ထန်တလန်တိုက်ပွဲတွင် လက်နက်ခဲယမ်းများကို CNAပူးပေါင်းတပ် သိမ်းဆည်း

ထန်တလန်မြို့ စစ်ကောင်စီတပ်ဖွဲ့ ရဲ့ ဟောင်ကာဘုံး (Haukabung) စခန်းကို ချင်းအမျိုးသားတပ်မတော် (CNA)၊ CDF-Thantlang၊ CDF-Hualngoram နဲ့ CDF-Zophei ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး လက်နက်ခဲယမ်းတစ်ချို့ကိုလည်း သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရပါတယ်။

ဩဂုတ်လ ၁၄ရက်နေ့ နံနက်ပိုင်းက CDF နဲ့ CNA ပူးပေါင်းတပ်ဖွဲ့က ဟောင်ကာဘုံးစခန်းကို ၀င်ရောက်စီးနင်းခဲ့ရာ စစ်ကောင်စီတပ်သား ၃ဦး သေဆုံးပြီး ၂ကို အရှင်ဖမ်းမိခဲ့ပါတယ်။

အဆိုပါ စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ရဲ့ သေနတ် ၃လက်နဲ့ RPG ၂လက်အပြင် အခြားလက်နက်ခဲယမ်းတစ်ချို့ကို CNA နဲ့ CDF ပူးပေါင်းတပ်ဖွဲ့က သိမ်းဆည်းနိုင်ခဲ့ပါတယ်။

အထိနာသော စစ်ကောင်စီတပ်က ဟားခါးမြို့ကနေ လက်နက်ကြီးတွေနဲ့ ပစ်ကူပေးခဲ့သည့်မပြင် တိုက်လေယာဉ်နဲ့ပါ CNA နဲ့ CDF တွေကိုလာရောက် ပစ်ခတ်ခဲ့ပါတယ်။

တိုက်ပွဲဖြစ်ပွားရာနေရာနဲ့ ၅မိုင်အကွာတွင် တည်ရှိသည့် ခွါဖိုကျေးရွာကိုလည်း စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ နှစ်ခြင်းဘုရားကျောင်းအပါအ၀င် လူနေအိမ် ၄လုံး ပျက်စီးခဲ့ပါတယ်။ ခွါဖိုရွာ ဗုံးကြဲတိုက်ခိုက်ခံရချိန်တွင် ရွာသားတွေ စစ်ရှောင်နေကြလို့ ထိခိုက်ဒဏ်ရာရရှိသူ မရှိဘူးလိူ့ သိရပါတယ်။

ဟောင်ကာဘုန်းတိုက်ပွဲအတွင်း ဒဏ်ရာရရှိသော စစ်ကောင်စီတပ်သား ၆၀ဦး ၀န်းကျင်ကိုလည်း ဟားခါးမြို့ ပြည်သူဆေးရုံသို့ ရောက်ရှိကြကြောင်း စုံစမ်းသိရှိရပါတယ်။