၂၀၂၂ ဒီဇင်ဘာ ၃၀ရက်န့မှ ယနေ့ ဇန်နဝါရီ ၁ရက်နေ့အထိ ထန်တလန်မြို့၌ စစ်ကောင်စီတပ်ဖွဲ့နှင့် CNA/CDF-Thantlang ပူးပေါင်းတပ်ဖွဲ့တပ်ဖွဲ့အကြား တိုက်ပွဲ့ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ယနေ့ နံနက်ပိုင်း တိုက်ပွဲတွင် CNA နှင့် CDF-Thantlang ပူးပေါင်းတပ်ဖွဲ့က စစ်ကောင်စီတပ်သားများ တပ်ဆွဲထားသည့် မြို့တွင်းတစ်နေရာကို ၀င်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရှိရပါတယ်။
အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖက်၌ ၄ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိကြတယ်လို့ ချင်းဂျာနယ်သတင်းအရင်းအမြစ်တစ်ဦးကဆိုသည်။
၃ ရက်တာဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း CNA နှင့် CDF-Thantlang ပူးပေါင်းတပ်ဖွဲ့၌ ထိခိုက်ကျဆုံးမှုမရှိဘူးလို့ သိရပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုကိစ္စနှင့် ပတ်သက်ပြီး ချင်းဂျာနယ်အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်းမရှိပေ။