စစ်ကောင်စီကို တိုက်ခိုက်ရင်း ချင်းတော်လှန်ရေးရဲဘော် ၃၀၀ ကျော်ကျဆုံး

အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ကို လက်နက်ကိုင်တော်လှန်တိုက်ခိုက်သည့် ၂နှစ်ခွဲကျော်ကာလအတွင်းမှာ ချင်းတော်လှန်ရေးရဲဘော် ၃၁၁ဦး ကျဆုံးခဲ့တယ်လို့ ချင်းရေးရာအဖွဲ့ချုပ် (ICA) က အောက်တိုဘာ ၁၀ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ စစ်ကောင်စီက နိုင်ငံတော်အာဏာသိမ်းယူခဲ့သည့် ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့အထိ ချင်းပြည်နယ်တွင်တိုက်ပွဲပေါင်း ၇၅၀ နီးပါးအထိ ဖြစ်ပွားခဲ့ပြီး ချင်းအမျိုးသားတော်လှန်ရေးတပ်ဖွဲ့၀င်များဖက်က သေဆုံးမှု ၃၁၀ဦးအထိ ရှိတယ်လို့ ICA ကဆိုပါတယ်။ အဆိုပါ ၃၁၁ဦးအနက် ၂၉၆ဦးမှာ အမျိုးသားများဖြစ်ကြပြီး ၁၅ဦးမှာ အမျိုးသမီး တော်လှန်ရေးသမားများဖြစ်ကြတယ်လို့လည်း ဆိုပါတယ်။ လေကြောင်းတိုက်ခိုက်မှုကြောင့် ချင်းတော်လှန်ရေး တပ်ဖွဲ့၀င် ၁၅ဦး၊ မြေမြုပ်မိုင်းကြောင့် ၂၃ဦး၊ ဖမ်းဆီးပြီး နှိပ်စက်သတ်ဖြတ်မှုကြောင့် ၁၁ဦး၊ အလောင်းဖျောက်မီးရှို့မှုကြောင့် ၉ဦး၊ ဒဏ်ရာရရှိပြီးနောက် ဆေးဝါးကုသခွင့်မရရှိခြင်းကြောင့် ၁၈ဦးနှင့် […]

စစ်အာဏာရှင်ကို အမြစ်ပြတ်တော်လှန်ရန် မူ၀ါဒ CDF-Hakha ဗဟိုကောင်စီချမှတ်

CDF-Hakha ဗဟိုကောင်စီရဲ့ ဒုတိယအကြီမ် လူထုညီလာခံကို စက်တင်ဘာလ ၂၁ရက်နေ့မှ ၂၂ရက်နေ့အထိကျင်းပခဲ့ပြီး စစ်အာဏာရှင်ကို အမြစ်ပြတ်သည်အထိ ဆက်လက်တော်လှန်တိုက်ပွဲ၀င်ရန် မူ၀ါဒနှင့် လမ်းစဉ်များချမှတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ CDF-Hakha ဗဟိုကောင်စီရဲ့ ပထမအကြီမ် လူထုညီလာခံကို ပြီးခဲ့တဲ့ စက်တင်ဘာ ၉ရက်နေ့၊ ၂၀၂၂ ခုနှစ်ကကျင်းပခဲ့ပြီး ယခုနှစ်ကျင်းပတဲ့ ဒုတိယအကြီမ် လူထုညီလာခံတွင် အရင် CDF-Hakha ကောင်စီ နာမည်ကို CDF-Hakha ဗဟိုကောင်စီဟု ပြောင်းလဲကာ ဗဟိုကောင်စီခေါင်းဆောင်များကို ရွေးချယ်ခဲ့ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ CDF-Hakha ဗဟိုကောင်စီရဲ့ ဒုတိယအကြီမ် လူထုညီလာခံတွင် ကိုယ်စားလှယ် ၃၅၈ဦး တက်ရောက်နိုင်ခဲ့ပြီး စစ်ကောင်စီနဲ့ ပူးပေါင်းပတ်သက်သူများကို ပြင်းပြင်းထန်ထန် အရေးယူသွားမည်လို့ ညီလာခံက ထုတ်ပြန်လိုက်ပါတယ်။ CDF-Hakha ဗဟိုကောင်စီရဲ့နယ်မြေများဖြစ်သော ဟားခါးမြို့နယ်အတွင်း ဇိုခွါဒေသ၊ ဆဲန်ထန်းဒေသ၊ မီဧဒေသနှင့် […]

ချင်းလဲန်းကောင်စီညီလာခံ ဖြစ်မြောက်ရေးလုပ်ငန်းကော်မတီဖွဲ့စည်း

ချင်းလဲန်းကောင်စီညီလာခံကျင်းပနိုင်ရန် လုပ်ငန်းကော်မတီ (Working Committee for Chinland Council Conference – WCCCC) ကို ချင်းလဲန်းကောင်စီ မျက်နှာစုံညီအကြိုအစည်းအဝေးတွင် ဖွဲ့စည်းခဲ့ကြောင်း WCCCC က စက်တင်ဘာ ၂၂ရက်‌နေ့ ယနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ ချင်းလဲန်းကောင်စီ မျက်နှာစုံညီအကြိုအစည်းအဝေးကို စက်တင်ဘာလ ၇ရက်နေ့မှ ၉ရက်နေ့အထိ ‌နယ်စပ်တစ်ရာတွင် ကျင်းပခဲ့ပြီး ချင်းအမျိုးသားတပ်ဦး (CNF)၊ ချင်းလွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်နှင့် ဒေသအခြေပြု အဖွဲ့အစည်း ကိုယ်စားလှယ်များ၊ စုစုပေါင်း ၁၀၈ဦး တက်ရောက်ခဲ့ပါတယ်။ ယင်းအစည်းအဝေးတွင် တော်လှန်ရေးကာလ ချင်းလဲန်းဖွဲ့စည်းပုံအခြေခံဉပဒေ ပေါ်ပေါက်လာရေး၊ ချင်းလဲန်းကောင်စီဖွဲ့စည်းရေးနှင့် ချင်းလဲန်း ဉပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး မဏ္ဏိုင် (၃)ရပ် ဖွဲ့စည်း‌တည်ထောင်ရေးတို့အတွက် ညီလာခံတစ်ရပ် ခေါ်ယူကျင်းပဖော်ဆော်ရန် သဘော်တူခဲ့ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ တာ၀န်ပေးအပ်ခြင်းခံရသည့် […]

ZRA အဖွဲ့ကို လက်စားချေတိုက်ခိုက်မည်ဟု CDF-Tonzang ထုတ်ပြန်

အာဏာသိမ်းစစ်ကောင်စီနဲ့ လက်တွဲသော အိန္ဒိယနိုင်ငံ၊ မဏီပူရ်ပြည်နယ် အခြေစိုက် Zomi Revolutionary Army (ZRA) လက်နက်ကိုင်အဖွဲ့ကို လက်စားချေတိုက်ခိုက်မည်ဟု CDF-Tonzang က စက်တင်ဘာ ၅ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ZRA လက်နက်ကိုင်အဖွဲ့ဟာ အာဏာသိမ်းစစ်ကောင်စီတပ်နဲ့ လက်တွဲပြီး ဩဂုတ် ၃၁ ရက်နေ့တွင် CDF-Tonzang တပ်ဖွဲ့ရဲ့ ယာယီစခန်းကို သာလွန်အင်အားဖြင့် တိုက်ခိုက်ခဲ့ရာ CDF-Tonzang တပ်ဖွဲ့၀င် ပေါင်ကပ်ထန် ကျဆုံးခဲ့ပြီး လက်နက်တစ်ချို့ ဆုံးရှုံးခဲ့ရတယ်လို့ CDF-Tonzang ကဆိုပါတယ်။ CDF-Tonzang တပ်ဖွဲ့ဟာ ZRA ကို တိုက်ခိုက်ရန် ဖွဲ့စည်းထားသော တော်လှန်ရေးတပ်ဖွဲ့ မဟုတ်သော်လည်း စစ်ကောင်စီနဲ့ ပူးပေါင်းသော ZRA တပ်ဖွဲ့ကို အခြေအနေအရ မဖြစ်မနေလက်စားချေ တိုက်ထုတ်ရတော့မယ်လို့ ကြေညာထားပါတယ်။ CDF-Tonzang တပ်ဖွဲ့ဟာ Chinland […]

ချင်းပြည်နယ် စကစစခန်း ၉ခုကို ၂နှစ်အတွင်း သိမ်းပိုက်နိုင်ခဲ့ဟု NUG ထုတ်ပြန်

ချင်းပြည်နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်း ၉ခုကို ၂နှစ်အတွင်း သိမ်းပိုက်နိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ယနေ့စက်တင်ဘာ ၇က်နေ့မှာ ထုတ်ပြန်တဲ့ ခုခံတွန်းလှန်စစ် ၂ နှစ်ပြည့် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ လက်နက်ကိုင် တော်လှန်ရေးစတင်ခဲ့တဲ့ ပထမနှစ်မှာ ချင်းပြည်နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်း တစ်ခုသာ သိမ်းပိုက်နိုင်ခဲ့သော်လည်း ဒုတိယနှစ်တွင် စစ်ကောင်စီစခန်း ၈ခုအထိ စီးနင်းသိမ်းပိုက်နိုင်ခဲ့တယ်လို့ ယနေ့ စက်တင်ဘာလ ၇ရက်နေ့တွင် ကျရောက်သော ခုခံတွန်းလှန်စစ် ၂နှစ်ပြည့် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ စက်တင်ဘာလ ၂၀၂၁ ခုနှစ်မှ ဩဂုတ်လ ၂၀၂၂ အတွင်း ချင်းပြည်နယ်မှာ တိုတ်ပွဲပေါင်း ၃၀၄ကြီမ် ဖြစ်ပွားခဲ့ပြီး စက်တင်ဘာ၂၀၂၂ ခုနှစ်မှ ဩဂုတ်လ ၂၀၂၃ အတွင်း တိုက်ပွဲ ၂၄၉ ကြီမ်၊ စုစုပေါင်း တိုက်ပွဲ […]

ထန်တလန် စစ်တပ်က ရွာဖက်ကို လက်နက်ကြီးပစ်ခတ်လို့ စစ်‌ရှောင်တစ်ဦး သေဆုံး

ထန်တလန် စစ်ကောင်စီတပ်ဖွဲ့က ဩဂုတ်လ ၃၀ရက်နေ့ မနေ့ညနေပိုင်းတွင် ထန်တလန်မြို့နယ်၊ ထလွာလာမ် (Thlualam) ကျေးရွာကို လက်နက်ကြီးနဲ့ ပစ်ခတ်လို့ စစ်ဘေးရှောင်အမျိုးသားတစ်ဦး သေဆုံးပြီး ရွာသား ၂ဦး ဒဏ်ရာရရှိခဲ့ကြကြောင်း သတင်းရရှိပါတယ်။ “ညနေပိုင်း ၄နာရီလောက်မှာ ထန်တလန်မြို့ဖက်ကနေ ထလွာလာမ်ရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တယ်။ တောင်ယာကနေ ပြန်လာတဲ့ ထန်တလန်စစ်‌ဘေးရှောင် အမျိုးသားတစ်ဦး လမ်းမှာ လက်နက်ကြီးထိလို့ သေသွားတယ်။ ရွာထဲမှာလည်း လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ ရွာသား နှစ်ဦး အသေးစားဒဏ်ရာတွေ ရရှိကြတယ်” လို့ ဒေသခံတစ်ဦးကပြောပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ ပစ်ခတ်သော လက်နက်ကြီးကြောင့် သေဆုံးသွားသော အမျိုးသားဟာ ကလေး ၄ယောက်ဖခင် ဦးကြာထန်း (၄၂)နှစ်လို့ သိရပြီး ထန်တလန်မြို့မီးလောင်ပြီးနောက် ထလွာလာမ်ကျေးရွာကို မိသားစုနဲ့ လာရောက်ခိုလှုံသော စစ်ဘေးရှောင် ဖြစ်ကြောင်း […]

ကာလုံအစည်းအဝေးတက်ခဲ့တဲ့ ဒုသမ္မတဟင်နရီဗန်ထီးယူကို NLD ထုတ်ပယ်

စစ်ကောင်စီက ကျင်းပခဲ့တဲ့ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေး အစည်းအဝေးတွင် တက်ရောက်ခဲ့သော ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယိုကို NLD ပါတီဝင်အဖြစ်မှ ထုတ်ပယ်ကြောင်း ယနေ့ သြဂုတ်လ (၉) ရက် ရက်စွဲနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဗဟိုအလုပ်ကော်မတီက ထုတ်ပြန်ပါတယ်။ နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှုကို ကျူးလွန်ခဲ့သော အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ အာဏာသိမ်းမှုကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ နှင့် ဒုဥက္ကဌ များအပါအဝင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် (၉) ဦး တို့မှာ ကိုယ်တိုင်ဆန့်ကျင်သဖြင့် မတရားဖမ်းဆီးခံနေရသည့်နည်းတူ အဆင့်ဆင့်သောပါတီဝင် အများအပြား တို့သည်လည်း အကျဥ်းထောင်အသီသီးတွင် မတရားဖမ်းဆီးချုပ်နှောင်ခံနေရပါသည်။ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဉာဏ်ဝင်းသည် လုံလောက်သော ဆေးကုသခွင့်မရရှိသည့်အတွက် အကျဥ်းထောင်တွင်း ကျဆုံးခဲ့ရပါသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီသည် ဒီမိုကရေစီလိုလားသော ပြည်ထောင်စုတစ်ဝန်းလုံးမှ တိုင်းရင်းသားပြည်သူ တစ်ရပ်လုံးနှင့်အတူ ရင်ဆိုင် ရပ်တည်လျက်ရှိနေပါသည် ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။ ဦးဟင်နရီဗန်ထီးယူသည် […]

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယို ကာလုံအစည်းအဝေး တက်ရောက်

စစ်ကောင်စီက ယနေ့ ဇူလိုင် ၃၁ရက်နေ့တွင် ပြုလုပ်သော အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေး အစည်းအဝေးတွင် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယို တက်ရောက်သည်ကို စစ်ကောင်စီ အာဘော်သတင်းချာနယ်များ၏ ဖော်ပြချက်အရ သိရှိရပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃၀ရက်နေ့က ကျင်းပခဲ့တဲ့ ကာလုံအစည်းအဝေးတွင် ကျန်းမာရေးအခြေအနေကြောင့် ဦးဟင်နရီဗန်ထီးယို တက်ရောက်နိုင်ခြင်းမရှိဘူးလို့ သိရပါတယ်။ မနက်ဖြန် ဩဂုတ်လ ၁ရက်နေ့တွင် ၆လသက်တမ်းကုန်တော့မည့် စစ်ကောင်စီဟာ ယနေ့နံနက်ပိုင်းတွင် ကာလုံအစည်းအဝေးကျင်းပပြီး နောက်ထပ် ၆လ သက်တမ်းဆက်တိုးခဲ့ပါတယ်။ ကာလုံအစည်းအဝေးတွင် နိုင်ငံတော် လုံခြုံရေးနဲ့ တည်ငြိမ်ရေးအတွက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၄၂၅) အရ အာဏာသက်တမ်း ၆လတိုးပေးရန် တင်ပြမှုအပေါ် တက်ရောက်လာသူများက ထောက်ခံအတည်ပြုခဲ့ကြောင်း စစ်ကောင်စီဝါဒဖြန့် သတင်းချာနယ်များက ဖော်ပြပါတယ်။

မင်းတပ်မြို့နယ် လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ပြည်သူ ၃ဦး သေဆုံး

ယနေ့ ဇူလိုင် ၈ရက် နံနက်ပိုင်း ၁၁နာရီအချိန်တွင် ချင်းပြည်နယ်၊ မင်းတပ်မြို့နယ် တိုက်နယ် (၂)၊ ဝုမ်ခုမ်းကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အသက်မပြည့်သေးတဲ့ ကလေးငယ်တစ်ဦးနဲ့ အမျိုးသမီး ၂ဦး သေဆုံးခဲ့ကြောင်း CDF-Mindat က ထုတ်ပြန်ထားပါတယ်။ အဆိုပါလေကြောင်းတိုက်ခိုက်မှုတွင် ၉နှစ်အရွယ် မိန်းကလေးတစ်ဦး၊ အသက် ၃၀ နှစ် (၂လသား) နို့တိုက်မိခင်တစ်ဦးနဲ့ အသက် ၆၅နှစ် အဖွားအိုတစ်ဦး တို့ သေဆုံးခဲ့ကြပါတယ်။ ဝုမ်ခုမ်းကျေးရွာအတွင်း စစ်ဘေးရှောင်များနေထိုင်သည့်နေရာကို အကြမ်းဖက်စစ်ကောင်စီရဲ့ တိုက်လေယာဉ်က ၅၀၀ ဗုံးသီး ၂လုံး၊ အတွဲလိုက် ဗုံးသီး ၄လုံး၊ ရော့ကက်၊ ပွိုင့်ဖိုက်ကြည်များဖြင့် ပစ်ခတ်တိုက်ခိုက်သည့်အပြင် မင်းတပ်မြို့ရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ ခလရ (၂၇၆) ကလည်း လက်နက်ကြီးဖြင့် ၄ချက် ပစ်‌ခတ်ခဲ့တယ်လို့ […]

စကစသံချပ်ကာ ၂စီး ဖျက်စီးနိုင်ခဲ့သော ချင်းပူးပေါင်းတပ်ကို NUGက ဆုငွေချီးမြှင့်

ဟားခါး-ဖလမ်းအကြား ဇိန်မှုစစ်ဆင်ရေးတွင် အကြမ်းဖက်စစ်ကောင်စီ သံချက်ကာယာဉ် ၂စီးကို ဖျက်စီးနိုင်ခဲ့သော ချင်းအမျိုးသားတပ်မတော် (CNA) နဲ့ CDF ပူးပေါင်းတပ်ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ကျပ်သိန်း ၄,၀၀၀ ဂုဏ်ပြုချီးမြှင့်လိုက်ကြောင်း သိရပါတယ်။ ယနေ့ ဇူလိုင် ၄ ရက်တွင် NUG ၏ ၂၂ ကြိမ်မြောက်၊ အစိုးရအဖွဲ့အစည်းအဝေးမှာ စိစစ်ချီးမြှင့်ရေးအဖွဲ့ က လေ့လာသုံးသပ်စိစစ်ကာ CNA နှင့် CDF တို့၏ တာဝန်ရှိသူများကို ချီးမြှင့်ခဲ့တယ်လို့ အမျိုးသားညီညတ်ရေးအစိုးရက ထုတ်ပြန်ပါတယ်။ “ဒီသတင်းကို ကြားရချိန်တုန်းက ကျွန်တော်တို့ အားလုံး အံ့ဩ ဝမ်းသာဖြစ်ခဲ့ပြီး တော်လှန်ရေးအတွက်လည်း တကယ်ကို အားတက်ခဲ့ကြရပါတယ်။ ဒီလို ကြီးမားတဲ့ အောင်မြင်မှုမျိုးကို စွမ်းဆောင်နိုင်တဲ့ ချင်းကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ တွေ အပါအဝင် […]