၂၀၂၂ ခုနှစ် ချင်းပြည်နယ်အတွင်း ကြုံတွေ့ခဲ့ရသော ဖြစ်ရပ်ဆိုးများ
၂၀၂၂ ခုနှစ်အတွင်း ချင်းဂျာနယ်သတင်းမှာ ဖော်ပြခဲ့တဲ့ ချင်းပြည်နယ်အတွင်း ဖြစ်ပျက်ခဲ့သော အပြစ်မဲ့ပြည်သူသေဆုံးမှု၊ နေအိမ်နဲ့ ဘုရားကျောင်းမီးရှိုဖျက်ဆီးခံရမှု၊ စစ်ဘေးရှောင်နှင့် စစ်ဘေးဒုက္ခသည်တွေနယ်စပ်ဖြက်ကျော်ထွက်ပြေးခဲ့ရသည့်သတင်းနှင့် အခြားမှတ်သားဖွယ်ရာသတင်းများကို စုစည်းတင်ပြထားတာဖြစ်ပါတယ်။ ချင်းဂျာနယ်မှာ တင်ဆက်ထာတဲ့သတင်းတွေသာ တင်ပြထားတာဖြစ်သည့်အတွက် ချင်းပြည်နယ်အတွင်းအခြားမြို့နယ်များက အဖြစ်ပျက်တွေကို လက်လှမ်းမမှီတာတွေလည်း ရှိနိုင်ပါတယ်။ အထူးသဖြင့် လစဉ်တိုက်ပွဲဖြစ်ပွားသည့်မြို့နယ်အပိုင်းမှာ မဖော်ပြမိတာတွေလည်း ရှိနိုင်ပါတယ်။ စစ်အာဏာရှင်လက်အောက်မှာ ၂၀၂၂ ခုနှစ်အတွင်း ချင်းပြည်သူတွေ ကြုံတွေ့ခဲ့ရတဲ့ ဖြစ်စဉ်များကို လစဉ်အလိုက် တင်ပြပေးပါတယ်။ ဇန်န၀ါရီ ဇန်န၀ါရီ ၃ရက်နေ့မှာ ထန်တလန်မြို့တွင်း လူနေအိမ်တွေ ထပ်မံမီးရှို့ခံခဲ့ရပါတယ်။ ဇန်န၀ါရီ ၇ရက်နေ့တွင် မတူပီမြို့နယ်မှာ စစ်ကောင်စီတပ်သားတွေက သတင်းထောက် ဉီးသွီးဒီမ် (၅၅)နှစ်နှင့် ၁၃နှစ်အရွယ် ကလေးတစ်ယောက် အပါအ၀င် စစ်ဘေးရှောင် ၁၀ဉီးကို လမ်းပြအဖြစ်ခေါ်ဆောင်ပြီး ရက်ရက်စက်စက်သတ်ဖြတ်ခဲ့ကြပါတယ်။ ဇန်န၀ါရီ ၂၉ရက်နေ့တွင် အိန္ဒိယ-မြန်မာနယ်စပ် […]
မီဇိုရမ်တွင် မြန်မာနိုင်ငံသားများစီးလာတဲ့ ကားတိမ်းမှောက်လို့ လူ ၅ဦး သေဆုံး
ယနေ့နံနက်ပိုင်းတွင် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ မြန်မာ-အိန္ဒိယနယ်စပ် ဇိုခေါ်သာရ်ရွာမှ အိုင်ဇောလ်မြို့သို့ သွားရောက်သော ခရီးသည်တင်ကားတစ်စီးသည် ကြွန်ဖိုင်မြို့အနီးတွင် ကားလမ်းချော်လို့ တိမ်းမှောက်မှုဖြစ်ပွားပြီး ကလေးတစ်ယောက်မိခင်အပါအ၀င် လူ ၅ဦး သေဆုံးခဲ့ကြပါတယ်။ အဆိုပါကားတွင် ၂နှစ်အရွယ်ကလေးငယ်တစ်ယောက်နှင့် ၎င်းရဲ့မိခင် အပါအ၀င် လူ ၈ဦး စီးလာကြတာပါ။ လူ ၃ဦးမှာ နေရာတွင် ပွဲချင်းပြီသေဆုံးခဲ့ကြပြီး အခြား ၂ဦး ဆေးရုံတွင်သေဆုံးခဲ့ကြပါတယ်။ သေဆုံးသူများထဲတွင် ကလေးအမေဒေါ်ပါရ်ထားလည်း ပါ၀င်ပါတယ်။ ၎င်းရဲ့ ၂နှစ်အရွယ်ကလေးကိုတော့ ဆေးရုံမှာဆေးကုသပေးလျှက်ရှိပါတယ်။ သေဆုံးသူ ၅ဦးထဲတွင် တီာလ်လျန်ကျဲအိုနှင့် ဒေါ်ပါရ်ထားတို့နှစ်ဦးသည် မြန်မာနိုင်ငံသားများဖြစ်ကြကြောင်း မီဇိုရမ်သတင်းတွေကဖော်ပြထားပါတယ်။ ယာဉ်မောင်း၊ ၂နှစ်အရွယ်ကလေးငယ်နှင့် ခရီးသည်အမျိုးသားတစ်ဦးတို့ကို ကြွန်ဖိုင်ခရိုင်ဆေးရုံမှာ ဆေးကုသလျှက်ရှိကြောင်း သိရပါတယ်။
ထန်တလန် စကစတပ်သား ၂ဦး လက်နက်များနဲ့ CNA/CDF ထံသို့ ထွက်ပြေး
ချင်းပြည်နယ်၊ ထန်တလန်မြို့ရှိ စစ်ကောင်စီတပ်ဖွဲ့မှ တပ်သား နှစ်ဦးသည် ဒီဇင်ဘာ ၂၄ရက် ညပိုင်းတွင် လက်နက်များနဲ့အတူ CDF နှင့် CNA တပ်ဖွဲ့၀င်များထံသို့ ထွက်ပြေးခိုလှုံလာကြကြောင်း သတင်းရရှိသည်။ “သူတို့ ညပိုင်းမှာ ထွက်ပြေးလာကြတယ်။ ထန်တလန်မြို့တွင်း CDF နှင့် CNA တပ်ဖွဲ့၀င်များအခြေချသည့်နေရာကို ထွက်ပြေးလာကြတာပါ။ သေနက် ၂လက်နှင့် ကျည်ဆံတွေပါလာကြတယ်” လို့ မြေပြင်သတင်းအရင်းအမြစ်တစ်ဦးက ပြောသည်။ ထွက်ပြေးလာကြသော စစ်ကောင်စီတပ်သား ၂ဦးကို CDF နှင့် CNA တပ်ဖွဲ့၀င်များက နွေးထွေးစွာကြိုဆိုကြပြီး လုံခြုံသည့်နေရာဖက်သို့ ညတွင်းချင်းပို့ဆောင်ပေးကြပါတယ်။ ဟားခါး-ထန်တလန်အကြားမှာ ပြီးခဲ့တဲ့ နို၀င်ဘာလအတွင်း တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က လေကြောင်းအကူအညီတွေလည်း အသုံးပြုခဲ့သည်။ စစ်ကောင်စီတပ်ဖွဲ့သည် ဟားခါးနှင့် ၅မိုင်ခန့်ရှိသည့် သီမစ်လွင်ပြင်အထိသာ ရောက်ရှိနိုင်ကြပြီး ထန်တလန်မြို့ဖက်ကို ကုန်းလမ်းဖြင့် စစ်ကူပို့နိုင်ခြင်း […]
ဟားခါးမြို့ တွင်း ခရစ္စမတ်ပွဲတော်ကို ၀တ်ပြုဆုတောင်းခြင်း အစီစဉ်နဲ့သာ ကျင်းပ
ဟားခါးမြို့တွင်း အသင်းတော်များတွင် ခရစ်တော်ယေရှုဖွားမြင်တော်မှုခြင်း အထိမ်းအမှတ် ခရစ္စမတ်နေ့ကို ၀တ်ပြုဆုတောင်းခြင်း အစီစဉ်နဲ့သာကျင်းပကြပြီး တစ်ချို့အသင်းတော်များတွင် နေ့လယ်စာ လဘ္ဘက်ရည်နှင့် ချင်းရိုးရာကောက်ညှင်း သုံးဆောင်ခြင်း အစီစဉ်များဖြင့် ပြုလုပ်ကြပါတယ်။ စစ်ကောင်စီက နိုင်ငံတော်အာဏာသိမ်းယူပြီးနောက်ပိုင်း ချင်းပြည်နယ်တွင် အရင်လို ခရစ္စမတ်ပွဲတော်ကို စည်စည်ကားကား မဆင်နွဲနိုင်တာ ၂နှစ် ရှိသွားပြီဖြစ်သည်။ ခရစ်ယာန်ဘာသာ၀င်အများစုဖြစ်ကြသည့် ချင်းလူမျိုးတွေအတွက် ခရစ္စမတ်ပွဲတော်ဟာ သခင်ခရစ်တော်ဖွားမြင်တော်မှုခြင်းကို ကြိုဆိုသည့် ဘာသာရေးနေ့ထူးနေ့မြတ်ဖြစ်သလို ရပ်ဝေးမှာနေထိုင်ကြသော ဆွေမျိုးများအတွက် မိသားစု၀င်တွေနှင့် ပြန်လည်ဆုံးဆည်းခွင့်ရရှိသည့် အမှတ်တရနေ့တစ်နေ့လည်းဖြစ်ပါတယ်။ အာဏာသိမ်းမှုဖြစ်ပွားပြီးနောက်ပိုင်း နယ်မြေမတည်ငြိမ်မှုများကြောင့် ရပ်ဝေးကဆွေမျိုးတွေ အရင်လိုနေရပ်ပြန်ပြီး မိသားစု၀င်တွေနဲ့အတူခရစ္စမတ်ပွဲတော်ကို နွေးနွေးထွေးထွေး ဆင်နွဲနိုင်ခြင်းမရှိတော့ပေ။ ချင်းပြည်နယ်မြို့ကြီးတွေမှာလည်း ခရစ္စမတ်တေးသံတွေ ပျောက်ကွယ်သွားတာ ၂နှစ်ရှိသွားပါပြီ။ ဟားခါးဘာသာရေးခေါင်းဆောင်များက ခရစ္စမတ်ပွဲတော်ကို စည်ကားစွာ ကျင်းပခြင်းမပြုလုပ်ကြရန် တောင်းဆိုသည့်အတိုင်း ဟားခါးမြို့တွင်းအသင်းတော်အားလုံးကလည်း ဘာသာရေးခေါင်းဆောင်များ၏ တောင်းဆိုမှုကို တသွေမတိမ်းလိုက်နာကြပြီး အသင်းတော်များရဲ့ […]
တာဟန်းတွင် စကစတပ်သားတွေ ပစ်ခတ်လို့ ချင်းအမျိုးသားတစ်ဦး သေဆုံး
ယနေ့ ဒီဇင်ဘာ ၂၄ရက် နေ့လယ်ပိုင်း ၁၁နာရီခွဲခန့်က ကလေးမြို့၊ တာဟန်းရပ်ကွက် ၀ယ်စလီဆေးရုံလမ်းခွဲတွင် ဆိုင်ကယ်စီးလာကြတဲ့ ချင်းအမျိုးသား ၂ဦးအား စကစတပ်သားများက သေနက်နဲ့ ပစ်ခတ်လို့ ဦးသရန်ဇေထန်း (၃၅)နှစ် သေဆုံးသွားကြောင်း သတင်းရရှိသည်။ ဦးသရန်ဇေထန်းနှင့် အတူလိုက်ပါတဲ့ အမျိုးသားတစ်ဦးလည်း ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောပါတယ်။ “သူတို့က ကလေးမြို့နယ် ပျဉ်းခုံကြီးရွာက သာမန်ပြည်သူတွေပါ။ ဦးသရန်ဇေထန်းက ရင်အုံမှာထိပြီး နေရာမှာပဲ သေသွားတယ်။ သူနဲ့လိုက်ပါတဲ့ တစ်ယောက်လည်း ဒဏ်ရာရရှိတယ်။ ဦးသရန်ဇေထန်း အလောင်းကိုတော့ ရွာဖက်ကို သယ်သွားကြပြီလို့ သိရတယ်” လို့ ပြောပါတယ်။ မနက်ပိုင်း ၁၀နာရီခွဲခန့်တွင် တာဟန်းမီးပ္ပိုင့်ရှိ စစ်ကောင်စီတပ်ဖွဲ့အား CDF-KKG တပ်ဖွဲ့ ၀င်များက သွားရောက်တိုက်ခိုက်ပြီး စစ်ကောင်စီတပ်သားတွေရဲ့ သေနက်တစ်လက်သိမ်းဆည်းခဲ့သည်။ CDF-KKG တပ်ဖွဲ့ ၀င်များရဲ့ […]
ကလေးမြို့ တာဟန်းရပ်ကွက်မှာ အမျိုးသားတစ်ဦး ပစ်ခတ်ခံရ
ယနေ့ နေ့လယ်ပိုင်း ၁၁နာရီခွဲခန့်က ကလေးမြို့၊ တာဟန်းရပ်ကွက်မှာ ဆိုင်ကယ်နဲ့ အမျိုးသားတစ်ဦး ပစ်ခတ်ရလို့ ၎င်းဆိုင်ကယ်နှင့်အတူ လဲကျသွားပြီး သေဆုံးခြင်းရှိမရှိ မသိရှိရသေးကြောင်း ဒေသခံတွေက ပြေပါတယ်။ ဝီစလီဆေးရုံလမ်းခွဲမှာ ကင်းထိုင်တဲ့ စစ်ကောင်စီတပ်သားများက ပစ်ခတ်ခြင်းဖြစ်ကြောင်း၊ အခင်းဖြစ်ပွားချိန်တွင် တာဟန်း၌ စစ်ကောင်စီနှင့် တော်လှန်ရေးတပ်ဖွဲ့အကြားပစ်ခတ်မှုမရှိကြောင်း ဒေသံတစ်ဦးကပြောပါတယ်။ ယနေ့ မနက်ပိုင်း ၁၀ နာရီခွဲခန့်တွင် ကလေးမြို့၊ တာဟန်းမီးပ္ပိုင့်ရှိ စစ်ကောင်စီတပ်သားများအား CDF-KKG တော်လှန်ရေးတပ်ဖွဲ့မှ ၀င်ရောက်စီနင်းခဲ့ကြောင်း CDF-KKG မှ ထုတ်ပြန်ချက်အရ သိရသည်။ မီးပ္ပိုင့်ရှိ စစ်ကောင်စီတပ်သားများက CDF-KKG တပ်ဖွဲ့၀င်များချဉ်းကပ်လာသည်ကို မြင်တွေ့ခဲ့ပြီး သေနက်ထားခဲ့ကာ ထွက်ပြေးကြကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ တာဟန်းမီးပ္ပိုင့်စီးနင်းမှုတွင် CDF-KKG တပ်ဖွဲ့က စစ်ကောင်စီတပ်သေနက် ၁လက်၊ ကျည်ဘောက် ၁ခုနှင့် ကျည်ဆံ ၆၀ […]
စစ်ကောင်စီရဲတပ်သားတစ်ဦး CDF-Daai ထံသို့ အလင်း၀င်
CDF-Daai တော်လှန်ရေးတပ်ဖွဲ့ထံသို့ စစ်ကောင်စီရဲတပ်သားတစ်ဦးသည် ဒီဇင်ဘာ ၁၉ရက်နေ့က အလင်း၀င်ခဲ့ကြောင်း CDF-Daai ကထုတ်ပြန်သည်။ မန္တလေးတိုင်း၊ အမရပူရခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲတပ်သား လေဆန်း (ကိုင်ပိုင်အမှတ် လ/၂၇၈၅၁၃) သည် အာဏာသိမ်းစစ်ကောင်စီ လက်အောက်မှာ ဆက်လက်တာဝန်ထမ်းဆောင်လိုခြင်း မရှိတာကြောင့် အလင်း၀င်လာခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။ ပြည်သူနဲ့ပူးပေါင်းလာသည့် ရဲတပ်သား လေဆန်းကို CDF-Daai တပ်ဖွဲ့က နွေးထွေးစွာ ကြိုဆိုခဲ့ပြီး လွတ်မြောက်နယ်မြေ တစ်နေရာသို့ ပို့ဆဆောင်ပေးခဲ့ကြောင်း အသိပေးထားသည်။ စစ်ကောင်စီလက်အောက်မှာ တာ၀န်ထမ်းဆောင်လိုခြင်းမရှိသဖြင့် အလင်း၀င်ကာ ပြည်သူ့ရင်ခွင်သို့ခိုလှုံလိုသူ ပြည်သူ့ရဲများအား နွေးထွေးစွာကြိုဆိုလက်ခံသွားမည်ဖြစ်ကြောင်း CDF-Dai က ဖော်ပြထားပါတယ်။
မြန်မာပြည်ဖွား ယောရှုဗန်က Fury FC Flyweight ချန်ပီယံရရှိ
Joshua “The Fearless” Van ဟု တင်စားခေါ်ဝေါ်ခြင်းခံရသည့် မြန်မာပြည်ဖွား ချင်းလူငယ် MMA ကစားသမား ယောရှုဗန် (ယောရှုဗန်ဘွေထောင်း) က ဒီဇင်ဘာ ၁၈ရက်နေ့က ကျင်းပတဲ့ Fury FC 72 ထိုးသတ်ပွဲတွင် လက်ရှိ Flyweight ချန်ပီယံ Cleveland Mclean (၃၃) နှစ် ကို ချုပ်ကွက်နဲ့ အနိုင်ရရှိပြီး ချန်ပီယံခါးပတ်သိမ်းပိုက်နိုင်ခဲ့ပါတယ်။ အသက် ၂၁နှစ်သာ ရှိသေးသည့် ယောရှုဗန်သည် Texas ပြည်နယ်တွင်အခြေချကာ ပရောဖက်ရှင်နယ် MMA ပွဲ ၇ပွဲကစားခဲ့ပြီး ၆ပွဲနိုင်၊ တစ်ပွဲရှုံး မှတ်တမ်းရရှိထားသူဖြစ်ပါတယ်။ Houston မြို့ရှိ 4oz. Fight Club ၌ လေ့ကျင့်နေ သူဖြစ်ပြီး UFC ပြိုင်ပွဲတွင် ၀င်ရောက်ထိုးသတ်နိုင်ဖို့ […]
ဂန့်ဂေါ်တွင် သာမန်ချင်းအမျိုးသားတစ်ဦးပစ်သတ်ခံရ၊ PDF ဟုသတင်းတုလွှင့်
မနေ့ ဒီဇင်ဘာ ၁၅ရက်၊ ညနေပိုင်း ၃နာရီခန့်တွင် ချင်းပြည်နယ်၊ မတူပီမြို့နယ်မှ ဂန့်ဂေါ်မြို့သို့ အလည်သွားရောက်သော ဆလိုင်းရွှေဘိလျန်အား အမှတ် (၁) ဂန့်ဂေါ်စစ်ဆေးရေးဂိတ်တွင် စကစတပ်သားတွေက ပစ်သတ်ပြီး စကစအာဘော် သတင်းချာနယ်များတွင် PDF ဟုသတင်းတုလွှင့်ခဲ့ကြသည်။ ဆလိုင်းရွှေဘီလျန်သည် မတူပီမြို့နယ်၊ ဇိုတုန်နယ်အတွင်းရှိ တိန်ဆီးကျေးရွာတွင် နေထိုင်သောသာမန်ပြည်သူတစ်ဦးဖြစ်ပြီး ဂန့်ဂေါမြို့ပေါ်တွင်နေထိုင်သည့် အဒေါ်ဖြစ်သူထံသို့ အလည်လာရောက်သူဖြစ်သည်။ “KPK ဆီဆိုင်သို့ ဆိုင်ကယ်ဆီထည့်ရန်သွားနေစဉ် ဆိုင်ကယ်မရပ်ဘဲမောင်းမိရာက စခများက ပစ်ခတ်ခဲ့သဖြင့် ချင်းအမျိုးသားတစ်ဦးဖြစ်သူ ရွှေဘိလျန်သည် ယင်းအမှတ် (၁) ဂိတ်အနီးတွင်ပင် ဆုံးသွားကြောင်းသိရသည်” ဟု ဒေသတွင်း သတင်းချာနယ်တစ်ခုဖြစ်သည့် ယောအလင်းတန်းက ဖော်ပြထားပါတယ်။ ဆလိုင်းရွှေဘိလျန် ပစ်သတ်ခံရသည့်ကိစ္စနဲ့ပတ်သက်ပြီး CDF-Zotung က ၀မ်းနည်းကြောင်းထုတ်ပြန်ထားပါတယ်။ “အပြစ်မဲပြည်သူတစ်ဦးဖြစ်သည့် ဆလိုင်းရွှေဘိလျန်သည် ၁၅၊ ၂၁၊ ၂၀၂၂ တွင် […]
ဟားခါးမြို့မှာ ပစ်ခတ်မှု ဖြစ်ပွားပြီး နေအိမ်တစ်လုံး မီးရှို့ဖျတ်ဆီးခံရ
ချင်ပြည်နယ်၊ ဟားခါးမြို့၊ မြို့ဟောင်းရပ်ကွက်တွင် ဒီဇင်ဘာ ၁၁ရက်နေ့ ည ၈နာရီခန့်က ပစ်ခတ်မှုဖြစ်ပွားပြီး မြို့ဟောင်းအောက်ပိုင်း ဟိုင်ထလန်းအနီးက လူနေအိမ်တစ်လုံး မီးရှို့ဖျတ်ဆီးခံရကြောင်း သိရသည်။ “ပစ်ခတ်မှုက မိနစ်ပိုင်းပဲကြာတယ်။ နေအိမ်တစ်လုံး မီးလောင်သွားတယ်။ ဘာကြောင့်လောင်သွားလဲတော့မသိဘူး။ ကျနော်တို့လည်း အပြင်မထွက်ရဲဘူး။ ၂၆၆ တပ်စခန်းကနေ လက်နက်ကြီးပစ်ခတ်သံတွေ ကျနော်တို့ကြားရတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ အဆိုပါ ပစ်ခတ်မှုတွင် စကစဖက်၌ ထိခိုက်သေဆုံးမှုရှိကြောင်း ပြောဆိုကြသော်လည်း ချင်းဂျာနယ်နေနဲ့ သီးခြားအတည်ပြုနိုင်ခြင်းမရှိပေ။ နေအိမ်တစ်လုံး မီးလောင်မှုနဲ့ ပတ်သက်ပြီး စကစတပ်သားများက ရည်ရွယ်ချက်ရှိရှိ မီးရှို့ခြင်းဖြစ်ကြောင်း၊ အိမ်ပိုင်ရှင် မိသားစု ၆ဦးဟာ နေထိုင်စရာနေရာမရှိတော့ကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။