သိုင်းငင်းတိုက်ပွဲ တော်လှန်ရေးရဲဘော် ၄ဦးကျ၊ စကစဖက် သေဆုံးမှုများ

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အတွင်း ကလေး-ဟားခါးလမ်းပေါ်ရှိ သိုင်းငင်းရွာ အကြမ်းဖက်စစ်ကောင်စီစခန်းကို ယနေ့ ဇူလိုင် ၁၁ရက်နေ့ နံနက် ၅:၃၀ အချိန်တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့၀င်များက ၀င်ရောက်စီနင်းခဲ့ရာ တော်လှန်ရေးရဲဘော် ၄ဦး ကျဆုံးပြီး စကစဖက်တွင် သေဆုံးမှုနဲ့ ထိခိုက်ဒဏ်ရာရရှိမှုများပြားပြီး စကစရဲ့ လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းခဲ့ရကြောင်း CDF CDM-Siyin က ထုတ်ပြန်လိုက်ပါတယ်။

သိုင်းငင်း စကစ စခန်းစီးနင်းမှုတွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဖက်၌ CDF CDM-Siyin၊ PDF Zoland+ B5 ME၊ CNDF၊ TCDF,၊ KKG B7၊ PDA နဲ့ PDF-Kalay, S2 တပ်ဖွဲ့ ၀င်များပူးပေါင်းပါ၀င်တယ်လို့ ဖော်ပြထားပါတယ်။

နံနက်ပိုင်း ၅နာရီခွဲမှာ တိုက်ပွဲစတင်ဖြစ်ပွားပြီး နေ့လယ် ၁၂နာရီအထိ ကြာမြင့်ခဲ့ပါတယ်။ စကစဖက်မှ တိုက်လေယာဉ်နဲ့ ၃ကြီမ် လာ‌ရောက် ‌ဗုံးကြဲသွားတယ်လို့လည်း ဆိုပါတယ်။

နေ့လယ်ပိုင်း ၁၂ နာရီအထိ တိုပ်ပွဲဖြစ်ပွားပြီး တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့၀င်များ အောင်မြင်စွာတပ်ဆုတ်ခဲ့ရကြောင်း CDF CDM-Siyin က သတင်းထုတ်ပြန်ပါတယ်။