ထန်တလန်တိုက်ပွဲ စကစ ၂၈ဦးနဲ့ ချင်းပူးပေါင်းတပ်ဖွဲ့၀င် ၁၃ဦး ကျဆုံး

ဩဂုတ်လ ၂၈ရက်နေ့ မနေ့က ဖြစ်ပွားတဲ့ ချင်းပြည်နယ်၊ ထန်တလန်မြို့တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၂၈ဦး သေဆုံးခဲ့ပြီး ချင်းအမျိုးသားတပ်မတော် (CNA) နဲ့ CDF ပူးပေါင်းတပ်ဖွဲ့ဖက်တွင် ရဲဘော် ၁၃ဦး ကျဆုံးခဲ့ကြောင်း CNA ဖက်က ပြောပါတယ်။

CNA၊ CDF-Thantlang၊ CDF-Hakha၊ CDF-Zophei တပ်ဖွဲ့၀င်များက ထန်တလန်မြို့ စစ်ကောင်စီတပ်စခန်းကို နံနက် ၅နာရီအချိန်ခန့်တွင် စီးနင်းတိုက်ခိုက်ခြင်းဖြစ်ပြီး တိုက်ပွဲအတွင်း နှစ်ဖက် ထိခိုက်ဒဏ်ရာရမှုနဲ့ ကျဆုံးမှုတွေများခဲ့ပါတယ်။

ချင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဖက်တွင် ရဲဘော် ၁၃ဦး ကျဆုံးတယ်လို့ CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ယနေ့မနက်ပိုင်းတွင်ပြုလုပ်တဲ့ ချင်းလဲန်းကလပ် အွန်လိုင်းတွေဆုံပွဲမှာ အတည်ပြု‌ ပြောကြားခဲ့ပါတယ်။

အမည်မဖော်လိုတဲ့ CNA အရာရှိတစ်ဦးက “စစ်ကောင်စီဖက်မှာ ၂၈ဦး သေဆုံးတယ်လို့ သတင်းရတယ်။ ဒဏ်ရာရရှိတဲ့ စကစစစ်သား ၃၀ကျော်လည်း ဟားခါးဆေးရုံရောက်ကြတယ်။ စကစ သေနတ် ၆လက် ကျနော်တို့ ရရှိတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်က လေကြောင်းဖြင့် ချင်းတော်လှန်ရေးပူး‌ေပါင်းတပ်ကို ပစ်ခတ်တိုက်ခိုက်သည့်အပြင် ဟားခါးကနေ လက်နက်ကြီးတွေနဲ့လည်း ပစ်ကူပေးပြီး ဟားခါးမြို့ကနေ စစ်ကား ၃စီးဖြင့် ထန်တလန်မြို့ဖက်ကို စစ်ကူတွေလွှတ်ခဲ့ပါတယ်။