ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်၊ CDF-Thantlang ထိန်းချုပ်နယ်မြေအတွင်းရှိ ကျေးရွာအုပ်ချုပ်ရေမှူးများနှင့် ထန်တလန်မြို့နယ်အုပ်ချုပ်ရေးအဖွဲ့မှ တာ၀န်ရှိသူများတွေ့ဆုံပွဲကို နို၀င်ဘာလာ ၂၉ရက်နေ့မှ ၃၀ ရက်နေ့အထိကျင်းပခဲ့ကြောင်း သိရှိရသည်။
လမ်းပန်းဆက်သွယ်ရေး၊ တရားစီရင်ရေး၊ ရဲတပ်ဖွဲ့၊ ကျန်းမာရေးနှင့် ကျေးရွာအတွင်းအုပ်ချုပ်ရေးလုပ်ငန်းများ မှန်မှန်ကန်ကန်လည်ပက်နိုင်အောင် အဓိကထားပြီး ဆောင်ရွက်ခဲ့ကြောင်း ထန်တလန်မြို့နယ်အုပ်ချုပ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ကျေးရွာအုပ်ရေးမှူးများကို လူထုမှဒီမိုကရေစီနည်းလမ်းအတိုင်းရွေးချယ်ရပြီး တာ၀န်ထမ်းဆောင်ချိန် သက်တမ်းတစ်နှစ်ချမှတ်ထားပါတယ်။
ထန်တလန်မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ကို နို၀င်ဘာလ ၂၀၂၁ ခုနှစ်တွင် CDF-Thantlang ထိန်းချုပ်နယ်မြေအတွင်းရှိ ကျေးရွာ ၅၁ မှာ စတင်ဖွဲ့စည်းခဲ့ပြီး ယခုနှစ် နို၀င်ဘာလတွင် သက်တမ်းတစ်နှစ်ပြည့်ခဲ့ပြီဖြစ်သည်။