လိုင်လင်းပီမြို့ပေါ်တိုက်ပွဲ စကစ ၄ဦးနဲ့ အရပ်သား ၁ဦး သေဆုံး

ချင်းပြည်နယ်၊ ပတူပီမြို့နယ်၊ လိုင်လင်းပီမြို့တွင် မနေ့ ဇူလိုင် ၈ရက်‌နေ့ ညနေပိုင်းက အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ CDF-Mara တပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်သား ၄ဦးနဲ့ ဒေသခံအမျိုးသမီး တစ်ဦး သေဆုံးခဲ့ကြောင်း CDF-Mara ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ညနေပိုင်း ၂း၂၀အချိန်တွင် လိုင်လင်းပီမြို့တွင်း၌နာရီ၀က်အကြာ နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားပြီး စစ်ကောင်စီတပ်ဖွဲ့၀င် ၄ဦး ပွဲချင်းပြီး သေဆုံးကာ စစ်ကောင်စီဖက်မှ ပစ်ခတ်လိုက်သော လက်နက်ကြီးကြောင့် ဒေသခံအမျိုးသမီး တစ်ဦး သေဆုံးခြင်းဖြစ်ကြောင်း CDF-Mara ကဆိုပါတယ်။

စစ်ကောင်စီတပ်မှ ပစ်ခတ်သော လက်နက်ကြီးကြောင့် လူနေအိမ် ၂လုံးလည်း မီးလောင်သွားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လိုင်လင်းပီမြို့ ပြည်သူများကို စစ်ကောင်စီတပ်သားများက ခြိမ်း‌ခြောက်ခြင်း၊ နှောက်ယှက်ခြင်းနဲ့ မူးယစ်ရမ်ကားပြီး သေနတ်ပစ်ဖောက်ခြင်းများ ပြုလုပ်တာကြောင့် CDF-Mara ကတိုက်ခိုက်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။

CDF-Mara ဟာ ချင်းပြည်နယ်အတွင်း ရှေ့တန်းစစ်မျက်နှာများတွင် ချင်းအမျိုးသားတပ်မတော် (CNA) နဲ့ အခြား CDF တပ်ဖွဲ့၀င်များနဲ့အတူ အကြမ်းဖက်စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်နေသော ချင်းတော်လှန်ရေးတပ်ဖွဲ့ တစ်ဖွဲ့ ဖြစ်ပါတယ်။