ကန်ပက်လက်မှာ တိုက်ပွဲဆက်လက်ဖြစ်ပွား၊ စကစ ၃ဦးသေဆုံး

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့နဲ့ CDF-ကန်ပက်လက်တပ်ဖွဲ့အကြား တိုက်ပွဲဆက်လက်ဖြစ်ပွားပြီး စစ်ကောင်စဘက်တွင် စစ်သား ၃ဦး သေဆုံးပြီး CDF-ကန်ပက်လက်ဘက်တွင် ရဲဘော်တစ်ဦး ဒဏ်ရာရရှိတယ်လို့ CDF-ကန်ပက်လက်က ယနေ့ညတွင် ထုတ်ပြန်ပါတယ်။ ကျင်ဒွေးမြို့သို့ ရိက္ခာပို့ရန် ထွက်ခွာလာသော အင်အား ၃၀၀ ကျော် ပါရှိသည့် စစ်ကောင်စီစစ်ကြောင်းနဲ့ CDF-ကန်ပက်လက်တပ်ဖွဲ့တို့အကြား အုံလမ်းခွဲတွင် ဇူလိုင်လ ၂၄ရက်နေ့ ညနေ ၅ နာရီမှ ၅ နာရီခွဲအတွင်း တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီစစ်သား ၃ဦး သေဆုံးတယ်လို့ ဆိုပါတယ်။ ဇူလိုင်လ ၂၅ရက်နေ့ နံနက်ပိုင်း ၈နာရီအချိန်တွင်လည်း နတ်စင်ကုန်းအနီးတွင် စစ်ကောင်စီတပ်နဲ့ CDF-ကန်ပက်လက်တပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး CDF-ကန်ပက်လက်မှ ရဲဘော် တစ်ဦး မစိုးရိမ်ရတဲ့ ဒဏ်ရာရရှိထားတယ်လို့ ဖော်ပြထားပါတယ်။ နှစ်ဖက်တိုက်ပွဲအတွင်း ထိခိုက်ဒဏ်ရာရရှိမှု၊ ကျဆုံးမှုနဲ့ ပတ်သက်လို့ […]

ဟားခါး-ထန်တလန်အကြား အော်တိုတောင်ကို စစ်ကောင်စီ သိမ်းပိုက်

ဟားခါး-ထန်တလန်အကြားရှိ အော်တိုတောင်ကို ဇူလိုင်လ ၂၀ရက် မနေ့ နံနက်ပိုင်းက အကြမ်းဖက်စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း သတင်းရရှိပါတယ်။ အော်တိုတောင်ဟာ ထန်တလန်နဲ့ ၅မိုင်ခန့်အကွာတွင်တည်ရှိပြီး ထန်တလန်အတွက် စစ်ရေးဗျူဟာအရ အရေးပါသော နေရာတစ်ခုဖြစ်ပါတယ်။ မနေ့ နံနက်ပိုင်း ၄နာရီတွင် စစ်ကောင်စီတပ်ဖွဲ့က အော်တိုတောင်ကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ ချင်းပူးပေါင်းတပ်ဖွဲ့၏ သေနတ် ၁၀လက်၊ RPG တစ်လက်နဲ့ အခြားစစ်အသုံးဆောင်ပစ္စည်းတစ်ချို့ကို သိမ်းပိုက်ခဲ့တယ်လို့ စစ်ကောင်စီအာဘော် သတင်းစာမျက်နှာများတွင် ဖော်ပြထားပါတယ်။ အော်တိုတောင် လက်လွှတ်ခဲ့ရသည့် ကိစ္စနဲ့ပတ်သက်လို့ ထန်တလန်ရှေ့တန်းရောက် ချင်းတော်လှန်ရေးတပ်ဖွဲ့၀င်တစ်ဦးက ချင်းဂျာနယ်သို့ အတည်ပြု‌ထားပြီး ချင်းပူးပေါင်းတပ်ဖက်၌ ကျဆုံးဒဏ်ရာရရှိမှုတော့ မရှိဘူးလို့ ပြောပါတယ်။

စကစ စစ်ကြောင်းထိုးလို့ ကန်ပက်လက်တွင် စစ်ဘေးရှောင် ၂ထောင်ခန့်ထပ်တိုး

မကွေးတိုင်းဖက်မှ ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်ထဲကို အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့က အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာမှုကြောင့် ကန်ပက်လက်မြို့နယ်အတွင်း၌ စစ်ဘေးရှောင် ၂ထောင်ခန့် ထပ်တိုးလာတယ်လို့ ကန်ပက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ ထောက်ပို့ယာဉ်တန်းနဲ့ စစ်သားအင်းအား ၃၀၀ခန့်ပါရှိသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့နဲ့ CDF-Kanpetlet တပ်ဖွဲ့တို့ မဆာတွီကျေးရွာနှင့် ဆွဲလွဲကျင်းကျေးရွာ အကြားတွင် ဇူလိုင်လ ၁၅ရက်နေ့ကစပြီး နေ့စဥ်တိုက်ပွဲများ ဖြစ်ပွားနေတယ်လို့ CDF-Kanpetlet ကဆိုပါတယ်။ အဆိုပါ စစ်ကောင်စီစစ်ကြောင်းဟာ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ဖက်ကို ဦးတည်နေပြီး ကန်ပက်လက်မြို့နယ်ထဲက ကျေးရွာ ၅ရွာမှ ပြည်သူ ၁၅၀၀ခန့် နဲ့ မကွေးတိုင်း၊ ဆောမြို့နယ် ကျေးရွာ ၃ရွာမှ ပြည်သူ ၅၀၀ခန့်ဟာ ကန်ပက်လက်မြို့နယ်အတွင်း၌ စစ်ဘေးရှောင်နေကြတယ်လို့ ဆိုပါတယ်။ ယနေ့ ဇူလိုင်လ ၁၈ရက်နေ့ နံနက်ပိုင်း ၇နာရီခန့်တွင် စစ်ကောင်စီစစ်ကြောင်းနဲ့ CDF-Kanpetlet […]

တွန်းဇံတိုက်ပွဲ စကစ ၁ဦး သေဆုံးပြီး လက်နက်တစ်ချို့ သိမ်းဆည်း

ချင်းပြည်နယ်၊ တွန်းဇံမြို့ အထက ကျောင်း၌ တပ်ဆွဲသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို ယနေ ဇူလိုင် ၁၃ရက်နေ့ မနက်ပိုင်း ၁၀နာရီခန့်တွင် CDF-Tonzang တော်လှန်ရေးတပ်ဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့ရာ စကစတပ်သား တစ်ဦးသေဆုံးခဲ့ကြောင်း သိရပါတယ်။ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားချိန်ဟာ ကလေးတွေကျောင်းတက်နေချိန်ဖြစ်ပြီး ကလေးတွေထိခိုက်မှုမရှိအောင် အတက်နိုင်ဆုံးကြိုးစားတယ်လို့ CDF-Tonzang အတွင်းရေးမှူးက ပြောပါတယ်။ “စကစဖွင့်တဲ့ကျောင်းမှာ မတက်ကြဖို့ ကျနော်တို့ အကြီမ်ကြီမ် သတိပေးခဲ့ပါတယ်။ အခု ကျောင်းက စကစတွေကို ကျနော်တို့ သွားတိုက်တဲ့အချိန်မှာလည်း ကလေးတွေ ထိခိုက်မှုမရှိအောင် အတက်နိုင်ဆုံး ကြိုးစားတယ်။ ဘုရားရဲ့ကျေးဇူးတော်ကြောင့် ကလေးတစ်ယောက်မှ ထိခိုက်မှုမရှိဘူး။ ကျနော်တို့ တပ်ဖွဲ့၀င်‌တွေလည်း အထိအခိုက်မရှိ တပ်ဆုတ်နိုင်ခဲ့တယ် ” လို့ ပြောပါတယ်။ အဆိုပါတိုက်ပွဲတွင် စကစတပ်သား တစ်ဦး သေဆုံးပြီး မောင်းပြန်သေနတ် တစ်လက်နဲ့ […]

သိုင်းငင်းတိုက်ပွဲ တော်လှန်ရေးရဲဘော် ၄ဦးကျ၊ စကစဖက် သေဆုံးမှုများ

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အတွင်း ကလေး-ဟားခါးလမ်းပေါ်ရှိ သိုင်းငင်းရွာ အကြမ်းဖက်စစ်ကောင်စီစခန်းကို ယနေ့ ဇူလိုင် ၁၁ရက်နေ့ နံနက် ၅:၃၀ အချိန်တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့၀င်များက ၀င်ရောက်စီနင်းခဲ့ရာ တော်လှန်ရေးရဲဘော် ၄ဦး ကျဆုံးပြီး စကစဖက်တွင် သေဆုံးမှုနဲ့ ထိခိုက်ဒဏ်ရာရရှိမှုများပြားပြီး စကစရဲ့ လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းခဲ့ရကြောင်း CDF CDM-Siyin က ထုတ်ပြန်လိုက်ပါတယ်။ သိုင်းငင်း စကစ စခန်းစီးနင်းမှုတွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဖက်၌ CDF CDM-Siyin၊ PDF Zoland+ B5 ME၊ CNDF၊ TCDF,၊ KKG B7၊ PDA နဲ့ PDF-Kalay, S2 တပ်ဖွဲ့ ၀င်များပူးပေါင်းပါ၀င်တယ်လို့ ဖော်ပြထားပါတယ်။ နံနက်ပိုင်း ၅နာရီခွဲမှာ တိုက်ပွဲစတင်ဖြစ်ပွားပြီး နေ့လယ် ၁၂နာရီအထိ ကြာမြင့်ခဲ့ပါတယ်။ စကစဖက်မှ တိုက်လေယာဉ်နဲ့ […]

ဟားခါး-ထန်တလန်အကြားတိုက်ပွဲ စကစတပ်သား ၆ဦး သေဆုံး

ဟားခါး-ထန်တလန်အကြား သီတာနားနေစခန်းအနီးတွင် ဇူလိုင် ၇ရက်နေ့နဲ့ ၈ ရက်နေ့က ချင်းအမျိုးသားတပ်မတော် (CNA)နဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်သား ၆ဦး သေဆုံးပြီး သေနတ် ၄လက်နဲ့ လက်နက်ခဲယမ်းများကို CNA က သိမ်းဆည်းခဲ့ပါတယ်။ ဇူလိုင်လ ၈ရက်နေ့တိုက်ပွဲတွင် စစ်ကောင်စီတပ်က လေကြောင်းဖြင့် ၂ ကြိမ်ပစ်ကူပေးသည့်အပြင် ဟားခါးမြို့ကနေ လက်နက်ကြီးနဲ့လည်း ပစ်ကူပေးခဲ့ပါတယ်။ ယန်မနေ့တိုက်ပွဲတွင် အထိနာသော စစ်ကောင်စီတပ်သားများ ထွက်ပြေးခဲ့ရပြီး ထန်တလန်ဖက်ကို ထိုးဖောက်နိုင်ခြင်းမရှိဘူးလို့ သိရပါတယ်။ ယနေ့ ဇူလိုင် ၉ ရက်တွင် CNA တပ်ဖွဲ့က နယ်မြေရှင်းလင်းရေးဆောင်ရွက်ရာ စစ်ကောင်စီတပ်သား အလောင်း ၆ လောင်း၊ သေနတ် ၄ လက်နဲ့ လက်နက်ခဲယမ်းတစ်ချို့ကို သိမ်းဆည်းခဲ့ပါတယ်။

လိုင်လင်းပီမြို့ပေါ်တိုက်ပွဲ စကစ ၄ဦးနဲ့ အရပ်သား ၁ဦး သေဆုံး

ချင်းပြည်နယ်၊ ပတူပီမြို့နယ်၊ လိုင်လင်းပီမြို့တွင် မနေ့ ဇူလိုင် ၈ရက်‌နေ့ ညနေပိုင်းက အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ CDF-Mara တပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်သား ၄ဦးနဲ့ ဒေသခံအမျိုးသမီး တစ်ဦး သေဆုံးခဲ့ကြောင်း CDF-Mara ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ညနေပိုင်း ၂း၂၀အချိန်တွင် လိုင်လင်းပီမြို့တွင်း၌နာရီ၀က်အကြာ နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားပြီး စစ်ကောင်စီတပ်ဖွဲ့၀င် ၄ဦး ပွဲချင်းပြီး သေဆုံးကာ စစ်ကောင်စီဖက်မှ ပစ်ခတ်လိုက်သော လက်နက်ကြီးကြောင့် ဒေသခံအမျိုးသမီး တစ်ဦး သေဆုံးခြင်းဖြစ်ကြောင်း CDF-Mara ကဆိုပါတယ်။ စစ်ကောင်စီတပ်မှ ပစ်ခတ်သော လက်နက်ကြီးကြောင့် လူနေအိမ် ၂လုံးလည်း မီးလောင်သွားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ လိုင်လင်းပီမြို့ ပြည်သူများကို စစ်ကောင်စီတပ်သားများက ခြိမ်း‌ခြောက်ခြင်း၊ နှောက်ယှက်ခြင်းနဲ့ မူးယစ်ရမ်ကားပြီး သေနတ်ပစ်ဖောက်ခြင်းများ ပြုလုပ်တာကြောင့် CDF-Mara ကတိုက်ခိုက်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။ […]

စကစသံချပ်ကာ ၂စီး ဖျက်စီးနိုင်ခဲ့သော ချင်းပူးပေါင်းတပ်ကို NUGက ဆုငွေချီးမြှင့်

ဟားခါး-ဖလမ်းအကြား ဇိန်မှုစစ်ဆင်ရေးတွင် အကြမ်းဖက်စစ်ကောင်စီ သံချက်ကာယာဉ် ၂စီးကို ဖျက်စီးနိုင်ခဲ့သော ချင်းအမျိုးသားတပ်မတော် (CNA) နဲ့ CDF ပူးပေါင်းတပ်ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ကျပ်သိန်း ၄,၀၀၀ ဂုဏ်ပြုချီးမြှင့်လိုက်ကြောင်း သိရပါတယ်။ ယနေ့ ဇူလိုင် ၄ ရက်တွင် NUG ၏ ၂၂ ကြိမ်မြောက်၊ အစိုးရအဖွဲ့အစည်းအဝေးမှာ စိစစ်ချီးမြှင့်ရေးအဖွဲ့ က လေ့လာသုံးသပ်စိစစ်ကာ CNA နှင့် CDF တို့၏ တာဝန်ရှိသူများကို ချီးမြှင့်ခဲ့တယ်လို့ အမျိုးသားညီညတ်ရေးအစိုးရက ထုတ်ပြန်ပါတယ်။ “ဒီသတင်းကို ကြားရချိန်တုန်းက ကျွန်တော်တို့ အားလုံး အံ့ဩ ဝမ်းသာဖြစ်ခဲ့ပြီး တော်လှန်ရေးအတွက်လည်း တကယ်ကို အားတက်ခဲ့ကြရပါတယ်။ ဒီလို ကြီးမားတဲ့ အောင်မြင်မှုမျိုးကို စွမ်းဆောင်နိုင်တဲ့ ချင်းကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ တွေ အပါအဝင် […]

သီတာဖက်ကို စကစက လေကြောင်း၊ ကုန်းကြောင်းဖြင့် ထိုးစစ်ဆင်

ဟားခါး-ထန်တလန်အကြား သီတာဖက်ကို အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့က ယနေ့ နံနက်အ‌စောပိုင်းကစပြီး လေကြောင်းနဲ့ ကုန်းကြောင်းဖြင့် ထိုးစစ်ဆင်လို့ တိုက်ပွဲပြင်းထန်နေကြောင်း သတင်းရရှိပါတယ်။ “ယနေ့ နံနက်ပိုင်း ၃နာရီခန့်မှာ စကစက သီတာဖက်ကို တိုက်လေယာဉ်နဲ့ ၂ကြီမ် ပစ်ခတ်တိုက်ခိုက်တယ်။ သူတို့ လေယာဉ်နဲ့ ပစ်ပြီး မြေပြင်မှာစကစတပ်သားတွေက ထိုးစစ်ဆင်တိုက်ခိုက်ကြတယ်။ နှစ်ဖက်ထိခိုက်မှု အခြေအနေကိုတော့ မသိရသေးဘူး” လို့ ထန်တလန်ရှေ့တန်းမှာ တာ၀န်ကျတဲ့ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။ အကြမ်းဖက် စစ်ကောင်စီတပ်က လေကြောင်း၊ ကုန်းကြောင်းဖြင့် ထိုးစစ်ဆင်သည့်အပြင် ဟားခါးဖက်ကနေ လက်နက်ကြီးတွေနဲ့ ပစ်ကူပေးနေပါတယ်။ ယခုနှစ် မေလ ကုန်ပိုင်းတွင်လည်း ဟားခါး-ထန်တလန်အကြား လုံခါရ်ဖက်ကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်း၊ ကုန်းကြောင်းဖြင့် အပြင်းအထန်ထိုးစစ်ဆင်ခဲ့ရာ နှစ်ဖက်ထိခိုက်ကျဆုံးတွေ များခဲ့ပါတယ်။ မေလ ကုန်ပိုင်းတိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်က ဟားခါး-ထန်တလန်အကြားသီတာနားနေစခန်းရှိ လူနေအိမ်များကိုလည်း […]

ထန်တလန်မြို့ကို စကစက ‌တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်

မနေ့ ဇွန်လ ၂၈ရက်၊ နေ့လယ်ပိုင်း ၁၂နာရီခန့်က အကြမ်းဖက်စစ်ကောင်စီတပ်က ချင်းပြည်နယ်၊ ထန်တလန်မြို့ကို တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။ “နေ့လယ်ပိုင်း ၁၂နာရီ ၀န်းကျင်မှာ စကတိုက်လေယာဉ်တစ်စင်းက နှစ်ကြီမ်လာပစ်သွားတယ်။ ပထမတစ်ကြီမ်မှာ ဗုံးတစ်လုံးချသွားတယ်။ ဒုတိယအကြိမ်မှာတော့ ဗုံး ၂လုံးချပြီး စကသေနက်နဲ့ပါ ပစ်သွားတယ်” လို့ ထန်တလန်ရှေ့တန်းတွင် တာ၀န်ထမ်းဆောင်နေသော ချင်းအမျိုးသားတပ်မတော် (CNA) ရဲဘော်တစ်ဦးက ပြောပါတယ်။ အဆိုပါ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွင် ထန်တလန်ဆေးရုံကြီးနားက ‌လူနေအိမ် ၂လုံး မီးလောင်သွားခဲ့ပြီး မြေပြင်ရှိတော်လှန်ရေးတပ်ဖွဲ့၀င်တွေတော့ ထိခိုက်မှု တစ်စုံတစ်ရာမရှိဘူးလို့ ၎င်းက ဆက်ပြောပါတယ်။ မနေ့ မနက်ပိုင်း ၁၁နာရီ၀န်းကျင်တွင်လည်း မင်းတပ်မြို့နယ်၊ လုပ်ခေးကျေးရွာအနီးတွင် အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်လေယာဉ်နဲ့ ဗုံး ၂လုံး ကြဲချခဲ့ကြောင်း သိရပါတယ်။