ထန်တလန်မြို့ကို စကစက ‌တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်

မနေ့ ဇွန်လ ၂၈ရက်၊ နေ့လယ်ပိုင်း ၁၂နာရီခန့်က အကြမ်းဖက်စစ်ကောင်စီတပ်က ချင်းပြည်နယ်၊ ထန်တလန်မြို့ကို တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။ “နေ့လယ်ပိုင်း ၁၂နာရီ ၀န်းကျင်မှာ စကတိုက်လေယာဉ်တစ်စင်းက နှစ်ကြီမ်လာပစ်သွားတယ်။ ပထမတစ်ကြီမ်မှာ ဗုံးတစ်လုံးချသွားတယ်။ ဒုတိယအကြိမ်မှာတော့ ဗုံး ၂လုံးချပြီး စကသေနက်နဲ့ပါ ပစ်သွားတယ်” လို့ ထန်တလန်ရှေ့တန်းတွင် တာ၀န်ထမ်းဆောင်နေသော ချင်းအမျိုးသားတပ်မတော် (CNA) ရဲဘော်တစ်ဦးက ပြောပါတယ်။ အဆိုပါ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွင် ထန်တလန်ဆေးရုံကြီးနားက ‌လူနေအိမ် ၂လုံး မီးလောင်သွားခဲ့ပြီး မြေပြင်ရှိတော်လှန်ရေးတပ်ဖွဲ့၀င်တွေတော့ ထိခိုက်မှု တစ်စုံတစ်ရာမရှိဘူးလို့ ၎င်းက ဆက်ပြောပါတယ်။ မနေ့ မနက်ပိုင်း ၁၁နာရီ၀န်းကျင်တွင်လည်း မင်းတပ်မြို့နယ်၊ လုပ်ခေးကျေးရွာအနီးတွင် အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်လေယာဉ်နဲ့ ဗုံး ၂လုံး ကြဲချခဲ့ကြောင်း သိရပါတယ်။ 

ဟားခါး-ထန်တလန်အကြားကို စကစက အပြင်းအထန်ထိုးစစ်ဆင်နေ

ဟားခါးနဲ့ ထန်တလန်အကြားရှိ ချင်းအမျိုးသားတပ်မတော် (CNA) နဲ့ CDF ပူးပေါင်းတပ်ဖွဲ့၀င်များ ခြေကုတ်ယူထားသည့် နေရာများကို အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်လေယာဉ်နဲ့ ရဟက်ယာဉ်များဖြင့်လေကြောင်းတိုက်ခိုက်မှု အပြင်းအထန်ပြုလုပ်နေကြောင်း သတင်းရရှိပါတယ်။ ထန်တလန်မြို့နယ်ဖက်ကို စစ်ကြောင်းထိုးရန် ဟားခါးမြို့မှ စစ်ကောင်စီတပ်အင်အား ၁၅၀ ၀န်းကျင်ဟာ ဟားခါး-ထန်တလန်အကြား သီမစ်ဖက်ကို ပြီးခဲ့တဲ့ရက်ပိုင်းက ရောက်ရှိကြပြီး မေလ ၂၅ရက်နေ့မှစတင်ကာ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု အပြင်းအထန်ပြုလုပ်တာပါ။ သီမစ်အနီး လုံခါရ် (Lungkhar) နဲ့ သီမစ်အောက်ပိုင်း‌ဖက်ကို စစ်ကောင်စီက လေကြောင်းနဲ့ ခြေလျှင်တပ်ဖြင့် အဓိကထိုးစစ်ဆင် တိုက်ခိုက်လျှက်ရှိရာ မနေ့ မေလ ၂၉ရက်နေ့ လေကြောင်းတိုက်ခိုက်မှုတွင် တော်လှန်ရေးပူးပေါင်းတပ်ဖက်၌ ထိခိုက်ကျဆုံးမှု တစ်ချို့ရှိတယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်က လေကြောင်းနဲ့ ကုန်းကြောင်းဖြင့် ထိုးစစ်ဆင်သည့်အပြင် ဟားခါးမြို့ကနေ လက်နက်ကြီးများဖြင့် ပစ်ကူပေးပါတယ်။ ယနေ့ […]

မာလ်ဆောမ်ရွာ လူနေအိမ်ပစ္စည်းများကို စကစ တပ်မ (၇၇) က ခိုးယူဖျက်ဆီး

ဟားခါးမြို့နယ်၊ မာလ်ဆောမ်ကျေးရွာအတွင်းရှိ လူနေအိမ်များကို အကြမ်းဖက်စစ်တပ်၏ တပ်မ (၇၇) တပ်သားတွေက ဖောက်ထွင်းပြီး အိမ်ထဲရှိ အဖိုးတန်ပစ္စည်းများကို ခိုးယူခဲ့ကြောင်း သိရပါတယ်။ ဂန့်ဂေါ်ဖက်မှ တက်လာသော တပ်မ (၇၇)ဟာ မေလ ၅ရက်နေ့တွင် မာလ်ဆောမ်ကျေးရွာကို ရောက်ရှိကြပြီး ၅ရက်ကြာ ရွာထဲ၌ တပ်ဆွဲခဲ့ပါတယ်။ မာလ်ဆောမ်နှစ်ခြင်းဘုရားကျောင်းနဲ့ ယုံကြည်သူအသင်းတော် ဘုရားကျောင်းများတွင် အကြမ်းဖက်စစ်သားများ ညအိပ်ကာ ဘုရားကျောင်းထဲမှာပင် ချက်ပြုတ်စားသောက်ခဲ့ကြပါတယ်။ မာလ်ဆောမ်ကျေးရွာသည် ဟားခါးမြို့နဲ့ ၃၅မိုင်ခန့်အကွာတွင် တည်ရှိပြီး အိမ်ခြေ ၅၀ခန့်၊ လူဦးရေ ၂၅၀ ၀န်းကျင်နေထိုင်ကြပါတယ်။ ဧပြီ ၃၀ရက်နေ့မှာ ရွာသားအားလုံး ဘေးလွက်ရာကို ထွက်ပြေးခဲ့ကြပါတယ်။ အကြမ်းဖက်စစ်သား‌တွေ မာလ်ဆောမ်ရွာကိုမ၀င်ရောက်ခင်မှာ အကြမ်းဖက်စစ်တပ်က တိုက်လေယာဉ်နဲ့ ရွာထဲကို ၂ကြီမ် ဗုံးကြဲခဲ့ပါတယ်။ အဆိုပါ ဗုံးကြဲမှုတွင် ရွာထဲရှိ နှစ်ခြင်းဘုရားကျောင်းအဆောက်အအုံနဲ့ […]

CNA စခန်းငယ်တစ်ခုနဲ့ ထန်တလန်မြို့ကို စကစက လေယာဉ်နဲ့ ဗုံးကြဲ

ယနေ့ ဖေဖော်ဝါရီ ၂၂ ရက်နေ့ နံနက်အစောပိုင်းတွင် စစ်ကောင်စီက ထန်တလန်မြို့နယ်ထဲက CNA စခန်းငယ်တစ်ခုကို တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီး ထန်တလန်မြို့ထဲက CNA နဲ့ CDF တပ်ဖွဲ့၀င်များ ရှိနိုင်မယ့်နေရာများကိုလည်း မွန်းလွဲပိုင်းတွင် ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ပါတယ်။ ယနေ့နံနက်ပိုင်း ၁၂ နာရီခွဲခန့်တွင် ထန်တလန်မြို့နယ်ထဲက CNA စခန်းငယ်တစ်ခုဖြစ်သည့် Buarpi Camp ကို စစ်ကောင်စီက တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်သွားခဲ့ပါတယ်။ ယုခုလအတွင်းမှာ Buarpi Camp ကို စစ်ကောင်စီက ဒုတိယအကြီမ် ဗုံးကြဲတိုက်ခြင်းဖြစ်သည်။ Baurpi Camp အပေါ် ပထမအကြီမ် ဗုံးကြဲတိုက်မှုကို ဖေဖော်ဝါရီ ၉ရက်နေ့မှာ စစ်ကောင်စီက ပြုလုပ်ခဲ့ပြီး လူထိခိုက်မှုမရှိပေမယ့် စခန်းအတွင်း အဆောက်အအုံတစ်ချို့ ပျက်ဆီးခဲ့ပါတယ်။ ယနေ့မွန်းလွဲပိုင်း ၁း၄၀ […]

မင်းတပ်မြို့နယ် ဘုန်ကြီးကျောင်းနဲ့ အိမ်များ စကစက လေယာဉ်နဲ့ ဗုံးကြဲ

By Van Bawi Lian | ယနေ့ ဇန်နဝါရီ ၂၃ ရက် နေ့လယ်ပိုင်း ၁၁နာရီခန့်တွင် မင်းတပ်မြို့နယ်၊ ပလိပ်ထွီကျေးရွာထဲကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲချခဲ့ပြီး ဘုန်ကြီးကျောင်းအပါအ၀င် ပြည်သူနေအိမ်များပျက်ဆီးသွားကြောင်း မျက်မြင်ဒေသခံတစ်ဦးက ပြောသည်။ “မနက် ၁၁နာရီခွဲလောက်က ဖြစ်မယ်၊ တိုက်လေယာဉ် ၂ စီးနဲ့ဆက်တိုက်လာပစ်တာ၊ ဒါဏ်ရာရတာ ၃ ယောက်၊ ဒဏ်ရာပြင်းတယ်၊ ခုတရွာလုံးတောထဲ ပြေးနေပါတယ်” လို့ The Mindat Post ကို ပြောပါတယ်။ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ ပြည်သူသုံးဦး ပြင်းထန်ဒဏ်ရာရရှိပြီး ပလိပ်ထွီကျေးရွာက ဘုန်းကြီးကျောင်းပါ ပျက်စီးသွားကြောင်း The Mindat Post ကဖော်ပြသည်။ ယခုနှစ် ဇန်နဝါရီလအတွင်း စစ်ကောင်စီက မင်းတပ်မြို့နယ်မှာ လေကြောင်းတိုက်ခိုက်မှု […]

စကစ လေယာဉ်တိုက်ခိုက်မှုကြောင့် မင်းတပ်မြို့နယ်တွင် ပြည်သူ ၂ဦး ဒဏ်ရာရ

မင်းတပ်မြို့နယ်၊ စွန်တောင်ကျေးရွာအနီးရှိ လူနေအိမ် အဆောက်အဦများကို ယမန်နေ့ည ၁၁:၅၀ ဝန်းကျင်တွင် စစ်ကောင်စီက တိုက်ပွဲမရှိဘဲ တိုက်လေယာဉ်ဖြင့် ဗုံး ၂ လုံးကြဲခဲ့ရာ နေအိမ် ပျက်စီးဆုံးရှုံးမှုများရှိခဲ့ပြီး အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ဗုံးဆံထိမှန်ပြီး (မစိုးရိမ်ရ) ဒဏ်ရာများရခဲ့ကြောင်း မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။ ယနေ့မနက် ၁၁ နာရီ ဝန်းကျင်တွင်လည်း မင်းတပ်မြို့ပေါ်တွင် တပ်ဆင်ထားသော ဟောင်ဝစ်ဇာ ‌(Howitzer) လက်နက်ကြီးများဖြင့် (၅) ချက်ဆက်တိုက် ဝမ္မသူးကျေးရွာကို ပစ်ခတ်ခဲ့သည်။ ယင်းပစ်ခတ်မှုတွင် ထိခိုက်ဒဏ်ရာရသူ အနည်းငယ်ရှိပြီး နေအိမ်ပျက်စီးမှုများကို မသိရသေးပေ။ ယခုကဲ့သို့ တိုက်ပွဲမရှိဘဲ စကစတပ်မှ ကျေးရွာများကို အကြောင်းမဲ့ ဗုံးကြဲခြင်း၊ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ခြင်းများကြောင့် ကျေးရွာနေပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်သည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် မီဇိုရမ်သို့ ချင်းဒုက္ခသည် ၂၀၀ ခန့်ထပ်မံရောက်ရှိ

By Van Bawi Lian | စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အိန္ဒိနိုင်ငံ၊ မီဇိုရမ်ပြည်နယ်သို့ ချင်းစစ်ဘေးဒုက္ခသည် ၂၀၀ ခန့်ထပ်မံရောက်ရှိလာကြကြောင်း Young Mizo Association (YMA) တာ၀န်ရှိသူတစ်ဦးက The Indian Express ကို ပြောပါတယ်။ စစ်ကောင်စီတပ်က CNF ဌာနချုပ်ကို ဇန်နဝါရီ ၁၀ရက်နှင့် ၁၁ရက်နေ့တွင် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး CNF ဌာနချုပ်အနီးနာရှိ ကျေးရွာများမှ အိမ်ထောင်စု ၅၉စု၊ လူဦးရေ ၂၀၀ခန့်သည် မီဇိုပြည်နယ်၊ ဖာရ်ကောန်ကျေးရွာသို့ ထွက်ပြေးကြခြင်းဖြစ်ပါတယ်။ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ထွက်ပြေးသူများထဲတွင် အမျိုးသမီးနှင့် ကလေးငယ်များပါ၀င်ပြီး YMA က တက်နိုင်သည့်ဖက်မှ အကူအညီတွေပေးပါတယ်။ “ကျနော်တို့ တက်နိုင်တဲ့ဖက်ကနေ ကူညီပေးကြတယ်။ အများစုက သူတို့ဆွေမျိုး‌တွေအိမ်မှာ ယာယီခိုလှုံနေထိုင်ကြတယ်” လို့ […]

အိန္ဒိယနိုင်ငံ ဖာရ်ကောန်ရွာနဲ့ ၇မိုင်ခန့်အကွာတွင် စကစတိုက်လေယာဉ်ဗုံး ကျရောက်ပေါက်ကွဲ

ဇန်နဝါရီ ၁၀ရက်နေ့ ညနေပိုင်းက အိန္ဒိယ-မြန်မာနယ်စပ်ရှိ CNF ဌာနချုပ် လေကြောင်းနဲ့ တိုက်ခိုက်ခံရပြီး စစ်ကောင်စီပစ်ခတ်လိုက်သော ဗုံးတစ်လုံးသည် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်အတွင်းရှိ ဖာရ်ကောန်ကျေးရွာနှင့် ၇မိုင် ကျော်ကျော် (၁၂ကီလိုမီတာ) တွင် ကျရောက်ပေါက်ကွဲသွားကြောင်းသိရပါတယ်။ အိမ်နီးချင်းနိုင်ငံအတွင်း စစ်ကောင်စီဗုံးကျရောက်ပေါက်ကွဲသည့်ဖြစ်စဉ်တွင် လူထိခိုက်မှုမရှိသော်လည်း အနီးနားရှိကားတစ်စီး ပျက်ဆီးသွားပါတယ်။ အိန္ဒိယနိုင်ငံ နယ်နိမိတ်အတွင်း စစ်ကောင်စီဗုံးကျရောက်ပေါက်ကွဲသည့် ကိစ္စနှင့်ပတ်သက်ပြီး အိန္ဒိအစိုးရဖက်က ပေါ်ပေါ်ထင်ထင် ပြောဆိုကန့်ကွက်တာမျိုး မရှိသေးပါဘူး။ ဒီမိုကရေစီအရေးလှုပ်ရှားသူ ဆလိုင်းကျဲအိုဘိခ့်ထောင်းက ဒီကိစ္စနဲ့ပတ်သက်ပြီး ယခုအချိန်အထိအိန္ဒိယအစိုးက မျက်လုံးစုံမှိတ် မသိကျိုးကျွန်ပြုသော်လည်း မီဇိုရမ်ပြည်သူများအနေနဲ့ ကိုယ့်နယ်မြေလုံခြုံရေးအတွက် ကန့်ကွက်သင့်ကြောင်း ၎င်းရဲ့လူမှုကွန်ယက်စာမျက်နှာမှာ ရေးသားထားပါတယ်။

ဟားခါး ဆိုင်မဖွင့်သူများကို ဆိုင်သိမ်းမည်ဟု စကစတပ်ဖွဲ့ ခြိမ်းခြောက်

ချင်းပြည်နယ်၊ ဟားခါးမြို့တွင်း ဈေးဆိုင်မဖွင့်သူများကို ဆိုင်သိမ်းမယ်လို့ စစ်ကောင်စီတပ်သားများက ဟားခါးမြို့တွင်း၌ ကားဖြင့်လှည့်လည် လိုက်အော်နေကြတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။ “အခု စစ်ကောင်စီတပ်သားတွေ ကားနဲ့ လိုက်အော်နေကြတယ်။ အကြမ်းဖက်အားပေးပြီး ဆိုင်မဖွင့်သူများကို ဆိုင်သိမ်းမယ် လို့ လိုက်အော်နေကြတာ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ CNF/A ဌာနချုပ် Camp Victoria လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ကျဆုံးသွားသော ရဲဘော်များအတွက် ၀မ်းနည်းကြောင်းပြသသည့်အနေနဲ့ ယနေ့ ဇန်နဝါရီ ၁၁ရက်နေ့ တွင် ဟားခါးမြို့တွင်း ဈေးဆိုင်အကုန်လုံး ပိတ်ထားကြပါတယ်။

လေကြောင်း တိုက်ခိုက်မှုကြောင့် CNF/A ပြင်ပလူနာဆောင်ထိခိုက်ပျက်ဆီး

ယနေ့ ညနေပိုင်း ၄း၅၀ အချိန်ခန့်တွင် စစ်ကောင်စီတပ်မှ CNF Headquarters, Camp Victoria ကို ဒုတိယအကြိမ် တိုက်လေယဉ်များဖြင့် ထပ်မှံ ဗုံးကြဲခဲ့ရာ ပြင်ပလူနာဆောင်ထိခိုက်ပျက်ဆီးသွားကြောင်း သိရပါတယ်။ အဆိုပါပြင်ပလူနာဆောင်သည် နီးစပ်ရာကျေးရွာများမှ အများပြည်သူ လူနာများအား လက်ခံကုသပေးသည့် နေရာဖြစ်ကြောင်း Chinland Information Center က ထုတ်ပြန်သည်။ ယနေ့ညနေပိုင်း လေကြောင်းတိုက်ခိုက်မှုတွင် Camp Victoria ရှိ နေအိမ်အချို့ ထိခိုက်ပျက်စီးသွားကြောင်းလည်း ဖော်ပြထားသည်။ လူထိခိုက်သေဆုံးမှု ရှိမရှိ မသိရှိရသေးပေ။