ထန်တလန်တိုက်ပွဲတွင် လက်နက်ခဲယမ်းများကို CNAပူးပေါင်းတပ် သိမ်းဆည်း

ထန်တလန်မြို့ စစ်ကောင်စီတပ်ဖွဲ့ ရဲ့ ဟောင်ကာဘုံး (Haukabung) စခန်းကို ချင်းအမျိုးသားတပ်မတော် (CNA)၊ CDF-Thantlang၊ CDF-Hualngoram နဲ့ CDF-Zophei ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး လက်နက်ခဲယမ်းတစ်ချို့ကိုလည်း သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရပါတယ်။ ဩဂုတ်လ ၁၄ရက်နေ့ နံနက်ပိုင်းက CDF နဲ့ CNA ပူးပေါင်းတပ်ဖွဲ့က ဟောင်ကာဘုံးစခန်းကို ၀င်ရောက်စီးနင်းခဲ့ရာ စစ်ကောင်စီတပ်သား ၃ဦး သေဆုံးပြီး ၂ကို အရှင်ဖမ်းမိခဲ့ပါတယ်။ အဆိုပါ စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ရဲ့ သေနတ် ၃လက်နဲ့ RPG ၂လက်အပြင် အခြားလက်နက်ခဲယမ်းတစ်ချို့ကို CNA နဲ့ CDF ပူးပေါင်းတပ်ဖွဲ့က သိမ်းဆည်းနိုင်ခဲ့ပါတယ်။ အထိနာသော စစ်ကောင်စီတပ်က ဟားခါးမြို့ကနေ လက်နက်ကြီးတွေနဲ့ ပစ်ကူပေးခဲ့သည့်မပြင် တိုက်လေယာဉ်နဲ့ပါ CNA နဲ့ CDF တွေကိုလာရောက် ပစ်ခတ်ခဲ့ပါတယ်။ […]

ထန်တလန်မြိုနယ် သီလိမ်စစ်‌ဆင်ရေးမှာ စကစတပ်သား ၁၅ဦး သေဆုံးပြီး

CDF-Thantlang၊ CDF-Zohpei နဲ့ ချင်းအမျိုးသားတပ်မတော် (CNA) တို့ ပူးပေါင်းဆင်နွဲခဲ့တဲ့ ထန်တလန်မြို့နယ်အတွင်း သီလိမ်စစ်ဆင်ရေး (Tilim Operation) မှာ စစ်ကောင်စီတပ်သား ၁၅ဦး သေဆုံးခဲ့ပြီး ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဖက်တွင် ၄ဦး ကျဆုံးခဲ့ကြောင်း CDF-Thantlang က အသိပေးထုတ်ပြန်ပါတယ်။ သီလိမ်စစ်‌ဆင်ရေးကို ဇူလိုင်လတွင် စတင်ခဲပြီးယင်းစစ်ဆင်းရေးအတွင်း ထန်တလန်မြို့နယ်ထဲရှိ စစ်ကောင်စီတပ်ဖွဲ့ရဲ့ အော်တိုတောင်စခန်း၊ ဟောင်ကာဘုံးစခန်း (Haukabung) နဲ့ ထန်တလန်မြို့ထဲရှိ စစ်ကောင်စီတပ်ခြေကုတ်ယူထားသည့် TCB၊ TABC နေရာတို့ကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ ဩဂုတ်လ ၁၄ရက်နေ့ နံနက်ပိုင်းတွင်ဖြစ်ပွားခဲ့တဲ့ ဟောင်ကာဘုံး တိုက်ပွဲတွင် အဆိုပါစခန်းကို ချင်းကာကွယ်‌ရေးပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီစစ်သား ၂ဦးကိုလည်း အရှင်ဖမ်းမိခဲ့ပါတယ်။ ရက်ပေါင်း ၃၇ ကြာမြင့်ပြီဖြစ်တဲ့ သီလိမ်စစ်ဆင်ရေးတွင် စစ်ကောင်စီဖက်က စစ်သား ၁၅ဦး […]

ထန်တလန် စကစ စခန်းတစ်ခုကို သိမ်းပိုက်ပြီး တပ်သား ၂ဦးဖမ်းမိ

ချင်းပြည်နယ်၊ ထန်တလန်မြို့က စစ်ကောင်စီ စခန်းတစ်ခုကို ချင်းအမျိုးသားတပ်မတော် (CNA)၊ CDF-Thantlang နဲ့ CDF-Zophei ပူးပေါင်းတပ်ဖွဲ့က ယနေ့မနက်ပိုင်းတွင် သိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ၂ကို အရှင်ဖမ်းမိကြောင်း ချင်းအမျိုးသားတပ်ဦး (CNF) ကထုတ်ပြန်ပါတယ်။ ထန်တလန်မြို့အ၀င်နားရှိ စစ်ကောင်စီတပ်ဖွဲ့ရဲ့ တပ်ခွဲစခန်းကို CNA နဲ့ CDF ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်ခြင်းဖြစ်ပြီး စစ်ကောင်စီဖက်က ကျဆုံးမှုအခြေအနေ အတိအကျမသိရသော်လည်း စစ်ကောင်စီတပ်ဖွဲ့ရဲ့ သေနတ် ၆လက်ကို သိမ်းဆည်းနိုင်ခဲ့သည့်အပြင် စစ်သား ၂ဦးကိုလည်း အရှင်ဖမ်းမိထားတယ်လို့ ဆိုပါတယ်။ အထိနာသော စစ်ကောင်စီတပ်က ဟားခါးမြို့ကနေ လက်နက်ကြီးတွေနဲ့ ပစ်ကူပေးခဲ့သည့်မပြင် တိုက်လေယာဉ်နဲ့ပါ CNA နဲ့ CDF တွေကိုလာရောက် ပစ်ခတ်ခဲ့ပါတယ်။ တိုက်ပွဲဖြစ်ပွားရာနေရာနဲ့ ၅မိုင်အကွာတွင် တည်ရှိသည့် ခွါဖိုကျေးရွာကိုလည်း စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ […]

ကာလုံအစည်းအဝေးတက်ခဲ့တဲ့ ဒုသမ္မတဟင်နရီဗန်ထီးယူကို NLD ထုတ်ပယ်

စစ်ကောင်စီက ကျင်းပခဲ့တဲ့ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေး အစည်းအဝေးတွင် တက်ရောက်ခဲ့သော ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယိုကို NLD ပါတီဝင်အဖြစ်မှ ထုတ်ပယ်ကြောင်း ယနေ့ သြဂုတ်လ (၉) ရက် ရက်စွဲနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဗဟိုအလုပ်ကော်မတီက ထုတ်ပြန်ပါတယ်။ နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှုကို ကျူးလွန်ခဲ့သော အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ အာဏာသိမ်းမှုကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ နှင့် ဒုဥက္ကဌ များအပါအဝင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် (၉) ဦး တို့မှာ ကိုယ်တိုင်ဆန့်ကျင်သဖြင့် မတရားဖမ်းဆီးခံနေရသည့်နည်းတူ အဆင့်ဆင့်သောပါတီဝင် အများအပြား တို့သည်လည်း အကျဥ်းထောင်အသီသီးတွင် မတရားဖမ်းဆီးချုပ်နှောင်ခံနေရပါသည်။ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဉာဏ်ဝင်းသည် လုံလောက်သော ဆေးကုသခွင့်မရရှိသည့်အတွက် အကျဥ်းထောင်တွင်း ကျဆုံးခဲ့ရပါသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီသည် ဒီမိုကရေစီလိုလားသော ပြည်ထောင်စုတစ်ဝန်းလုံးမှ တိုင်းရင်းသားပြည်သူ တစ်ရပ်လုံးနှင့်အတူ ရင်ဆိုင် ရပ်တည်လျက်ရှိနေပါသည် ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။ ဦးဟင်နရီဗန်ထီးယူသည် […]

ကန်ပက်လက်မှာ တိုက်ပွဲဆက်လက်ဖြစ်ပွား၊ စကစ ၃ဦးသေဆုံး

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့နဲ့ CDF-ကန်ပက်လက်တပ်ဖွဲ့အကြား တိုက်ပွဲဆက်လက်ဖြစ်ပွားပြီး စစ်ကောင်စဘက်တွင် စစ်သား ၃ဦး သေဆုံးပြီး CDF-ကန်ပက်လက်ဘက်တွင် ရဲဘော်တစ်ဦး ဒဏ်ရာရရှိတယ်လို့ CDF-ကန်ပက်လက်က ယနေ့ညတွင် ထုတ်ပြန်ပါတယ်။ ကျင်ဒွေးမြို့သို့ ရိက္ခာပို့ရန် ထွက်ခွာလာသော အင်အား ၃၀၀ ကျော် ပါရှိသည့် စစ်ကောင်စီစစ်ကြောင်းနဲ့ CDF-ကန်ပက်လက်တပ်ဖွဲ့တို့အကြား အုံလမ်းခွဲတွင် ဇူလိုင်လ ၂၄ရက်နေ့ ညနေ ၅ နာရီမှ ၅ နာရီခွဲအတွင်း တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီစစ်သား ၃ဦး သေဆုံးတယ်လို့ ဆိုပါတယ်။ ဇူလိုင်လ ၂၅ရက်နေ့ နံနက်ပိုင်း ၈နာရီအချိန်တွင်လည်း နတ်စင်ကုန်းအနီးတွင် စစ်ကောင်စီတပ်နဲ့ CDF-ကန်ပက်လက်တပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး CDF-ကန်ပက်လက်မှ ရဲဘော် တစ်ဦး မစိုးရိမ်ရတဲ့ ဒဏ်ရာရရှိထားတယ်လို့ ဖော်ပြထားပါတယ်။ နှစ်ဖက်တိုက်ပွဲအတွင်း ထိခိုက်ဒဏ်ရာရရှိမှု၊ ကျဆုံးမှုနဲ့ ပတ်သက်လို့ […]

ဟားခါး-ထန်တလန်အကြား အော်တိုတောင်ကို စစ်ကောင်စီ သိမ်းပိုက်

ဟားခါး-ထန်တလန်အကြားရှိ အော်တိုတောင်ကို ဇူလိုင်လ ၂၀ရက် မနေ့ နံနက်ပိုင်းက အကြမ်းဖက်စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း သတင်းရရှိပါတယ်။ အော်တိုတောင်ဟာ ထန်တလန်နဲ့ ၅မိုင်ခန့်အကွာတွင်တည်ရှိပြီး ထန်တလန်အတွက် စစ်ရေးဗျူဟာအရ အရေးပါသော နေရာတစ်ခုဖြစ်ပါတယ်။ မနေ့ နံနက်ပိုင်း ၄နာရီတွင် စစ်ကောင်စီတပ်ဖွဲ့က အော်တိုတောင်ကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ ချင်းပူးပေါင်းတပ်ဖွဲ့၏ သေနတ် ၁၀လက်၊ RPG တစ်လက်နဲ့ အခြားစစ်အသုံးဆောင်ပစ္စည်းတစ်ချို့ကို သိမ်းပိုက်ခဲ့တယ်လို့ စစ်ကောင်စီအာဘော် သတင်းစာမျက်နှာများတွင် ဖော်ပြထားပါတယ်။ အော်တိုတောင် လက်လွှတ်ခဲ့ရသည့် ကိစ္စနဲ့ပတ်သက်လို့ ထန်တလန်ရှေ့တန်းရောက် ချင်းတော်လှန်ရေးတပ်ဖွဲ့၀င်တစ်ဦးက ချင်းဂျာနယ်သို့ အတည်ပြု‌ထားပြီး ချင်းပူးပေါင်းတပ်ဖက်၌ ကျဆုံးဒဏ်ရာရရှိမှုတော့ မရှိဘူးလို့ ပြောပါတယ်။

အိမ်နီးချင်းနိုင်ငံရဲ့ နိုင်ငံရေး မစွပ်ဖက်ရန် CNF တိုက်တွန်း

မြန်မာနိုင်ငံရဲ့ လက်ရှိအခြေနေကြောင့် အိမ်နီးချင်းနိုင်ငံများတွင် ခိုလှုံနေထိုင်ကြသော ချင်းလူမျိုးတွေအနေနဲ့ မိမိခိုလှုံနေထိုင်ရာ နိုင်ငံရဲ့ နိုင်ငံရေးကိစ္စမှာ ၀င်ရောက်စွပ်ဖက်ခြင်းမပြုလုပ်ရန်နဲ့ အဆိုပါနိုင်ငံရဲ့ နိုင်ငံသားစီစစ်ရေးကဒ်များကို တရားမ၀င်သော နည်းလမ်းဖြင့် ရယူပိုင်ဆိုင်မှုမျိုး မပြုလုပ်ကြရန် ချင်းအမျိုးသားတပ်ဦး (CNF) က ချင်းပြည်သူတွေကို တိုက်တွန်းပါတယ်။ ထို့အပြင် သူများနိုင်ငံရဲ့ ဉပဒေစိုးမိုးရေးကို ထိခိုက်စေမည့် တရားမ၀င်သော လုပ်ငန်းများတွင် ပူးပေါင်းပါ၀င်ပတ်သက်ခြင်း မပြုလုပ်ကြရန်လည်း CNF က တိုက်တွန်းလိုက်ပါတယ်။ အထူးသဖြင့် ချင်းလူမျိုးများခိုလှုံရာ အိမ်နီးချင်းနိုင်ငံသို့ မှုးယစ်ဆေးဝါး တင်သွင်းခြင်းကို CNF နဲ့ မိတ်ဖက်အဖွဲ့အစည်းတွေက လုံး၀သည်းခံမှာ မဟုတ်ဘူးလို့ ‌CNF က အသိပေးပါတယ်။ အိမ်နီးချင်းနိုင်ငံများတွင် ချင်းလူမျိုးများ လုံခြုံစိတ်ချစွာခိုလှုံနေထိုင်နိုင်ရေးအတွက် အိမ်နီးချင်းနိုင်ငံတွေနဲ့ ကောင်းမွန်သော ဆက်ဆံရေးတည်‌ဆောက်နိုင်ရန် CNF မှ ကြိုးစားအားထုတ်လျှက်ရှိရာမှာ ချင်းလူမျိုးများကို တန်ပြန်ထိခိုက်စေမည့် […]

တွန်းဇံတိုက်ပွဲ စကစ ၁ဦး သေဆုံးပြီး လက်နက်တစ်ချို့ သိမ်းဆည်း

ချင်းပြည်နယ်၊ တွန်းဇံမြို့ အထက ကျောင်း၌ တပ်ဆွဲသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို ယနေ ဇူလိုင် ၁၃ရက်နေ့ မနက်ပိုင်း ၁၀နာရီခန့်တွင် CDF-Tonzang တော်လှန်ရေးတပ်ဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့ရာ စကစတပ်သား တစ်ဦးသေဆုံးခဲ့ကြောင်း သိရပါတယ်။ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားချိန်ဟာ ကလေးတွေကျောင်းတက်နေချိန်ဖြစ်ပြီး ကလေးတွေထိခိုက်မှုမရှိအောင် အတက်နိုင်ဆုံးကြိုးစားတယ်လို့ CDF-Tonzang အတွင်းရေးမှူးက ပြောပါတယ်။ “စကစဖွင့်တဲ့ကျောင်းမှာ မတက်ကြဖို့ ကျနော်တို့ အကြီမ်ကြီမ် သတိပေးခဲ့ပါတယ်။ အခု ကျောင်းက စကစတွေကို ကျနော်တို့ သွားတိုက်တဲ့အချိန်မှာလည်း ကလေးတွေ ထိခိုက်မှုမရှိအောင် အတက်နိုင်ဆုံး ကြိုးစားတယ်။ ဘုရားရဲ့ကျေးဇူးတော်ကြောင့် ကလေးတစ်ယောက်မှ ထိခိုက်မှုမရှိဘူး။ ကျနော်တို့ တပ်ဖွဲ့၀င်‌တွေလည်း အထိအခိုက်မရှိ တပ်ဆုတ်နိုင်ခဲ့တယ် ” လို့ ပြောပါတယ်။ အဆိုပါတိုက်ပွဲတွင် စကစတပ်သား တစ်ဦး သေဆုံးပြီး မောင်းပြန်သေနတ် တစ်လက်နဲ့ […]

သိုင်းငင်းတိုက်ပွဲ တော်လှန်ရေးရဲဘော် ၄ဦးကျ၊ စကစဖက် သေဆုံးမှုများ

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အတွင်း ကလေး-ဟားခါးလမ်းပေါ်ရှိ သိုင်းငင်းရွာ အကြမ်းဖက်စစ်ကောင်စီစခန်းကို ယနေ့ ဇူလိုင် ၁၁ရက်နေ့ နံနက် ၅:၃၀ အချိန်တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့၀င်များက ၀င်ရောက်စီနင်းခဲ့ရာ တော်လှန်ရေးရဲဘော် ၄ဦး ကျဆုံးပြီး စကစဖက်တွင် သေဆုံးမှုနဲ့ ထိခိုက်ဒဏ်ရာရရှိမှုများပြားပြီး စကစရဲ့ လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းခဲ့ရကြောင်း CDF CDM-Siyin က ထုတ်ပြန်လိုက်ပါတယ်။ သိုင်းငင်း စကစ စခန်းစီးနင်းမှုတွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဖက်၌ CDF CDM-Siyin၊ PDF Zoland+ B5 ME၊ CNDF၊ TCDF,၊ KKG B7၊ PDA နဲ့ PDF-Kalay, S2 တပ်ဖွဲ့ ၀င်များပူးပေါင်းပါ၀င်တယ်လို့ ဖော်ပြထားပါတယ်။ နံနက်ပိုင်း ၅နာရီခွဲမှာ တိုက်ပွဲစတင်ဖြစ်ပွားပြီး နေ့လယ် ၁၂နာရီအထိ ကြာမြင့်ခဲ့ပါတယ်။ စကစဖက်မှ တိုက်လေယာဉ်နဲ့ […]

ဟားခါး-ထန်တလန်အကြားတိုက်ပွဲ စကစတပ်သား ၆ဦး သေဆုံး

ဟားခါး-ထန်တလန်အကြား သီတာနားနေစခန်းအနီးတွင် ဇူလိုင် ၇ရက်နေ့နဲ့ ၈ ရက်နေ့က ချင်းအမျိုးသားတပ်မတော် (CNA)နဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်သား ၆ဦး သေဆုံးပြီး သေနတ် ၄လက်နဲ့ လက်နက်ခဲယမ်းများကို CNA က သိမ်းဆည်းခဲ့ပါတယ်။ ဇူလိုင်လ ၈ရက်နေ့တိုက်ပွဲတွင် စစ်ကောင်စီတပ်က လေကြောင်းဖြင့် ၂ ကြိမ်ပစ်ကူပေးသည့်အပြင် ဟားခါးမြို့ကနေ လက်နက်ကြီးနဲ့လည်း ပစ်ကူပေးခဲ့ပါတယ်။ ယန်မနေ့တိုက်ပွဲတွင် အထိနာသော စစ်ကောင်စီတပ်သားများ ထွက်ပြေးခဲ့ရပြီး ထန်တလန်ဖက်ကို ထိုးဖောက်နိုင်ခြင်းမရှိဘူးလို့ သိရပါတယ်။ ယနေ့ ဇူလိုင် ၉ ရက်တွင် CNA တပ်ဖွဲ့က နယ်မြေရှင်းလင်းရေးဆောင်ရွက်ရာ စစ်ကောင်စီတပ်သား အလောင်း ၆ လောင်း၊ သေနတ် ၄ လက်နဲ့ လက်နက်ခဲယမ်းတစ်ချို့ကို သိမ်းဆည်းခဲ့ပါတယ်။