ထန်တလန်မြိုနယ် သီလိမ်စစ်‌ဆင်ရေးမှာ စကစတပ်သား ၁၅ဦး သေဆုံးပြီး

CDF-Thantlang၊ CDF-Zohpei နဲ့ ချင်းအမျိုးသားတပ်မတော် (CNA) တို့ ပူးပေါင်းဆင်နွဲခဲ့တဲ့ ထန်တလန်မြို့နယ်အတွင်း သီလိမ်စစ်ဆင်ရေး (Tilim Operation) မှာ စစ်ကောင်စီတပ်သား ၁၅ဦး သေဆုံးခဲ့ပြီး ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဖက်တွင် ၄ဦး ကျဆုံးခဲ့ကြောင်း CDF-Thantlang က အသိပေးထုတ်ပြန်ပါတယ်။ သီလိမ်စစ်‌ဆင်ရေးကို ဇူလိုင်လတွင် စတင်ခဲပြီးယင်းစစ်ဆင်းရေးအတွင်း ထန်တလန်မြို့နယ်ထဲရှိ စစ်ကောင်စီတပ်ဖွဲ့ရဲ့ အော်တိုတောင်စခန်း၊ ဟောင်ကာဘုံးစခန်း (Haukabung) နဲ့ ထန်တလန်မြို့ထဲရှိ စစ်ကောင်စီတပ်ခြေကုတ်ယူထားသည့် TCB၊ TABC နေရာတို့ကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ ဩဂုတ်လ ၁၄ရက်နေ့ နံနက်ပိုင်းတွင်ဖြစ်ပွားခဲ့တဲ့ ဟောင်ကာဘုံး တိုက်ပွဲတွင် အဆိုပါစခန်းကို ချင်းကာကွယ်‌ရေးပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီစစ်သား ၂ဦးကိုလည်း အရှင်ဖမ်းမိခဲ့ပါတယ်။ ရက်ပေါင်း ၃၇ ကြာမြင့်ပြီဖြစ်တဲ့ သီလိမ်စစ်ဆင်ရေးတွင် စစ်ကောင်စီဖက်က စစ်သား ၁၅ဦး […]

ထန်တလန် စကစ စခန်းတစ်ခုကို သိမ်းပိုက်ပြီး တပ်သား ၂ဦးဖမ်းမိ

ချင်းပြည်နယ်၊ ထန်တလန်မြို့က စစ်ကောင်စီ စခန်းတစ်ခုကို ချင်းအမျိုးသားတပ်မတော် (CNA)၊ CDF-Thantlang နဲ့ CDF-Zophei ပူးပေါင်းတပ်ဖွဲ့က ယနေ့မနက်ပိုင်းတွင် သိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ၂ကို အရှင်ဖမ်းမိကြောင်း ချင်းအမျိုးသားတပ်ဦး (CNF) ကထုတ်ပြန်ပါတယ်။ ထန်တလန်မြို့အ၀င်နားရှိ စစ်ကောင်စီတပ်ဖွဲ့ရဲ့ တပ်ခွဲစခန်းကို CNA နဲ့ CDF ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်ခြင်းဖြစ်ပြီး စစ်ကောင်စီဖက်က ကျဆုံးမှုအခြေအနေ အတိအကျမသိရသော်လည်း စစ်ကောင်စီတပ်ဖွဲ့ရဲ့ သေနတ် ၆လက်ကို သိမ်းဆည်းနိုင်ခဲ့သည့်အပြင် စစ်သား ၂ဦးကိုလည်း အရှင်ဖမ်းမိထားတယ်လို့ ဆိုပါတယ်။ အထိနာသော စစ်ကောင်စီတပ်က ဟားခါးမြို့ကနေ လက်နက်ကြီးတွေနဲ့ ပစ်ကူပေးခဲ့သည့်မပြင် တိုက်လေယာဉ်နဲ့ပါ CNA နဲ့ CDF တွေကိုလာရောက် ပစ်ခတ်ခဲ့ပါတယ်။ တိုက်ပွဲဖြစ်ပွားရာနေရာနဲ့ ၅မိုင်အကွာတွင် တည်ရှိသည့် ခွါဖိုကျေးရွာကိုလည်း စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ […]

ခွါဖိုရွာကို စကစက ဒုတိယအကြီမ် လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်ထဲက ခွါဖိုကျေးရွာကို စစ်ကောင်စီတပ်က ဩဂုတ်လလ၁၄ရက် ယနေ့မနက်ပိုင်း ၁၂နာရီခွဲ၀န်းကျင်တွင် ဒုတိယအကြီမ် လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်သွားကြောင်း သတင်းရရှိပါတယ်။ ယနေ့မနက်ပိုင်းတွင် ချင်းအမျိုးသားတပ်မတော် (CNA)နဲ့ CDF-Thantlang ပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်ဖွဲ့တို့အကြား ထန်တလန်မြို့၌ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ထန်တလန်မြို့ မြောက်ဖက် ၅မိုင်ခန့်အကွာတွင် တည်ရှိသည့် ခွါဖိုကျေးရွာကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ တိုက်ခိုက်ခဲ့ပါတယ်။ အဆိုပါလေကြောင်းတိုက်ခိုက်မှုကြောင့် ခွါဖိုနှစ်ခြင်းဘုရားကျောင်း အဆောက်အအုံအပါအ၀င် လူနေအိမ် ၄လုံးခန့် ထိခိုက်ပျက်စီးသွားတယ်လို့ ကနဦးသတင်းအရ သိရှိရပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၃၀ရက်နေ့က စစ်ကောင်စီတပ်က ခွါဖိုကျေးရွာကို တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကလေးငယ် ၂ဦး အပါအ၀င် ပြည်သူ ၉ဦး သေဆုံးခဲ့ပါတယ်။ ဩဂုတ်လ ၁၃ရက်‌ မနေ့ည ၁၀နာရီခွဲ၀န်ကျင်တွင်လည်း စစ်ကောင်စီတပ်က ဟားခါးမြို့မှ ပစ်ခတ်သော […]

ဖလမ်းမြို့တိုက်ပွဲ စစ်ကောင်စီတပ်သား ၆ဦး သေဆုံး

ချင်းပြည်နယ်၊ ဖလမ်းမြို့အ‌ခြေစိုက် စစ်ကောင်စီတပ်ရဲ့ ခလရ (၂၆၈) တပ်ရင်းကို ယနေ့ နံနက်အစောပိုင်းတွင် ချင်းအမျိုးသားတပ်မတော် (CNA) နဲ့ CDF-KKG ပူးပေါင်းတပ်ဖွဲ့က ၀င်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၆ဦးသေဆုံးပြီး လက်နက်တွေသိမ်းဆည်းရမိကြောင်း သိရှိရပါတယ်။ နံနက်အစောပိုင်း ၁နာရီ၀န်းကျင်တွင် CNA နဲ့ CDF-KKG တပ်ဖွဲ့၀င်တွေက စစ်ကောင်စီစခန်းကို တိုက်ခိုက်ခဲ့ရာ နံနက် ၂နာရီခွဲအထိ တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။ ၂နာရီခွဲကြာဖြစ်ပွားသော တိုက်ပွဲတွင် စစ်ကောင်စီဖက်က စစ်သား ၆ဦး သေဆုံးပြီး ၈ဦး ဒဏ်ရာရရှိကြတယ်လို့ မြေပြင်သတင်းအရင်းအမြစ်တစ်ဦးက ပြောပါတယ်။ တော်လှန်ရေးပူးပေါင်းတပ်ဖက်တွင် CDF-KKG ရဲဘော်တစ်ဦး အသက်ပေးကျဆုံးသွားပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ရဲ့ MA3 ၄လက်၊ ၆၀မမ ၃လက်၊ စက်သေနက် ၂လက်၊ RPG လောင်ချာ ၂ခုနဲ့ ပွိုင့်-၅ […]

ရမ်ထလိုကျေးရွာကို စစ်ကောင်စီက တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်

ဟားခါး-ဖလမ်းအကြား၊ ဖလမ်းမြို့နယ်ထဲရှိ ရမ်ထလိုကျေးရွာကို ယနေ့ မနက်ပိုင်း ၁၁နာရီခန့်တွင် စစ်ကောင်စီက တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ထိခိုက်ဒဏ်ရာရရှိမှုနဲ့ အိမ်ပျက်စီးမှုတွေ ရှိကြောင်းသိရပါတယ်။ ဗုံးကြဲတိုက်ခိုက်မှုတွင် အနည်းဆုံး ပြည်သူ ၇ဦး ထိခိုက်ဒဏ်ရာရရှိကြပြီး ရမ်ထလိုနှစ်ခြင်းဘုရားကျောင်းနဲ့ လူနေအိမ်တစ်ချို့ ထိခိုက်ပျက်စီးသွားပါတယ်။ ဖလမ်းမြို့၊ စစ်ကောင်စီတပ်စခန်းကို CNA နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့၀င်များက ယနေ့ နံနက်ပိုင်း ၁ နာရီခွဲလောက်ကနေ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ နံနက် ၃ နာရီအထိ နှစ်ဘက် တိုက်ပွဲတွေ ပြင်းထန်ခဲ့တယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။ စစ်ကောင်စီတပ်စခန်းတိုက်ခိုက်ခံရပြီးနောက် တိုက်ပွဲနဲ့မဆိုင်တဲ့ ဖလမ်းမြို့နယ်ထဲရှိ ရမ်ထလိုကျေးရွာကို စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲသွားတာပါ။ ဖလမ်းမြို့ပေါ်ကနေလည်း စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ရွာတွေဘက်ကို တောက်လျေက်ပစ်ခတ်နေတယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ ရမ်ထလိုရွာဟာ […]

စကစ စစ်ကြောင်းထိုးလို့ ကန်ပက်လက်တွင် စစ်ဘေးရှောင် ၂ထောင်ခန့်ထပ်တိုး

မကွေးတိုင်းဖက်မှ ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်ထဲကို အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့က အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာမှုကြောင့် ကန်ပက်လက်မြို့နယ်အတွင်း၌ စစ်ဘေးရှောင် ၂ထောင်ခန့် ထပ်တိုးလာတယ်လို့ ကန်ပက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ ထောက်ပို့ယာဉ်တန်းနဲ့ စစ်သားအင်းအား ၃၀၀ခန့်ပါရှိသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့နဲ့ CDF-Kanpetlet တပ်ဖွဲ့တို့ မဆာတွီကျေးရွာနှင့် ဆွဲလွဲကျင်းကျေးရွာ အကြားတွင် ဇူလိုင်လ ၁၅ရက်နေ့ကစပြီး နေ့စဥ်တိုက်ပွဲများ ဖြစ်ပွားနေတယ်လို့ CDF-Kanpetlet ကဆိုပါတယ်။ အဆိုပါ စစ်ကောင်စီစစ်ကြောင်းဟာ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ဖက်ကို ဦးတည်နေပြီး ကန်ပက်လက်မြို့နယ်ထဲက ကျေးရွာ ၅ရွာမှ ပြည်သူ ၁၅၀၀ခန့် နဲ့ မကွေးတိုင်း၊ ဆောမြို့နယ် ကျေးရွာ ၃ရွာမှ ပြည်သူ ၅၀၀ခန့်ဟာ ကန်ပက်လက်မြို့နယ်အတွင်း၌ စစ်ဘေးရှောင်နေကြတယ်လို့ ဆိုပါတယ်။ ယနေ့ ဇူလိုင်လ ၁၈ရက်နေ့ နံနက်ပိုင်း ၇နာရီခန့်တွင် စစ်ကောင်စီစစ်ကြောင်းနဲ့ CDF-Kanpetlet […]

သိုင်းငင်းတိုက်ပွဲ တော်လှန်ရေးရဲဘော် ၄ဦးကျ၊ စကစဖက် သေဆုံးမှုများ

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အတွင်း ကလေး-ဟားခါးလမ်းပေါ်ရှိ သိုင်းငင်းရွာ အကြမ်းဖက်စစ်ကောင်စီစခန်းကို ယနေ့ ဇူလိုင် ၁၁ရက်နေ့ နံနက် ၅:၃၀ အချိန်တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့၀င်များက ၀င်ရောက်စီနင်းခဲ့ရာ တော်လှန်ရေးရဲဘော် ၄ဦး ကျဆုံးပြီး စကစဖက်တွင် သေဆုံးမှုနဲ့ ထိခိုက်ဒဏ်ရာရရှိမှုများပြားပြီး စကစရဲ့ လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းခဲ့ရကြောင်း CDF CDM-Siyin က ထုတ်ပြန်လိုက်ပါတယ်။ သိုင်းငင်း စကစ စခန်းစီးနင်းမှုတွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဖက်၌ CDF CDM-Siyin၊ PDF Zoland+ B5 ME၊ CNDF၊ TCDF,၊ KKG B7၊ PDA နဲ့ PDF-Kalay, S2 တပ်ဖွဲ့ ၀င်များပူးပေါင်းပါ၀င်တယ်လို့ ဖော်ပြထားပါတယ်။ နံနက်ပိုင်း ၅နာရီခွဲမှာ တိုက်ပွဲစတင်ဖြစ်ပွားပြီး နေ့လယ် ၁၂နာရီအထိ ကြာမြင့်ခဲ့ပါတယ်။ စကစဖက်မှ တိုက်လေယာဉ်နဲ့ […]

ဟားခါး-ထန်တလန်အကြားတိုက်ပွဲ စကစတပ်သား ၆ဦး သေဆုံး

ဟားခါး-ထန်တလန်အကြား သီတာနားနေစခန်းအနီးတွင် ဇူလိုင် ၇ရက်နေ့နဲ့ ၈ ရက်နေ့က ချင်းအမျိုးသားတပ်မတော် (CNA)နဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်သား ၆ဦး သေဆုံးပြီး သေနတ် ၄လက်နဲ့ လက်နက်ခဲယမ်းများကို CNA က သိမ်းဆည်းခဲ့ပါတယ်။ ဇူလိုင်လ ၈ရက်နေ့တိုက်ပွဲတွင် စစ်ကောင်စီတပ်က လေကြောင်းဖြင့် ၂ ကြိမ်ပစ်ကူပေးသည့်အပြင် ဟားခါးမြို့ကနေ လက်နက်ကြီးနဲ့လည်း ပစ်ကူပေးခဲ့ပါတယ်။ ယန်မနေ့တိုက်ပွဲတွင် အထိနာသော စစ်ကောင်စီတပ်သားများ ထွက်ပြေးခဲ့ရပြီး ထန်တလန်ဖက်ကို ထိုးဖောက်နိုင်ခြင်းမရှိဘူးလို့ သိရပါတယ်။ ယနေ့ ဇူလိုင် ၉ ရက်တွင် CNA တပ်ဖွဲ့က နယ်မြေရှင်းလင်းရေးဆောင်ရွက်ရာ စစ်ကောင်စီတပ်သား အလောင်း ၆ လောင်း၊ သေနတ် ၄ လက်နဲ့ လက်နက်ခဲယမ်းတစ်ချို့ကို သိမ်းဆည်းခဲ့ပါတယ်။

မင်းတပ်မြို့နယ် လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ပြည်သူ ၃ဦး သေဆုံး

ယနေ့ ဇူလိုင် ၈ရက် နံနက်ပိုင်း ၁၁နာရီအချိန်တွင် ချင်းပြည်နယ်၊ မင်းတပ်မြို့နယ် တိုက်နယ် (၂)၊ ဝုမ်ခုမ်းကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အသက်မပြည့်သေးတဲ့ ကလေးငယ်တစ်ဦးနဲ့ အမျိုးသမီး ၂ဦး သေဆုံးခဲ့ကြောင်း CDF-Mindat က ထုတ်ပြန်ထားပါတယ်။ အဆိုပါလေကြောင်းတိုက်ခိုက်မှုတွင် ၉နှစ်အရွယ် မိန်းကလေးတစ်ဦး၊ အသက် ၃၀ နှစ် (၂လသား) နို့တိုက်မိခင်တစ်ဦးနဲ့ အသက် ၆၅နှစ် အဖွားအိုတစ်ဦး တို့ သေဆုံးခဲ့ကြပါတယ်။ ဝုမ်ခုမ်းကျေးရွာအတွင်း စစ်ဘေးရှောင်များနေထိုင်သည့်နေရာကို အကြမ်းဖက်စစ်ကောင်စီရဲ့ တိုက်လေယာဉ်က ၅၀၀ ဗုံးသီး ၂လုံး၊ အတွဲလိုက် ဗုံးသီး ၄လုံး၊ ရော့ကက်၊ ပွိုင့်ဖိုက်ကြည်များဖြင့် ပစ်ခတ်တိုက်ခိုက်သည့်အပြင် မင်းတပ်မြို့ရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ ခလရ (၂၇၆) ကလည်း လက်နက်ကြီးဖြင့် ၄ချက် ပစ်‌ခတ်ခဲ့တယ်လို့ […]

သီတာဖက်ကို စကစက လေကြောင်း၊ ကုန်းကြောင်းဖြင့် ထိုးစစ်ဆင်

ဟားခါး-ထန်တလန်အကြား သီတာဖက်ကို အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့က ယနေ့ နံနက်အ‌စောပိုင်းကစပြီး လေကြောင်းနဲ့ ကုန်းကြောင်းဖြင့် ထိုးစစ်ဆင်လို့ တိုက်ပွဲပြင်းထန်နေကြောင်း သတင်းရရှိပါတယ်။ “ယနေ့ နံနက်ပိုင်း ၃နာရီခန့်မှာ စကစက သီတာဖက်ကို တိုက်လေယာဉ်နဲ့ ၂ကြီမ် ပစ်ခတ်တိုက်ခိုက်တယ်။ သူတို့ လေယာဉ်နဲ့ ပစ်ပြီး မြေပြင်မှာစကစတပ်သားတွေက ထိုးစစ်ဆင်တိုက်ခိုက်ကြတယ်။ နှစ်ဖက်ထိခိုက်မှု အခြေအနေကိုတော့ မသိရသေးဘူး” လို့ ထန်တလန်ရှေ့တန်းမှာ တာ၀န်ကျတဲ့ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။ အကြမ်းဖက် စစ်ကောင်စီတပ်က လေကြောင်း၊ ကုန်းကြောင်းဖြင့် ထိုးစစ်ဆင်သည့်အပြင် ဟားခါးဖက်ကနေ လက်နက်ကြီးတွေနဲ့ ပစ်ကူပေးနေပါတယ်။ ယခုနှစ် မေလ ကုန်ပိုင်းတွင်လည်း ဟားခါး-ထန်တလန်အကြား လုံခါရ်ဖက်ကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်း၊ ကုန်းကြောင်းဖြင့် အပြင်းအထန်ထိုးစစ်ဆင်ခဲ့ရာ နှစ်ဖက်ထိခိုက်ကျဆုံးတွေ များခဲ့ပါတယ်။ မေလ ကုန်ပိုင်းတိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်က ဟားခါး-ထန်တလန်အကြားသီတာနားနေစခန်းရှိ လူနေအိမ်များကိုလည်း […]