ဖလမ်းမြို့တိုက်ပွဲ စစ်ကောင်စီတပ်သား ၆ဦး သေဆုံး

ချင်းပြည်နယ်၊ ဖလမ်းမြို့အ‌ခြေစိုက် စစ်ကောင်စီတပ်ရဲ့ ခလရ (၂၆၈) တပ်ရင်းကို ယနေ့ နံနက်အစောပိုင်းတွင် ချင်းအမျိုးသားတပ်မတော် (CNA) နဲ့ CDF-KKG ပူးပေါင်းတပ်ဖွဲ့က ၀င်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၆ဦးသေဆုံးပြီး လက်နက်တွေသိမ်းဆည်းရမိကြောင်း သိရှိရပါတယ်။

နံနက်အစောပိုင်း ၁နာရီ၀န်းကျင်တွင် CNA နဲ့ CDF-KKG တပ်ဖွဲ့၀င်တွေက စစ်ကောင်စီစခန်းကို တိုက်ခိုက်ခဲ့ရာ နံနက် ၂နာရီခွဲအထိ တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။

၂နာရီခွဲကြာဖြစ်ပွားသော တိုက်ပွဲတွင် စစ်ကောင်စီဖက်က စစ်သား ၆ဦး သေဆုံးပြီး ၈ဦး ဒဏ်ရာရရှိကြတယ်လို့ မြေပြင်သတင်းအရင်းအမြစ်တစ်ဦးက ပြောပါတယ်။ တော်လှန်ရေးပူးပေါင်းတပ်ဖက်တွင် CDF-KKG ရဲဘော်တစ်ဦး အသက်ပေးကျဆုံးသွားပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ရဲ့ MA3 ၄လက်၊ ၆၀မမ ၃လက်၊ စက်သေနက် ၂လက်၊ RPG လောင်ချာ ၂ခုနဲ့ ပွိုင့်-၅ စက်သေနက် ကျည်များကို CNA နဲ့ CDF-KKG တပ်ဖွဲ့၀င်တွေက သိမ်းဆည်းခဲ့ပါတယ်။

တိုက်ပွဲဖြစ်ပြီးနောက်ပိုင်းတွင် ဖလမ်းမြို့ စစ်ကောင်စီတပ်က ကျေးရွာဖက်ကို လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်သည့်အပြင် ဖလမ်းနဲ့ ၂၂ မိုင်ခန့်အကွာတွင် တည်ရှိသည့် ရမ်ထလိုကျေးရွာကို တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ ၇ဦး ဒဏ်ရာရရှိကြပြီး လူနေအိမ် ၂လုံးနဲ့ ရမ်ထလိုနှစ်ခြင်းဘု‌ရားကျောင်း ပျက်စီးသွားပါတယ်။