ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယို ကာလုံအစည်းအဝေး တက်ရောက်

စစ်ကောင်စီက ယနေ့ ဇူလိုင် ၃၁ရက်နေ့တွင် ပြုလုပ်သော အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေး အစည်းအဝေးတွင် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယို တက်ရောက်သည်ကို စစ်ကောင်စီ အာဘော်သတင်းချာနယ်များ၏ ဖော်ပြချက်အရ သိရှိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃၀ရက်နေ့က ကျင်းပခဲ့တဲ့ ကာလုံအစည်းအဝေးတွင် ကျန်းမာရေးအခြေအနေကြောင့် ဦးဟင်နရီဗန်ထီးယို တက်ရောက်နိုင်ခြင်းမရှိဘူးလို့ သိရပါတယ်။

မနက်ဖြန် ဩဂုတ်လ ၁ရက်နေ့တွင် ၆လသက်တမ်းကုန်တော့မည့် စစ်ကောင်စီဟာ ယနေ့နံနက်ပိုင်းတွင် ကာလုံအစည်းအဝေးကျင်းပပြီး နောက်ထပ် ၆လ သက်တမ်းဆက်တိုးခဲ့ပါတယ်။

ကာလုံအစည်းအဝေးတွင် နိုင်ငံတော် လုံခြုံရေးနဲ့ တည်ငြိမ်ရေးအတွက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၄၂၅) အရ အာဏာသက်တမ်း ၆လတိုးပေးရန် တင်ပြမှုအပေါ် တက်ရောက်လာသူများက ထောက်ခံအတည်ပြုခဲ့ကြောင်း စစ်ကောင်စီဝါဒဖြန့် သတင်းချာနယ်များက ဖော်ပြပါတယ်။