ဟားခါးမြို့မှာ ပစ်ခတ်မှု ဖြစ်ပွားပြီး နေအိမ်တစ်လုံး မီးရှို့ဖျတ်ဆီးခံရ

ချင်ပြည်နယ်၊ ဟားခါးမြို့၊ မြို့ဟောင်းရပ်ကွက်တွင် ဒီဇင်ဘာ ၁၁ရက်နေ့ ည ၈နာရီခန့်က ပစ်ခတ်မှုဖြစ်ပွားပြီး မြို့ဟောင်းအောက်ပိုင်း ဟိုင်ထလန်းအနီးက လူနေအိမ်တစ်လုံး မီးရှို့ဖျတ်ဆီးခံရကြောင်း သိရသည်။

“ပစ်ခတ်မှုက မိနစ်ပိုင်းပဲကြာတယ်။ နေအိမ်တစ်လုံး မီးလောင်သွားတယ်။ ဘာကြောင့်လောင်သွားလဲတော့မသိဘူး။ ကျနော်တို့လည်း အပြင်မထွက်ရဲဘူး။ ၂၆၆ တပ်စခန်းကနေ လက်နက်ကြီးပစ်ခတ်သံတွေ ကျနော်တို့ကြားရတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အဆိုပါ ပစ်ခတ်မှုတွင် စကစဖက်၌ ထိခိုက်သေဆုံးမှုရှိကြောင်း ပြောဆိုကြသော်လည်း ချင်းဂျာနယ်နေနဲ့ သီးခြားအတည်ပြုနိုင်ခြင်းမရှိပေ။

နေအိမ်တစ်လုံး မီးလောင်မှုနဲ့ ပတ်သက်ပြီး စကစတပ်သားများက ရည်ရွယ်ချက်ရှိရှိ မီးရှို့ခြင်းဖြစ်ကြောင်း၊ အိမ်ပိုင်ရှင် မိသားစု ၆ဦးဟာ နေထိုင်စရာနေရာမရှိတော့ကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။