ခွါဖိုရွာကို စကစက ဒုတိယအကြီမ် လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်ထဲက ခွါဖိုကျေးရွာကို စစ်ကောင်စီတပ်က ဩဂုတ်လလ၁၄ရက် ယနေ့မနက်ပိုင်း ၁၂နာရီခွဲ၀န်းကျင်တွင် ဒုတိယအကြီမ် လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်သွားကြောင်း သတင်းရရှိပါတယ်။

ယနေ့မနက်ပိုင်းတွင် ချင်းအမျိုးသားတပ်မတော် (CNA)နဲ့ CDF-Thantlang ပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်ဖွဲ့တို့အကြား ထန်တလန်မြို့၌ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ထန်တလန်မြို့ မြောက်ဖက် ၅မိုင်ခန့်အကွာတွင် တည်ရှိသည့် ခွါဖိုကျေးရွာကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ တိုက်ခိုက်ခဲ့ပါတယ်။

အဆိုပါလေကြောင်းတိုက်ခိုက်မှုကြောင့် ခွါဖိုနှစ်ခြင်းဘုရားကျောင်း အဆောက်အအုံအပါအ၀င် လူနေအိမ် ၄လုံးခန့် ထိခိုက်ပျက်စီးသွားတယ်လို့ ကနဦးသတင်းအရ သိရှိရပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၃၀ရက်နေ့က စစ်ကောင်စီတပ်က ခွါဖိုကျေးရွာကို တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကလေးငယ် ၂ဦး အပါအ၀င် ပြည်သူ ၉ဦး သေဆုံးခဲ့ပါတယ်။

ဩဂုတ်လ ၁၃ရက်‌ မနေ့ည ၁၀နာရီခွဲ၀န်ကျင်တွင်လည်း စစ်ကောင်စီတပ်က ဟားခါးမြို့မှ ပစ်ခတ်သော လက်နက်ကြီကျည် ၃လုံး လောက်လုံရွာထဲသို့ ကျရောက်ပေါက်ကွဲလို့ ရွာသားတစ်ဦး ဒဏ်ရာရရှိပြီး လူနေအိမ် ၃လုံး ပျက်စီးသွားတယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့က ဖော်ပြထားပါတယ်။