ဟားခါးမြို့နယ်အတွင်း စကစရွေးကောက်ပွဲကျင်းပခွင့်ပေးမှာ မဟုတ်ကြောင်း CDF-Hakha ထုတ်ပြန်

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်တွင် အာဏာသိမ်းစစ်ကောင်စီက ကျင်းပရန်ပြင်ဆင်ထားသော ရွေးကောက်ပွဲအား CDF-Hakha ကောင်စီက ပြင်းထန်စွာကန့်ကွက်ပြီး ရွေးကောက်ပွဲကျင်းပခွင့်ပေးမှာမဟုတ်ကြောင်း ထုတ်ပြန်လိုက်ပါတယ်။

ဇန်နဝါရီ ၈ရက်နေ့တွင် အာဏာသိမ်းစစ်ကောင်စီက ဟားခါးမြို့တွင်း၌ လှည့်ပက်ကာ အိမ်ထောင်စာရင်းများ ကောက်ယူမည်ဟု လိုက်လံကြေငြာခဲ့သည်။

အာဏာသိမ်းစစ်ကောင်စီ၏ ရွေးကောက်ပွဲဖြစ်‌မြှောက်ရေးအတွက် ပါ၀င်သူများကို CDF-Hakha ကောင်စီက သတိပေးထားပါတယ်။

“၎င်းရွေးကောက်ပွဲ ဖြစ်မြှောက်ရေး အတွက် ပါဝင်ဆောင်ရွက်သောရုံးနှင့်လူပုဂ္ဂိုလ်၊ ပါဝင်ယှဉ်ပြိုင်သော ပါတီနှင့်လူပုဂ္ဂိုလ်၊ မဲပေးသူ မည်သူမဆို၊ အပြစ်မဲ့ပြည်သူများကိုသတ်ဖြတ်နေသော အကြမ်းဖက်စစ်ခွေးများနှင့်အတူ ပြည်သူလူထု၏ ရန်သူများအဖြစ် သတ်မှတ်ကာ ပြင်းပြင်းထန်ထန် အရေးယူသွားမည် ဖြစ်ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီ၏ ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး လူပုဂ္ဂိုလ်တစ်ဦးဦးအား ထိခိုက်မှုတစ်စုံတစ်ရာရှိပါက တာဝန်ယူမည်မဟုတ်ကြောင်းနှင့် ၎င်းရွေးကောက်ပွဲ ဆန့်ကျင်ကန့်ကွက်သူ အဖွဲ့အစည်း/လူပုဂ္ဂိုလ်တို့နှင့် ပူးပေါင်း ဆောင်ရွက်သွားမည်” ဟု CDF-Hakha ကောင်စီ ထုတ်ပြန်ထားပါတယ်။

ယနေ့ ဇန်နဝါရီ ၉ရက် မနက်ပိုင်းကစပြီး စစ်ကောင်စီက ဟားခါးမြို့တွင်း အိမ်ထောင်စုစာရင်း ကောက်ယူခြင်းများ စတင်ပြုလုပ်ကြပါတယ်။ စစ်‌ကောင်စီတပ်သားတွေက လုံခြုံရေးယူပေးကာ တစ်အိမ်တက်တစ်အိမ်ဆင်း စာရင်းကောက်ကြတယ်လို့ ‌မြို့ခံတွေက ပြောကြပါတယ်။