ဟာခါးမြို့ တွင်း ဆိုင်ခန်းအများအပြား ချိတ်ပိတ်ခံရ၊ ဆိုင်ရှင်များကို ရဲစခန်းသို့ခေါ်ဆောင်

CNF ဌာနချုပ်တိုက်ခိုက်ခံရမှု ၀မ်းနည်းကြောင်းပြသသည့်အနေဖြင့် ဇန်န၀ါရီ ၁၁ရက်နေ့က ဟားခါးမြို့တွင်း ဆိုင်ပိတ်ခဲ့သော ဆိုင်ခန်းအများအပြားကို စစ်ကောင်စီတပ်က ယနေ့ ဇန်န၀ါရီ ၁၂ရက်နေ့တွင် ဆိုင်ရှေ့မှာစာတွေကပ်ပြီး ချိတ်ပိတ်ကြပါတယ်။ ဇန်န၀ါရီ ၁၁ရက်နေ့တွင် ဆိုင်ပိတ်သူများကို ဆိုင်သိမ်းမည်ဟု စစ်ကောင်စီတပ်က ခြိမ်းခြောက်ခဲ့ပြီး မွန်းလွဲ ၁နာရီနောက်ပိုင်း ဆိုင်ပြန်ဖွင့်သူတစ်ချို့ရှိကြသလို မဖွင့်ဘဲ တစ်နေ့လုံး ပိတ်ထားသူတွေလည်းရှိကြပါတယ်။ ၁နာရီနောက်ပိုင်း ပိတ်ထားသောဆိုင်ခန်းများကို စစ်ကောင်စီတပ်သားများက ဓါတ်ပုံတွေလိုက်ရိုက်ခဲ့ပြီး ယနေ့တွင် စာတွေကပ်ကာ ချိတ်ပိတ်လိုက်ခြင်းဖြစ်သည်။ ချိတ်ပိတ်ခံရတဲ့ ဆိုင်ခန်းပိုင်ရှင်တွေကိုလည်း စစ်ကောင်စီတပ်ဖွဲ့၀င်တွေက ရဲစခန်းသို့ ခေါ်ဆောင်ကြပြီး ယခုအချိန်အထိ ပြန်လည်လွတ်မြှောက်လာခြင်းရှိမရှိမသိရှိရသေးပေ။ CNF ဌာနချုပ်တိုက်ခိုက်ခံရမှု ၀မ်းနည်းကြောင်းပြသမှုကြောင့် ဆိုင်ခန်းတွေချိတ်ပိတ်ခြင်းဖြင်သော်လည်း စစ်ကောင်စီတပ်သားတွေကပ်ထားသော စာထဲမှာမူ “အကြမ်းဖက်မှုကျူးလွန်းသူ တစ်ဦးကို ပုန်းအောင်းခွင့်ပေးခြင်းကြောင့်…” ဟု ရေးထားသည်ကို တွေ့ရပါတယ်။

ဟားခါး ဆိုင်မဖွင့်သူများကို ဆိုင်သိမ်းမည်ဟု စကစတပ်ဖွဲ့ ခြိမ်းခြောက်

ချင်းပြည်နယ်၊ ဟားခါးမြို့တွင်း ဈေးဆိုင်မဖွင့်သူများကို ဆိုင်သိမ်းမယ်လို့ စစ်ကောင်စီတပ်သားများက ဟားခါးမြို့တွင်း၌ ကားဖြင့်လှည့်လည် လိုက်အော်နေကြတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။ “အခု စစ်ကောင်စီတပ်သားတွေ ကားနဲ့ လိုက်အော်နေကြတယ်။ အကြမ်းဖက်အားပေးပြီး ဆိုင်မဖွင့်သူများကို ဆိုင်သိမ်းမယ် လို့ လိုက်အော်နေကြတာ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ CNF/A ဌာနချုပ် Camp Victoria လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ကျဆုံးသွားသော ရဲဘော်များအတွက် ၀မ်းနည်းကြောင်းပြသသည့်အနေနဲ့ ယနေ့ ဇန်နဝါရီ ၁၁ရက်နေ့ တွင် ဟားခါးမြို့တွင်း ဈေးဆိုင်အကုန်လုံး ပိတ်ထားကြပါတယ်။

၂၀၂၂ခုနှစ်အတွင်း ဟားခါးမြို့နယ်မှာ အပြစ်မဲ့ပြည်သူ ၉ဦး သေဆုံးခဲ့

၂၀၂၂ခုနှစ်အတွင်း ဟားခါးမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့ရဲ့ လက်နက်ကြီးနဲ့ သေနက်ပစ်ခတ်မှုကြောင့် အပြစ်မဲ့ပြည်သူ ၉ ဦး သေဆုံးခဲ့ကြပါတယ်။ မတ်လ ၄ရက်နေ့မှာ ဟားခါးမြို့နယ်၊ ချွန်ကျုံးရွာသား ဦးရွန်ဟူး (၄၉)နှစ်အား စစ်ကောင်စီတပ်သားများက ရွာအတွင်း ၎င်းရဲ့နေအိမ်အနီး၌ ပစ်သတ်ခဲ့ကြပြီး လူနေအိမ် ၁၀၀ ကျော်ကို ဖောက်ထွင်းကာ ပစ္စည်းအများအပြားခိုးယူသွားခဲ့ကြပါတယ်။ ဇူလိုင်လ ၂၅ရက်နေ့တွင် ဟားခါးမြို့နယ်၊ နှီယာလောန်ကျေးရွာတွင် မူကြိုကျောင်းကလေးတွေ ကယ်ထုတ်ဖို့သွားရောက်တဲ့ ဆလိုင်းမန်လျန်ဆန် (၂၂)နှစ်အား စစ်ကောင်စီတပ်သားတွေက ပစ်သတ်ခဲ့ကြပါတယ်။ ဩဂုတ် ၁၀ရက်နေ့တွင် ဟားခါးစစ်ကောင်စီတပ်ပစ်ခတ်သော လက်နက်ကြီး နှီယာလောန်‌ကျေးရွာ နေအိမ်တစ်လုံးပေါ်သို့ ကျရောက်ပေါက်ကွဲပြီး ဒေါ်ချာနှဲမ် (၅၅)နှစ် သေဆုံးသွားခဲ့သည်။ ဩဂုတ် ၁၂ ရက်နေ့တွင် ဟားခါးမှ ဂန့်ဂေါ်ဖက်သို့ထွက်ခွာသော ပါဂျေရိုအိမ်စီးကားတစ်စီး ဟားခါးမြို့နှင့် ၄မိုင်ခန့်အကွာတွင် ပစ်ခက်ခံရလို့ ကလေးတစ်ယောက်မိခင် ဒေါ် […]

၂၀၂၂ ခုနှစ် ချင်းပြည်နယ်အတွင်း ကြုံတွေ့ခဲ့ရသော ဖြစ်ရပ်ဆိုးများ

၂၀၂၂ ခုနှစ်အတွင်း ချင်းဂျာနယ်သတင်းမှာ ဖော်ပြခဲ့တဲ့ ချင်းပြည်နယ်အတွင်း ဖြစ်ပျက်ခဲ့သော အပြစ်မဲ့ပြည်သူသေဆုံးမှု၊ နေအိမ်နဲ့ ဘုရားကျောင်းမီးရှိုဖျက်ဆီးခံရမှု၊ စစ်ဘေးရှောင်နှင့် စစ်ဘေးဒုက္ခသည်တွေနယ်စပ်ဖြက်ကျော်ထွက်ပြေးခဲ့ရသည့်သတင်းနှင့် အခြားမှတ်သားဖွယ်ရာသတင်းများကို စုစည်းတင်ပြထားတာဖြစ်ပါတယ်။ ချင်းဂျာနယ်မှာ တင်ဆက်ထာတဲ့သတင်းတွေသာ တင်ပြထားတာဖြစ်သည့်အတွက် ချင်းပြည်နယ်အတွင်းအခြားမြို့နယ်များက အဖြစ်ပျက်တွေကို လက်လှမ်းမမှီတာတွေလည်း ရှိနိုင်ပါတယ်။ အထူးသဖြင့် လစဉ်တိုက်ပွဲဖြစ်ပွားသည့်မြို့နယ်အပိုင်းမှာ မဖော်ပြမိတာတွေလည်း ရှိနိုင်ပါတယ်။ စစ်အာဏာရှင်လက်အောက်မှာ ၂၀၂၂ ခုနှစ်အတွင်း ချင်းပြည်သူတွေ ကြုံတွေ့ခဲ့ရတဲ့ ဖြစ်စဉ်များကို လစဉ်အလိုက် တင်ပြပေးပါတယ်။ ဇန်န၀ါရီ ဇန်န၀ါရီ ၃ရက်နေ့မှာ ထန်တလန်မြို့တွင်း လူနေအိမ်တွေ ထပ်မံမီးရှို့ခံခဲ့ရပါတယ်။ ဇန်န၀ါရီ ၇ရက်နေ့တွင် မတူပီမြို့နယ်မှာ စစ်ကောင်စီတပ်သားတွေက သတင်းထောက် ဉီးသွီးဒီမ် (၅၅)နှစ်နှင့် ၁၃နှစ်အရွယ် ကလေးတစ်ယောက် အပါအ၀င် စစ်ဘေးရှောင် ၁၀ဉီးကို လမ်းပြအဖြစ်ခေါ်ဆောင်ပြီး ရက်ရက်စက်စက်သတ်ဖြတ်ခဲ့ကြပါတယ်။ ဇန်န၀ါရီ ၂၉ရက်နေ့တွင် အိန္ဒိယ-မြန်မာနယ်စပ် […]

တာဟန်းတွင် စကစတပ်သားတွေ ပစ်ခတ်လို့ ချင်းအမျိုးသားတစ်ဦး သေဆုံး

ယနေ့ ဒီဇင်ဘာ ၂၄ရက် နေ့လယ်ပိုင်း ၁၁နာရီခွဲခန့်က ကလေးမြို့၊ တာဟန်းရပ်ကွက် ၀ယ်စလီဆေးရုံလမ်းခွဲတွင် ဆိုင်ကယ်စီးလာကြတဲ့ ချင်းအမျိုးသား ၂ဦးအား စကစတပ်သားများက သေနက်နဲ့ ပစ်ခတ်လို့ ဦးသရန်ဇေထန်း (၃၅)နှစ် သေဆုံးသွားကြောင်း သတင်းရရှိသည်။ ဦးသရန်ဇေထန်းနှင့် အတူလိုက်ပါတဲ့ အမျိုးသားတစ်ဦးလည်း ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောပါတယ်။ “သူတို့က ကလေးမြို့နယ် ပျဉ်းခုံကြီးရွာက သာမန်ပြည်သူတွေပါ။ ဦးသရန်ဇေထန်းက ရင်အုံမှာထိပြီး နေရာမှာပဲ သေသွားတယ်။ သူနဲ့လိုက်ပါတဲ့ တစ်ယောက်လည်း ဒဏ်ရာရရှိတယ်။ ဦးသရန်ဇေထန်း အလောင်းကိုတော့ ရွာဖက်ကို သယ်သွားကြပြီလို့ သိရတယ်” လို့ ပြောပါတယ်။ မနက်ပိုင်း ၁၀နာရီခွဲခန့်တွင် တာဟန်းမီးပ္ပိုင့်ရှိ စစ်ကောင်စီတပ်ဖွဲ့အား CDF-KKG တပ်ဖွဲ့ ၀င်များက သွားရောက်တိုက်ခိုက်ပြီး စစ်ကောင်စီတပ်သားတွေရဲ့ သေနက်တစ်လက်သိမ်းဆည်းခဲ့သည်။ CDF-KKG တပ်ဖွဲ့ ၀င်များရဲ့ […]

က‌လေးမြို့ တာဟန်းရပ်ကွက်မှာ အမျိုးသားတစ်ဦး ပစ်ခတ်ခံရ

ယနေ့ နေ့လယ်ပိုင်း ၁၁နာရီခွဲခန့်က ကလေးမြို့၊ တာဟန်းရပ်ကွက်မှာ ဆိုင်ကယ်နဲ့ အမျိုးသားတစ်ဦး ပစ်ခတ်ရလို့ ၎င်းဆိုင်ကယ်နှင့်အတူ လဲကျသွားပြီး သေဆုံးခြင်းရှိမရှိ မသိရှိရသေးကြောင်း ဒေသခံတွေက ပြေပါတယ်။ ဝီစလီဆေးရုံလမ်းခွဲမှာ ကင်းထိုင်တဲ့ စစ်ကောင်စီတပ်သားများက ပစ်ခတ်ခြင်းဖြစ်ကြောင်း၊ အခင်းဖြစ်ပွားချိန်တွင် တာဟန်း၌ စစ်ကောင်စီနှင့် တော်လှန်ရေးတပ်ဖွဲ့အကြားပစ်ခတ်မှုမရှိကြောင်း ဒေသံတစ်ဦးကပြောပါတယ်။ ယနေ့ မနက်ပိုင်း ၁၀ နာရီခွဲခန့်တွင် ကလေးမြို့၊ တာဟန်းမီးပ္ပိုင့်ရှိ စစ်ကောင်စီတပ်သားများအား CDF-KKG တော်လှန်ရေးတပ်ဖွဲ့မှ ၀င်ရောက်စီနင်းခဲ့ကြောင်း CDF-KKG မှ ထုတ်ပြန်ချက်အရ သိရသည်။ မီးပ္ပိုင့်ရှိ စစ်ကောင်စီတပ်သားများက CDF-KKG တပ်ဖွဲ့၀င်များချဉ်းကပ်လာသည်ကို မြင်တွေ့ခဲ့ပြီး သေနက်ထားခဲ့ကာ ထွက်ပြေးကြကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ တာဟန်းမီးပ္ပိုင့်စီးနင်းမှုတွင် CDF-KKG တပ်ဖွဲ့က စစ်ကောင်စီတပ်သေနက် ၁လက်၊ ကျည်ဘောက် ၁ခုနှင့် ကျည်ဆံ ၆၀ […]

ဂန့်ဂေါ်တွင် သာမန်ချင်းအမျိုးသားတစ်ဦးပစ်သတ်ခံရ၊ PDF ဟုသတင်းတုလွှင့်

မနေ့ ဒီဇင်ဘာ ၁၅ရက်၊ ညနေပိုင်း ၃နာရီခန့်တွင် ချင်းပြည်နယ်၊ မတူပီမြို့နယ်မှ ဂန့်ဂေါ်မြို့သို့ အလည်သွားရောက်သော ဆလိုင်းရွှေဘိလျန်အား အမှတ် (၁) ဂန့်ဂေါ်စစ်ဆေးရေးဂိတ်တွင် စကစတပ်သားတွေက ပစ်သတ်ပြီး စကစအာဘော် သတင်းချာနယ်များတွင် PDF ဟုသတင်းတုလွှင့်ခဲ့ကြသည်။ ဆလိုင်းရွှေဘီလျန်သည် မတူပီမြို့နယ်၊ ဇိုတုန်နယ်အတွင်းရှိ တိန်ဆီးကျေးရွာတွင် နေထိုင်သောသာမန်ပြည်သူတစ်ဦးဖြစ်ပြီး ဂန့်ဂေါမြို့ပေါ်တွင်နေထိုင်သည့် အဒေါ်ဖြစ်သူထံသို့ အလည်လာရောက်သူဖြစ်သည်။ “KPK ဆီဆိုင်သို့ ဆိုင်ကယ်ဆီထည့်ရန်သွားနေစဉ် ဆိုင်ကယ်မရပ်ဘဲမောင်းမိရာက စခများက ပစ်ခတ်ခဲ့သဖြင့် ချင်းအမျိုးသားတစ်ဦးဖြစ်သူ ရွှေဘိလျန်သည် ယင်းအမှတ် (၁) ဂိတ်အနီးတွင်ပင် ဆုံးသွားကြောင်းသိရသည်” ဟု ဒေသတွင်း သတင်းချာနယ်တစ်ခုဖြစ်သည့် ယောအလင်းတန်းက ဖော်ပြထားပါတယ်။ ဆလိုင်းရွှေဘိလျန် ပစ်သတ်ခံရသည့်ကိစ္စနဲ့ပတ်သက်ပြီး CDF-Zotung က ၀မ်းနည်းကြောင်းထုတ်ပြန်ထားပါတယ်။ “အပြစ်မဲပြည်သူတစ်ဦးဖြစ်သည့် ဆလိုင်းရွှေဘိလျန်သည် ၁၅၊ ၂၁၊ ၂၀၂၂ တွင် […]

ဟားခါးမြို့မှာ ပစ်ခတ်မှု ဖြစ်ပွားပြီး နေအိမ်တစ်လုံး မီးရှို့ဖျတ်ဆီးခံရ

ချင်ပြည်နယ်၊ ဟားခါးမြို့၊ မြို့ဟောင်းရပ်ကွက်တွင် ဒီဇင်ဘာ ၁၁ရက်နေ့ ည ၈နာရီခန့်က ပစ်ခတ်မှုဖြစ်ပွားပြီး မြို့ဟောင်းအောက်ပိုင်း ဟိုင်ထလန်းအနီးက လူနေအိမ်တစ်လုံး မီးရှို့ဖျတ်ဆီးခံရကြောင်း သိရသည်။ “ပစ်ခတ်မှုက မိနစ်ပိုင်းပဲကြာတယ်။ နေအိမ်တစ်လုံး မီးလောင်သွားတယ်။ ဘာကြောင့်လောင်သွားလဲတော့မသိဘူး။ ကျနော်တို့လည်း အပြင်မထွက်ရဲဘူး။ ၂၆၆ တပ်စခန်းကနေ လက်နက်ကြီးပစ်ခတ်သံတွေ ကျနော်တို့ကြားရတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ အဆိုပါ ပစ်ခတ်မှုတွင် စကစဖက်၌ ထိခိုက်သေဆုံးမှုရှိကြောင်း ပြောဆိုကြသော်လည်း ချင်းဂျာနယ်နေနဲ့ သီးခြားအတည်ပြုနိုင်ခြင်းမရှိပေ။ နေအိမ်တစ်လုံး မီးလောင်မှုနဲ့ ပတ်သက်ပြီး စကစတပ်သားများက ရည်ရွယ်ချက်ရှိရှိ မီးရှို့ခြင်းဖြစ်ကြောင်း၊ အိမ်ပိုင်ရှင် မိသားစု ၆ဦးဟာ နေထိုင်စရာနေရာမရှိတော့ကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

သိက္ခာတော်ရ ဆရာတော်ကို စကစက အလုပ်ကြမ်းနှင့် ထောင်ဒဏ်နှစ် ၂၀ ချ

မန္တလေးမြို့၊ ဖလမ်းနှစ်ခြင်းခရစ်ယာန်အသင်းတော်မှ သင်းအုပ်ဆရာတော်ကြီး သိက္ခာတော်ရဆရာ သျှန်းလျှန်ဆန်း (Rev- Thian Lian Sang) ကို စစ်ကောင်စီက ယမန်နေ့ဒီဇင်ဘာလ ၇ ရက်နေ့က အလုပ်ကြမ်းနှင့် ထောင်ဒဏ် နှစ် ၂၀ ကျော် အမိန့်ချမှတ်လိုက်သည်ဟု သိရသည်။ သိက္ခာတော်ရဆရာ သျှန်းလျှန်ဆန်းကို စစ်ကောင်စီတပ်ဖွဲ့က ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့က မန္တ လေးမြို့နေအိမ်တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ယခုနှစ်ဇွန်လ ၁၅ ရက်နေ့က ပုဒ်မ ၅၀၅(က) ဖြင့်အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ နှစ်ချမှတ်ခဲ့ပြီးနောက် ဒီဇင်ဘာလ ၇ ရက်နေ့တွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ၄၉ (က) ဖြင့်အလုပ်ကြမ်းနှင့် ထောင်ဒဏ် နှစ် ၂၀ ထပ်မံချမှတ်ကာ စုစု ပေါင်းထောင်ဒဏ် […]

စစ်ကောင်စီတပ်သားများ ရမ်းသမ်းပစ်ခတ်လို့ အမျိုးသမီးတစ်ဦး ကျည်ထိဒဏ်ရာရ

မနေ့ နို၀င်ဘာ ၇ရက် ညပိုင်း ၈နာရီခွဲခန့်တွင် ဟားခါးမြို့၊ ဟားခါးထာရ်ရပ်ကွက်ရှိ ၆-လမ်းဆုံ စစ်ဆေးရေးဂိတ်တွင် တာ၀န်ကျသော စစ်ကောင်စီတပ်သားများက သေနက်ရမ်းသမ်းပစ်ခတ်လို့ အသက် ၆၀နှစ် ဒေါ်ဖာရ်ကြန် ကျည်ထိဒဏ်ရာရရှိပြီး ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သတင်းရရှိသည်။ “ဂိတ်‌စောင့် စစ်သားတွေ အရက်မှုးပြီး ရမ်းသမ်းပစ်ခတ်တာထင်တယ်။ ရပ်ကွက်အတွင်း လူနေအိမ်တွေ ထိသွားတယ်။ အိမ်ထဲမှာနေတဲ့ အမျိုးသမီးတစ်ဦး ကျည်ထိပြီး ဆေးရုံပို့ထားတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ စစ်ကောင်စီတပ်သားများက သေနက်ရမ်းသမ်းပစ်ခတ်နေချိန်တွင် ဟားခါးမြို့၌ တိုက်ပွဲဖြစ်ပွားခြင်း မရှိဘူးလို့ သိရပါတယ်။ နို၀င်ဘာ ၆ရက်နေ့တွင်လည်း ဟားခါးမြို့၊ ဈေးသစ်ရပ်ကွက်၊ ကညနရုံးအနီးတွင် စစ်ကောင်စီတပ်သားများက ဆိုင်ကယ်စီးလာသော သာမန်အမျိုးသားတစ်ယောက်အား တားဆီးပြီး CNA တပ်ဖွဲ့၀င်ဟုစွပ်စွဲကာ ရိုက်နှပ်ခဲ့သည်။ စစ်ကောင်စီတပ်သားများက အဆိုပါအမျိုးသားအား သွားတစ်ချောင်းကျိုးသွားသည့်အထိ ရိုက်နှပ်ပြီးနောက် […]