်တယ်။ ရပ်ကွက်အတွင်း လူနေအိမ်တွေ ထိသွားတယ်။ အိမ်ထဲမှာနေတဲ့ အမျိုးသမီးတစ်ဦး ကျည်ထိပြီး ဆေးရုံပို့ထားတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ စစ်ကောင်စီတပ်သားများက သေနက်ရမ်းသမ်းပစ်ခတ်နေချိန်တွင် ဟားခါးမြို့၌ တိုက်ပွဲဖြစ်ပွားခြင်း မရှိဘူးလို့ သိရပါတယ်။ နို၀င်ဘာ ၆ရက်နေ့တွင်လည်း ဟားခါးမြို့၊ ဈေးသစ်ရပ်ကွက်၊ ကညနရုံးအနီးတွင် စစ်ကောင်စီတပ်သားများက ဆိုင်ကယ်စီးလာသော သာမန်အမျိုးသားတစ်ယောက်အား တားဆီးပြီး CNA တပ်ဖွဲ့၀င်ဟုစွပ်စွဲကာ ရိုက်နှပ်ခဲ့သည်။ စစ်ကောင်စီတပ်သားများက အဆိုပါအမျိုးသားအား သွားတစ်ချောင်းကျိုးသွားသည့်အထိ ရိုက်နှပ်ပြီးနောက် […]